တိုလေဒိုမြို့ဟာ စပိန်နိုင်ငံရဲ့ သမိုင်းဝင်နေရာ၊ ယဉ်ကျေးမှုတွေ စုဆုံရာ၊ ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့နေရာ ဖြစ်တယ်။ ၁၉၈၆ မှာ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံရတယ်
သူတို့မြေ၊ သူတို့ဓလေ့
စပိန်နိုင်ငံသို့ အလည်တစ်ခေါက်
စပိန်နိုင်ငံဟာ တောတောင်ရှုခင်းလှပပြီး လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံဖြစ်တယ်။ စပိန်နိုင်ငံရဲ့ ဒေသအများစုကို ဂျုံစိုက်ခင်းတွေ၊ စပျစ်ခြံတွေ၊ သံလွင်ပင်တွေ ဖုံးလွှမ်းထားတယ်။ တောင်ဘက်မှာ ကိုးမိုင် (၁၄ ကီလိုမီတာ) လောက်ရှိတဲ့ ရေပြင်က စပိန်နိုင်ငံကို အာဖရိကတိုက်နဲ့ ခြားထားပေးတယ်။
ဥရောပရဲ့ အနောက်တောင်ထောင့်မှာရှိတဲ့ စပိန်နိုင်ငံကို ဖိုနီးရှား၊ ဂရိနဲ့ ကားသေ့ခ်ျလူမျိုးအပါအဝင် လူအတော်များများ ပြောင်းရွှေ့လာကြတယ်။ ရောမတွေဟာ ဘီစီတတိယရာစုမှာ အဲဒီဒေသကို သိမ်းပိုက်ပြီးတဲ့နောက် ဟစ္စပါနီယာလို့ နာမည်ပေးလိုက်တယ်။ နောက်ပိုင်းမှာ အဲဒီဒေသကို ဗစ်စီဂေါ့သ်နဲ့ မူအာလူမျိုးတွေ သိမ်းပိုက်ပြီးနောက် ယဉ်ကျေးမှုအမွေအနှစ်တွေ ထားရစ်ခဲ့တယ်။
၂၀၁၅ ခုနှစ်မှာ စပိန်နိုင်ငံကို လာရောက်လည်ပတ်သူ ၆၈ သန်းကျော်ရှိတယ်။ အများစုဟာ နေပူဆာလှုံဖို့၊ သာယာလှပတဲ့ကမ်းခြေတွေ၊ တိုင်းပြည်ရဲ့ အနုပညာ၊ သမိုင်း၊ ဗိသုကာအမွေအနှစ်တွေကို ကြည့်ရှုဖို့ ရောက်လာကြတယ်။ စပိန်အစားအစာဟာ ဧည့်သည်အများစုအတွက် စားချင်စရာပဲ။ အဓိကအစားအစာတွေထဲမှာ ပင်လယ်စာ၊ ဝက်ပေါင်ခြောက်၊ ပြုတ်ချက်ထားတဲ့ဟင်း၊ အသုပ်စုံ၊ သံလွင်ဆီနဲ့ ချက်ထားတဲ့၊ ဆမ်းထားတဲ့ ဟင်းသီးဟင်းရွက်တွေ ပါဝင်တယ်။ စပိန်ကြက်ဥခေါက်ကြော်၊ စပိန်ထမင်းပေါင်း၊ တာပါဟင်းတွေဟာ လူသိများတယ်။
မာရစ္စကာဒါဟင်းဟာ လူကြိုက်များတဲ့ ပင်လယ်စာဖြစ်တယ်
ဖလဲမင်ကိုအက
စပိန်လူမျိုးဟာ ဖော်ရွေပြီး ပျော်ပျော်နေတတ်တယ်။ အများစုဟာ ရိုမန်ကက်သလစ်ဘာသာဝင်တွေ ဖြစ်ပေမဲ့ မစ္ဆားပွဲတက်သူ နည်းနည်းပဲရှိတယ်။ မကြာသေးခင်နှစ်တွေမှာ အာဖရိက၊ လက်တင်အမေရိကနဲ့ အာရှက လူတွေဟာ စပိန်နိုင်ငံကို ပြောင်းရွှေ့လာကြတယ်။ လူအများစုဟာ သူတို့ရဲ့ ဘာသာရေးယုံကြည်ချက်နဲ့ ဓလေ့ထုံးစံတွေအကြောင်း ဆွေးနွေးရတာကို နှစ်သက်ကြတယ်။ ယေဟောဝါသက်သေတွေဟာ သူတို့နဲ့ ကောင်းကောင်း ပြောဆိုဆွေးနွေးနိုင်တယ်။ ကျမ်းစာသွန်သင်ချက်များစွာကို သူတို့သိအောင် ကူညီပေးနိုင်ခဲ့တယ်။
၂၀၁၅ ခုနှစ်အတွင်း ယေဟောဝါသက်သေ ၁၀,၅၀၀ ကျော်ဟာ နိုင်ငံတော်ခန်းမလို့ခေါ်တဲ့ ဝတ်ပြုရာနေရာ ၇၀ ကို ဆောက်လုပ်၊ ပြုပြင်မွမ်းမံရာမှာ ပါဝင်ကူညီခဲ့တယ်။ စည်ပင်သာယာရေးအဖွဲ့က စီမံကိန်းတချို့အတွက် မြေကွက်တွေ ပေးလှူခဲ့တယ်။ ယေဟောဝါသက်သေတွေဟာ ပြောင်းရွှေ့လာသူတွေအတွက် စပိန်စကားအပြင် ဘာသာစကား ၃၀ ကျော်နဲ့ အစည်းအဝေးတွေ ကျင်းပပေးတယ်။ ၂၀၁၆ မှာ ယေဟောဝါသက်သေတွေကျင်းပတဲ့ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို လူ ၁၈၆,၀၀၀ ကျော် တက်ရောက်ခဲ့တယ်။