ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၄ စာ. ၉
  • ‘ချမ်းသာကြွယ်ဝတာထက် နာမည်ကောင်းရတာ ပိုကောင်း’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ချမ်းသာကြွယ်ဝတာထက် နာမည်ကောင်းရတာ ပိုကောင်း’
  • နိုးလော့!—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှိမ့်ချခြင်းသည် ပျော့ညံ့ခြင်းလော၊ ခိုင်မာသောအရည်အသွေးတစ်ခုလော
    နိုးလော့!—၂၀၀၇
  • နှိမ့်ချခြင်းကို အဘယ်ကြောင့်ဝတ်ဆင်သင့်ကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • “နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • စစ်မှန်သောနှိမ့်ချမှုကိုသင်မည်သို့တင်ပြနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၄ စာ. ၉
နာမည်ကောင်းရှိတဲ့ စက်ပြင်ဆရာ

နာမည်ကောင်းရှိခြင်းက ယုံကြည်စိတ်ချမှုနဲ့ ရိုသေလေးစားမှုရစေ

‘ချမ်းသာကြွယ်ဝတာထက် နာမည်ကောင်းရတာ ပိုကောင်း’

နာမည်ကောင်းရှိခြင်းဟာ အလွန်တန်ဖိုးရှိလို့ နိုင်ငံတချို့မှာ ဥပဒေအရ အကာအကွယ် ပေးထားတယ်။ (စာပေ ဒါမဟုတ် အသံလွှင့်ရုံကနေ) အသရေဖျက်တာ၊ သွားပုပ်လေလွင့်ပြောတာကို အရေးယူနိုင်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားတယ်။ အဲဒါက “ချမ်းသာကြွယ်ဝဖို့ထက် နာမည်ကောင်းရဖို့ ရွေးချယ်သင့်တယ်။ ရွှေငွေတွေရတာထက် ရိုသေလေးစားခံရတာ ပိုကောင်းတယ်” ဆိုတဲ့ ဆိုရိုးစကားကို အမှတ်ရစေတယ်။ (ပညာအလိမ္မာ ၂၂:၁) နာမည်ကောင်းကိုရော လူတွေရဲ့ ရိုသေလေးစားမှုကိုပါ ဘယ်လိုရနိုင်သလဲ။ သိပ်ကောင်းတဲ့ အကြံပြုချက်တွေ ကျမ်းစာမှာ ပါတယ်။

ဥပမာ၊ ဆာလံကျမ်း ၁၅ မှာ ဘာပြောထားသလဲဆိုတာ သုံးသပ်ကြည့်ပါ။ “[ဘုရားရဲ့] တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ” ဆိုတဲ့မေးခွန်းကို ဆာလံကျမ်းရေးသူက ဒီလိုဖြေတယ်– “မှန်ရာလုပ်တဲ့သူ၊ ဟုတ်တိုင်းမှန်ရာ ပြောတဲ့သူပါ။ သူက သူတစ်ပါးအကြောင်း သွားပုပ်လေလွင့် မပြောဘူး။ လူလူချင်းအပေါ် မကောင်းတာ ဘာမှမလုပ်ဘူး။ မိတ်ဆွေတွေအကြောင်း မကောင်းသတင်း မလွှင့်တတ်ဘူး။ ယုတ်ညံ့သူကို ရှောင်ခွာတယ်။ . . . ကိုယ့်အကျိုး ပျက်မယ်ဆိုရင်တောင် ကတိတည်တတ်တယ်။ . . . သူ့ဆီ လာဘ်ထိုးလို့ မရဘူး။” (ဆာလံ ၁၅:၁-၅) ဒီလမ်းညွှန်ချက်တွေအတိုင်း နေထိုင်သူကို သင် လေးစားတယ်မဟုတ်လား။

ရိုသေလေးစားမှု ရစေတဲ့ နောက်အရည်အသွေးတစ်ခုဟာ နှိမ့်ချမှုပဲ။ “နှိမ့်ချမှုရဲ့နောက်မှာ ဂုဏ်ကျက်သရေ လိုက်လာတယ်” လို့ ပညာအလိမ္မာ ၁၅:၃၃ မှာပြောတယ်။ နှိမ့်ချသူဟာ တိုးတက်ဖို့လိုတဲ့ ကဏ္ဍတွေကို သိမြင်ပြီး အစွမ်းကုန် ကြိုးစားတယ်။ တစ်ယောက်ယောက်ကို စိတ်ထိခိုက်အောင် လုပ်မိခဲ့ရင် တောင်းပန်ဖို့ ဝန်မလေးဘူး။ (ယာကုပ် ၃:၂) မာနကြီးတဲ့သူကတော့ အဲဒီလိုမဟုတ်ဘူး၊ ထစ်ခနဲဆို စိတ်ခုတတ်တယ်။ “မာနရဲ့နောက်မှာ ပျက်စီးခြင်း လိုက်လာတယ်။ မောက်မာတဲ့စိတ်ရဲ့ နောက်မှာ ပြိုလဲခြင်း လိုက်လာတယ်” လို့ ပညာအလိမ္မာ ၁၆:၁၈ မှာပြောတယ်။

တစ်ယောက်ယောက်က သင့်ကို နာမည်ဖျက်တယ်ဆိုရင်ကော။ သူ့ကို ဒေါသတကြီး တုံ့ပြန်သင့်သလား။ ‘အသရေဆည်ဖို့ ကြိုးစားရင်း အလိမ်အညာတွေ ပိုပျံ့အောင် လုပ်မိနေသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ တရားစွဲဖို့လိုတဲ့အခါတွေ ရှိနိုင်တယ်။ ဒါပေမဲ့ “ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး အလျင်စလို မတိုင်တန်းပါနဲ့။ . . . အဲဒီကိစ္စကို သူနဲ့ ဆွေးနွေးပါ” လို့ ကျမ်းစာ အကြံပြုတယ်။ (ပညာအလိမ္မာ ၂၅:၈၊ ၉)a အဲဒီလို ချင့်ချင့်ချိန်ချိန် ဖြေရှင်းမယ်ဆိုရင် တရားရေးအတွက် ကုန်ကျစရာ မလိုတော့ဘူး။

ကျမ်းစာဟာ ဘာသာရေးစာအုပ်လောက်ပဲ မဟုတ်ဘူး။ ယုံကြည်စိတ်ချရတဲ့ ဘဝလမ်းညွှန်စာအုပ်လည်း ဖြစ်တယ်။ အဲဒီလမ်းညွှန်ချက်တွေကို လိုက်နာသူတိုင်းဟာ ရိုသေလေးစားမှုနဲ့ နာမည်ကောင်း ရစေတဲ့ အရည်အသွေးတွေ မွေးမြူကြတယ်။

a အငြင်းပွားမှု ဖြေရှင်းနည်းနဲ့ပတ်သက်တဲ့ ကျမ်းစာလမ်းညွှန်ချက်တွေကို မဿဲ ၅:၂၃၊ ၂၄ နဲ့ ၁၈:၁၅-၁၇ မှာလည်း တွေ့နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ