ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၅ စာ. ၁၄-၁၅
  • အရစ္စတိုတယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရစ္စတိုတယ်
  • နိုးလော့!—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျယ်ကျယ်ပြန့်ပြန့် သူလေ့လာခဲ့
  • အရစ္စတိုတယ်ကို ကက်သလစ်ဘာသာက ထောက်ခံအားပေး
  • စကြဝဠာကို ထိန်းချုပ်ထားတဲ့ နိယာမတွေကို ဘယ်သူဖန်တီးသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သိပ္ပံပညာနှင့် သမ္မာကျမ်းစာ—တစ်ခုနှင့်တစ်ခု အမှန်ပင် ဆန့်ကျင်နေပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မာတိကာ
    နိုးလော့!—၂၀၁၆
  • ယင်းကို သင်ယုံရမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၅ စာ. ၁၄-၁၅

အတိတ်မှ ပုံရိပ်များ

အရစ္စတိုတယ်

အရစ္စတိုတယ်

လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၃၀၀ ကျော်တုန်းက အသက်ရှင်ခဲ့တဲ့ အရစ္စတိုတယ်ဟာ သိပ္ပံပညာနဲ့ အတွေးအခေါ်ပညာကို အဓိက စူးစမ်းရှာဖွေခဲ့သူ ဖြစ်တယ်။ သူ့ရဲ့ ရှာဖွေတွေ့ရှိမှုတွေ၊ ရေးသားပြုစုခဲ့ရာတွေကို နှစ်ကာလတစ်လျှောက်မှာ လူများစွာ စိတ်ဝင်စားခဲ့ကြတဲ့အတွက် ဘာသာစကားအမျိုးမျိုး ပြန်ဆိုပြီး လေ့လာခဲ့ကြတယ်။ သမိုင်းပညာရှင် ဂျိမ်းစ်မက်လာလန်က “သဘာဝတရားအပေါ် အရစ္စတိုတယ်ရဲ့ အတွေးအမြင်တွေဟာ ဥရောပမှာ နှစ်ပေါင်း ၂,၀၀၀ နီးပါး လွှမ်းမိုးခဲ့တယ်” လို့ရေးသားခဲ့တယ်။ သူ့အတွေးအမြင်တချို့ဟာ ကက်သလစ်နဲ့ ပရိုတက် စတင့်သာမက အစ္စလာမ်ဘာသာရဲ့ အယူဝါဒကိုတောင် လွှမ်းမိုး နိုင်ခဲ့တယ်။

ကျယ်ကျယ်ပြန့်ပြန့် သူလေ့လာခဲ့

အရစ္စတိုတယ်ဟာ ဝိဇ္ဇာ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ လူ့ကျင့်ဝတ်၊ ဘာသာစကား၊ ဥပဒေ၊ ယုတ္တိဗေဒ၊ သံလိုက်ဆွဲအား၊ ရုပ်လွန်ပညာ၊ ရွေ့ရှားမှု၊ ပျော်ရွှင်မှု၊ ကဗျာ၊ နိုင်ငံရေး၊ စိတ်ပညာ၊ နှုတ်မှုစွမ်းရည်နဲ့ ဝိညာဉ်အကြောင်း ရေးသားခဲ့တယ်။ ဝိညာဉ်ဟာ သေတတ်တယ်လို့ သူလက်ခံခဲ့တယ်။ ဒါပေမဲ့ သူဟာ ဇီဝဗေဒနဲ့ ယုတ္တိဗေဒဆိုင်ရာ လေ့လာတွေ့ရှိမှုတွေကြောင့် အထူးသဖြင့် ထင်ရှားပါတယ်။

ရှေးဂရိပညာရှင်တွေဟာ ရှုမြင်သိမှတ်ခြင်း၊ ထုတ်ယူဆင်ခြင်ခြင်း၊ ကျိုးကြောင်းစဉ်းစားခြင်းဆိုတဲ့ စွမ်းရည်တွေကိုသုံးပြီး သဘာဝလောကအကြောင်း ရှင်းပြကြတယ်။ ရှုမြင်သိမှတ်တဲ့နည်းနဲ့ ကောက်ချက်ချထားတဲ့ အမှန်တရားတွေကို အသေအချာ ဆင်ခြင်သုံးသပ်ရင် မှန်ကန်တဲ့ကောက်ချက်တွေ ချနိုင်လိမ့်မယ်လို့ သူတို့ ယုံကြည်တယ်။

အဲဒီယူဆချက်ကြောင့် မှန်ကန်တဲ့ကောက်ချက်တချို့ ချနိုင်ခဲ့ကြတယ်။ တစ်ခုကတော့ စကြာဝဠာမှာ အခြေခံစနစ်ကျမှု ရှိတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါပေမဲ့ အဓိက ပြဿနာက သူတို့ မြင်တွေ့သိမှတ်နိုင်ရာတွေဟာ အကန့်အသတ်ပဲရှိတဲ့အတွက် သူတို့ရဲ့ ရှုမြင်သိမှတ်နိုင်စွမ်းလည်း အကန့်အသတ်ပဲ ရှိခဲ့တယ်။ ဒါကြောင့် အရစ္စတိုတယ်အပါအဝင် ပညာရှင်များစွာဟာ လွဲမှားတဲ့ကောက်ချက်တွေ ချခဲ့ကြတယ်။ ဥပမာ၊ ဂြိုဟ်နဲ့ ကြယ်တာရာတွေက ကမ္ဘာမြေကို လှည့်ပတ်နေတယ်ဆိုတဲ့ အချက်ပဲ။ အဲဒီခေတ်မှာ ဒါဟာ သက်သေသာဓကမလိုတဲ့ အမှန်တရားဖြစ်ခဲ့တယ်။ “စဉ်းစားဆင်ခြင်မှုနဲ့ အတွေ့အကြုံ နှစ်မျိုးစလုံးကြောင့် ဂရိတွေဟာ စကြာဝဠာရဲ့ အလယ်ဗဟိုမှာ ကမ္ဘာမြေ တည်ရှိတယ်ဆိုတဲ့ အမြင်ကို ယုံကြည်ခဲ့ပုံရတယ်” ဆိုပြီး စာအုပ်တစ်အုပ် (The Closing of the Western Mind) မှာ ဖော်ပြထားတယ်။

မှားယွင်းတဲ့ အဲဒီယူဆချက်ဟာ သမိုင်းတစ်လျှောက်မှာ အကြီးအကျယ် ဩဇာသက်ရောက်ခဲ့တယ်။ အကြောင်းကတော့ ကက်သလစ်ချာ့ချ်က အဲဒါကို လက်ခံပြီး ထောက်ခံအားပေးခဲ့လို့ပဲ။

အရစ္စတိုတယ်ကို ကက်သလစ်ဘာသာက ထောက်ခံအားပေး

ဥရောပအလယ်ခေတ် “ခရစ်ယာန်ဘာသာ” မှာ အရစ္စတိုတယ်ရဲ့ အတွေးအခေါ်တချို့ဟာ ယေဘုယျအမှန်တရား ဖြစ်လာခဲ့ပြီး မှန်ကန်တဲ့အရာအဖြစ် လူအများ လက်ခံခဲ့ကြတယ်။ ရိုမန်ကက်သလစ် ဓမ္မပညာရှင်တွေက အရစ္စတိုတယ် ရေးသားပြုစုခဲ့ရာတွေကို ဘာသာရေးအယူဝါဒအဖြစ် လက်ခံလိုက်ကြတယ်။ လူသိအများဆုံး ဓမ္မပညာရှင်ကတော့ သောမတ်စ်အကွီနပ်စ် (၁၂၂၄-၁၂၇၄ ခန့်) ပါပဲ။ ဒါကြောင့် စကြာဝဠာရဲ့ အလယ်ဗဟိုမှာ ကမ္ဘာမြေတည်ရှိတယ်ဆိုတဲ့ အရစ္စတိုတယ်ရဲ့ ယူဆချက်ဟာ ကက်သလစ်အယူဝါဒ ဖြစ်လာခဲ့တယ်။ အဲဒီယူဆချက်ဟာ ကျမ်းစာကို အခြေခံတယ်လို့ ပရိုတက်စတင့်ခေါင်းဆောင် ကယ်လ်ဗင်နဲ့ လူသာ ပြောခဲ့တယ်။ အဲဒါကို တခြားပရိုတက်စတင့်ခေါင်းဆောင်တွေလည်း လက်ခံခဲ့ကြတယ်။—“ကျမ်းစာကို တလွဲအဓိပ္ပာယ်ကောက်ခဲ့ကြ” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။

အရစ္စတိုတယ်ရဲ့ အတွေးအခေါ်တချို့ဟာ ယေဘုယျအမှန်တရား ဖြစ်လာခဲ့

“တချို့အပိုင်းတွေမှာ [အရစ္စတိုတယ်ရဲ့ အယူဝါဒနဲ့] ကက်သလစ်အယူဝါဒဟာ တဖြည်းဖြည်းနဲ့ ခွဲခြားမရနိုင်အောင် ဖြစ်လာတယ်” ဆိုပြီး စာရေးဆရာ ချားလ်ဖရီးမင်းက ဆိုတယ်။ ဒါကြောင့် အကွီနပ်စ်က အရစ္စတိုတယ်ကို ကက်သလစ်အယူဝါဒထဲ သွတ်သွင်းပြီး “နှစ်ခြင်း” ပေးလိုက်ပြီလို့ လူတွေ ပြောစမှတ်ပြုကြတယ်။ တကယ်တော့ “အကွီနပ်စ်ကသာ အရစ္စတိုတယ်အယူဝါဒကို လက်ခံပြီး ဘာသာပြောင်းသွားတာပါ” လို့ ဖရီးမင်း ရေးသားခဲ့တယ်။ ထပ်ဖြည့်စွက်ပြောရရင် ချာ့ချ်ကလည်း အရစ္စတိုတယ်အယူဝါဒကို အတိုင်းအတာတစ်ခုအထိ လက်ခံခဲ့တယ်။ ဒါကြောင့် အီတလီလူမျိုး နက္ခတ္တဗေဒနဲ့ သင်္ချာပညာရှင် ဂယ်လီလီယိုက နေကို ကမ္ဘာက လှည့်ပတ်နေတာပါဆိုပြီး သူ့ရှုမြင်သိမှတ်ရာကို အထောက်အထားနဲ့တကွ ရဲရဲဝံ့ဝံ့ တင်ပြလာတဲ့အခါ သူ့ကို ခုံရုံးတင်စစ်ဆေးပြီးနောက် အဲဒီတင်ပြချက်ကို ပြန်ရုပ်သိမ်းစေခဲ့တယ်။a တကယ်ဆိုရင် သိပ္ပံတွေ့ရှိချက်တွေဟာ အမြဲတိုးတက်ပြောင်းလဲနေလို့ ပြင်ဆင်တည်းဖြတ်ဖို့ လိုအပ်မယ်ဆိုတာ အရစ္စတိုတယ်ကိုယ်တိုင် အသိအမှတ်ပြုခဲ့တာပါ။ ဒီအချက်ကို ချာ့ချ်ကလည်း လက်ခံခဲ့ရင် သိပ်ကောင်းမှာပဲ။

a “ဂယ်လီလီယိုနဲ့ ချာ့ချ်ရဲ့ အတိုက်အခံ” အကြောင်းကို ဧပြီ ၂၂၊ ၂၀၀၃ ထုတ် နိုးလော့!စာစောင် [အင်္ဂလိပ်] မှာ ကြည့်ပါ။

အချက်အလက်အကျဉ်း

  • အရစ္စတိုတယ်ဟာ အသိပညာ ဆည်းပူးလိုစိတ် ပြင်းပြသူဖြစ်ပြီး “စကြာဝဠာထဲက ကြယ်နက္ခတ်တွေရဲ့ အဖိုးတန်ပုံ၊ အကျိုးကြီးပုံ၊ လှပခမ်းနားပုံကို ကြည့်ပြီး တအံ့တသြဖြစ်ခဲ့တယ်။”— Aristotle—A Very Short Introduction

  • သဘာဝတရားမှာ ထာဝရရွေ့လျားမှုကို ဖြစ်ပေါ်စေတဲ့ “အဓိကပုဂ္ဂိုလ် ဒါမှမဟုတ် အရာတစ်ခု” ရှိကြောင်း၊ အဲဒါက စကြာဝဠာရဲ့ ပြင်ပမှာတည်ရှိပြီး ကောင်းမွန်ကြောင်း အရစ္စတိုတယ် ယုံကြည်ခဲ့တယ်။

  • အရစ္စတိုတယ်ဟာ သိပ္ပံပညာရပ်နှစ်ခုဖြစ်တဲ့ ဇီဝဗေဒနဲ့ ယုတ္တိဗေဒရဲ့ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်။

  • အရစ္စတိုတယ်ဟာ နောင်တစ်ချိန်မှာ မဟာအလက်ဇန္ဒားဖြစ်လာမယ့် မက်ဆီဒိုးနီးယား လူငယ်လေးကို ပညာသင်ကြားပေးခဲ့တယ်။

စကြာဝဠာရဲ့ အလယ်ဗဟိုမှာ ကမ္ဘာတည်ရှိမှန်း ဖော်ပြထားတဲ့ ကားချပ်

ကမ္ဘာမြေဟာ စကြာဝဠာရဲ့အလယ်ဗဟိုမှာ တည်ရှိတယ်ဆိုပြီး ရှေးခေတ်ကလူတွေ ယုံကြည်ခဲ့

ကျမ်းစာကို တလွဲအဓိပ္ပာယ်ကောက်ခဲ့ကြ

အစောပိုင်း ဓမ္မပညာရှင်တချို့ဟာ ဆာလံ ၁၀၄:၅ လို ကျမ်းချက်တချို့ကို တလွဲအဓိပ္ပာယ်ကောက်ပြီး ကမ္ဘာမြေဟာ စကြာဝဠာရဲ့ ဗဟို ဖြစ်တယ်ဆိုတဲ့ အရစ္စတိုတယ်ရဲ့ အမြင်ကို စွဲကိုင်ခဲ့ကြတယ်။ အဲဒီကျမ်းချက်မှာ “[ဘုရားသခင် သည်] မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်း ငှာ တည်တော်မူသော ဘုရား ပေတည်း” လို့ဆိုထားတယ်။ ကျမ်းရေးသူက စကြာဝဠာထဲမှာ ရှိတဲ့ ကမ္ဘာမြေရဲ့ တည်နေရာ အကြောင်း ပြောနေတာ မဟုတ်ပါဘူး။ ကမ္ဘာမြေဟာ ဘုရား သခင့်ရည်ရွယ် ချက်အတိုင်း အမြဲ တည်ရှိနေမယ့်အကြောင်း ကဗျာဆန်ဆန် ဖွဲ့နွဲ့ထားတာပါ။—ဒေသနာ ၁:၄။

ကျမ်းစာမှာပါတဲ့ သိပ္ပံဆိုင်ရာ အချက်အလက်တွေ ဟာ တိကျမှန်ကန်ပါတယ်။ ဥပမာ၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၃,၅၀၀ ကျော်က ရေးခဲ့တဲ့ ယောဘကျမ်း မှာ ဘုရားသခင်က “မြေကြီးကို အခု အခံမရှိ ဆွဲထားတော်မူ၏” လို့ဖော်ပြထားတယ်။ (ယောဘ ၂၆:၇) အဲဒီအပြင် ကြယ် နက္ခတ်တွေကို ရူပနိယာမတရားတွေနဲ့ ထိန်းချုပ်ထားတဲ့ အကြောင်း ကိုလည်း ယောဘ ၃၈:၃၃ မှာ ဖော်ပြထားတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ