ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၄ စာ. ၈
  • အံ့ဖွယ် အာတိတ်စင်ရော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အံ့ဖွယ် အာတိတ်စင်ရော်
  • နိုးလော့!—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • အံ့ဖွယ် ပင်ကိုအသိဉာဏ်
    နိုးလော့!—၂၀၀၇
  • အာတိတ် မြေအောင်း ရှဉ့်ရဲ့ ဦးနှောက်
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • မာတိကာ
    နိုးလော့!—၂၀၁၇
  • အနောက်မြောက်ဘက် ရေကြောင်းခရီး—အိပ်မက် အကောင်အထည်ပေါ်ပြီလော
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၄ စာ. ၈
အာတိတ်စင်ရော်

အံ့ဖွယ် အာတိတ်စင်ရော်

အာတိတ်စင်ရော်တွေဟာ အာတိတ်ဒေသကနေ အန္တာတိကတိုက်ကို အသွားအပြန် မိုင် ၂၂,၀၀၀ (၃၅,၂၀၀ ကီလိုမီတာ) ခန့် ပျံသန်းတယ်လို့ သိထားတာ ကြာပြီ။ တကယ်တော့ အဲဒီငှက်တွေဟာ ဒီထက်မက ပျံသန်းနိုင်မှန်း မကြာသေးခင်က တွေ့ရှိခဲ့ကြတယ်။

အာတိတ်စင်ရော်ဟာ အန္တာတိကတိုက်သမုဒ္ဒရာလမ်းကြောင်းအတိုင်း ပျံသန်း

စင်ရော်ငှက်ဟာ ပုံမှာပါတဲ့အတိုင်း ကွေ့ဝိုက်ပျံသန်း

ငှက်အတော်များများကို ခြေရာခံကိရိယာလေးတွေ တပ်ဆင်ပေးကြတယ်။ စက္ကူညှပ်ကလစ်လောက် ပေါ့တဲ့ အဲဒီကိရိယာတွေကြောင့် စင်ရော်တချို့ဟာ အသွားအပြန် ပျမ်းမျှမိုင် ၅၆,၀၀၀ (၉၀,၀၀၀ ကီလိုမီတာ) ပျံသန်းမှန်း သိရှိရတယ်။ တိရစ္ဆာန်တွေထဲမှာ ခရီးစဉ်အရှည်ဆုံး ပျံသန်းနိုင်တဲ့ငှက်ပါပဲ။ ငှက်တစ်ကောင်ဆိုရင် မိုင်ပေါင်း ၆၀,၀၀၀ (၉၆,၀၀၀ ကီလိုမီတာ) နီးပါး ပျံသန်းတယ်။ အရင်တွေ့ရှိချက်တွေနဲ့ ဘာကြောင့် ကွာနေတာလဲ။

အာတိတ်စင်ရော်တွေဟာ ဘယ်နေရာကနေ စပျံသန်းပါစေ ကွေ့ဝိုက်ပျံသန်းတယ်။ ပုံမှာပါတဲ့အတိုင်း အတ္တလန္တိတ်သမုဒ္ဒရာ လမ်းကြောင်းဟာ (S) ပုံသဏ္ဌာန်ရှိတယ်။ ဒါကြောင့် ငှက်တွေဟာ လေတိုက်တဲ့ လမ်းကြောင်းအတိုင်း အလိုက်သင့် ပျံသန်းနိုင်ကြတယ်။

အာတိတ်စင်ရော်တွေဟာ သက်တမ်းအနှစ် ၃၀ လောက်အတွင်းမှာ မိုင်ပေါင်း ၁.၅ သန်း (ကီလိုမီတာ ၂.၄ သန်း) ကျော် ခရီးဆန့်နိုင်တယ်။ အဲဒါဟာ လကမ္ဘာကို အသွားအပြန် သုံးလေးခေါက်ခရီးနဲ့ ညီမျှတယ်။ “၁၀၀ ဂရမ်သာသာ [၃.၅ အောင်စ] ရှိတဲ့ငှက်ကလေးရဲ့ အံ့မခန်းဖွယ် စွမ်းဆောင်မှုပါပဲ” လို့ သုတေသီတစ်ယောက် ပြောတယ်။ ဝင်ရိုးစွန်းဒေသနှစ်ခုစလုံးမှာ နွေရာသီနဲ့ကြုံကြိုက်လို့ အာတိတ်စင်ရော်တွေဟာ “နှစ်တိုင်း တခြားသတ္တဝါတွေထက် နေရောင်ခြည်ကို ပိုမြင်ရတယ်” ဆိုပြီး ကမ္ဘာ့သက်ရှိများ– သဘာဝသမိုင်း စာအုပ်မှာ ဖော်ပြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ