ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၄ စာ. ၁၀-၁၁
  • သားသမီးများ အသိုက်အမြုံ စွန့်ခွာသွားချိန်ဝယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သားသမီးများ အသိုက်အမြုံ စွန့်ခွာသွားချိန်ဝယ်
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • အကြောင်းရင်းများ
  • လုပ်ဆောင်နိုင်ရာ
  • အိမ်ထောင်ရေးအကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အသက်ကြီးမှ ကွာရှင်းတဲ့အဖြစ် မရောက်ရလေအောင်
    မိသားစုအတွက် အကူအညီ
  • မိဘတို့၊ ယေဟောဝါကို ချစ်လာအောင် သားသမီးတွေကို လေ့ကျင့်ပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ‘အိမ်ထောင်မင်္ဂလာကို လေးစားရမယ်’
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၄ စာ. ၁၀-၁၁
ယောက်ျားက တီဗီကြည့်နေချိန် ဇနီးက သိုးမွေးထိုးနေ

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

သားသမီးများ အသိုက်အမြုံ စွန့်ခွာသွားချိန်ဝယ်

အခက်အခဲ

သားသမီးတွေ အရွယ်ရောက်လို့ အိမ်က ထွက်ခွာသွားတဲ့အခါ မိဘတွေ အကြီးအကျယ် အခက်တွေ့လေ့ရှိတယ်။ သားသမီးတွေ မရှိတော့တဲ့အခါ မိဘနှစ်ဦးဟာ သူစိမ်းတွေလို ဖြစ်ကျန်ရစ်ခဲ့တယ်။ “ကိုယ့်အိမ်ထောင်ဖက်နဲ့ တရင်းတနှီးပြန်ဖြစ်ဖို့ ဘယ်လိုလုပ်ရမှန်းမသိသူ အများကြီးကို ကျွန်တော် အကြံပေးဖူးတယ်။ အခု သားသမီးတွေ မရှိတော့ [မိဘတွေ] တစ်ယောက်နဲ့တစ်ယောက် စကားသိပ်မပြောဖြစ်ကြတော့ဘူး” လို့ မိသားစုအတိုင်ပင်ခံ အမ်. ဂယ်ရီ ပြောတယ်။a

သင့်အိမ်ထောင်မှာကော အဲဒီလိုဖြစ်နေ သလား။ ဖြစ်နေတယ်ဆိုရင် ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်နိုင်ပါတယ်။ ဦးဆုံး၊ လင်နဲ့မယား ခပ်စိမ်းစိမ်းဖြစ်စေနိုင်တဲ့ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ပါ။

အကြောင်းရင်းများ

နှစ်နဲ့ချီပြီး ကလေးတွေကို ဦးစားပေးရတယ်။ မိဘများစွာဟာ ကိုယ့်အရေးထက် သားသမီးတွေရဲ့ လိုအပ်ရာကို စေတနာထား ဖြည့်ဆည်းပေးကြတယ်။ မိဘတာဝန် ထမ်းဆောင်နေရတာနဲ့ပဲ လင်မယားနှောင်ကြိုး ပြေလျော့လာတယ်။ အဲဒီလို ဖြစ်နေမှန်း သားသမီးတွေ မရှိတော့မှ သိသာလာတယ်။ “ကလေးတွေရှိတုန်းကတော့ ကျွန်မတို့ မိသားစုလိုက် လုပ်ဆောင်ကြတယ်။” ကလေးတွေ အိမ်ကနေ ထွက်သွားပြီးနောက် “ကျွန်မတို့ဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပဲ” လို့ အသက် ၅၉ နှစ်အရွယ် မိခင်တစ်ဦး ပြောတယ်။ “ရှင်နဲ့ကျွန်မ ဘယ်တော့မှ အစေးမကပ်ဘူး” လို့တောင် ယောက်ျားကို ပြောဖူးတယ်။

မောင်နှံစုံတချို့ဟာ အဲဒီဘဝအခြေအနေသစ်နဲ့ အလိုက်သင့် နေတတ်ဖို့ မပြင်ဆင်ထားဘူး။ “မောင်နှံစုံအများစုဟာ အိမ်ထောင်ကျခါစလို ပြန်ဖြစ်သွားတယ်” လို့ ခြောက်ကပ်သွားတဲ့ရိပ်မြုံ ဆိုတဲ့စာအုပ်မှာ ဖော်ပြတယ်။ မောင်နှံအများစုဟာ ညှိမရတာများလာတယ်လို့ ခံစားရပြီး ကိုယ်ကြိုက်တာ ကိုယ်လုပ်တဲ့အခါ အိမ်ထောင်ဖက်တွေလို မဟုတ်တော့ဘဲ အခန်းဖော်တွေလို ဖြစ်လာကြတယ်။

ဝမ်းသာစရာကတော့ အဲဒီလိုအဖြစ်မျိုးကို ရှောင်နိုင်တဲ့အပြင် ဒီအခြေအနေသစ်ကနေ အကျိုးကျေးဇူးတောင် ရနိုင်ပါတယ်။ အဲဒီလိုလုပ်နိုင်အောင် ကျမ်းစာက ကူညီပေးနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။

လုပ်ဆောင်နိုင်ရာ

အပြောင်းအလဲကို လက်ခံဖို့ စိတ်ပိုင်းဖြတ်ထားပါ။ အရွယ်ရောက်တဲ့ သားသမီးတွေနဲ့ပတ်သက်ပြီး “ယောက်ျားက မိဘကိုထားခဲ့ . . . လိမ့်မယ်” လို့ ကျမ်းစာပြောတယ်။ (ကမ္ဘာဦး ၂:၂၄) မိဘတွေရဲ့ တာဝန်က သားသမီးတွေ အတောင်စုံလို့ စွန့်ခွာသွားမယ့်အချိန်အတွက် လေ့ကျင့်ပေးပြီး ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိ စွမ်းရည်တွေ ရှိလာအောင် ကူညီပေးဖို့ပဲ။ အဲဒီလိုသဘောထားရင် သားသမီးတွေ အိမ်ကနေ ထွက်ခွာသွားတာကို ဂုဏ်ယူစရာလို့ ရှုမြင်နိုင်ပါလိမ့်မယ်။—ကျမ်းစာအကြံပြုချက်– မာကု ၁၀:၇။

သင်ဟာ သားသမီးတွေအတွက် ထာဝရ မိဘဖြစ်နေမှာပါ။ ဒါပေမဲ့ အုပ်ထိန်းသူမဟုတ်တော့ဘဲ အကြံပေးသူဖြစ်သွားပြီ။ ဒီလိုအခြေအနေပြောင်းသွားပေမဲ့ သားသမီးတွေနဲ့ ရင်းရင်းနှီးနှီး ဆက်နေနိုင်ပါတယ်။ တစ်ချိန်တည်းမှာ ကိုယ့်အိမ်ထောင်ဖက်ကိုလည်း ဦးစားပေးနိုင်ပါတယ်။b—ကျမ်းစာအကြံပြုချက်– မဿဲ ၁၉:၆။

စိုးရိမ်ပူပန်စရာတွေကို ရင်ဖွင့်ပါ။ ဒီအခြေအနေအပြောင်းအလဲကြောင့် သင် ဘယ်လိုခံစားရတယ်ဆိုတာ အိမ်ထောင်ဖက်ကို ပြောပြပါ။ သူ့ခံစားချက်တွေ ရင်ဖွင့်တဲ့အခါမှာလည်း နားထောင်ပေးပါ။ စိတ်ရှည်ပါ၊ နားလည်ပေးပါ။ လင်နဲ့မယား သံယောဇဉ်နှောင်ကြိုး ခိုင်မြဲဖို့ အချိန်ယူရမှာ ဖြစ်ပေမဲ့ ကြိုးစားရကျိုးနပ်ပါတယ်။—ကျမ်းစာအကြံပြုချက်– ၁ ကောရိန္သု ၁၃:၄။

မလုပ်ဖူးတာတွေကို အတူလုပ်ကြည့်ပါ။ အတူလုပ်ချင်တာတွေ၊ အတူစူးစမ်းလေ့လာချင်တာတွေကို ပြောဆိုကြပါ။ ကလေးတွေကို ပြုစုစောင့်ရှောက်ခဲ့ရတော့ သင်တို့မှာ အတွေ့အကြုံ အများကြီးရှိနေပြီ။ အဲဒီအတွေ့အကြုံတွေကို သုံးပြီး တခြားသူတွေကို ကူညီပါ။—ကျမ်းစာအကြံပြုချက်– ယောဘ ၁၂:၁၂။

သင့်သစ္စာကတိကို တည်စေပါ။ တစ်ဦးကိုတစ်ဦး ဘယ်အရည်အသွေးတွေကြောင့် ချစ်သွားတာလဲဆိုတာ ပြန်စဉ်းစားပါ။ ဘဝကို အတူဖြတ်သန်းခဲ့ပုံ၊ အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းခဲ့ပုံကို ပြန်စဉ်းစားပါ။ ဒီလိုနဲ့ သင်တို့ရဲ့ ဘဝစာမျက်နှာသစ်ဟာ လှပတင့်တယ်နိုင်ပါတယ်။ တူနှစ်ကိုယ်ကြိုးစားသွားမယ်ဆိုရင် သင့်အိမ်ထောင် ပိုသာယာလာမယ်၊ အရင်ကရှိခဲ့တဲ့ မေတ္တာ ပြန်လည် ရှင်သန်လာပါလိမ့်မယ်။

a Emotional Infidelity စာအုပ်မှ။

b သားသမီးတွေကို ပြုစုစောင့်ရှောက်နေရတုန်းပဲဆိုရင် သင်နဲ့ သင့်အိမ်ထောင်ဖက်ဟာ “တစ်သားတစ်ကိုယ်တည်း” ဆိုတာ မမေ့ပါနဲ့။ (မာကု ၁၀:၈) သားသမီးတွေဟာ မိဘတွေ ချစ်ချစ်ခင်ခင်ရှိနေတာကို မြင်တဲ့အခါ လုံခြုံတယ်လို့ ခံစားရတယ်။

ကျမ်းစာအကြံပြုချက်များ

  • ‘ယောက်ျားက မိဘကို ထားခဲ့လိမ့်မယ်။’—မာကု ၁၀:၇။

  • “ဘုရားသခင် တွဲဖက်ထားသူတွေကို ဘယ်သူမှ မခွဲကြနဲ့။”—မဿဲ ၁၉:၆။

  • “မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်။”—၁ ကောရိန္သု ၁၃:၄။

  • “အသက်ကြီးသူဆီမှာ ဉာဏ်ပညာ . . . ရှိတယ် မဟုတ်လား။”—ယောဘ ၁၂:၁၂။

ဆာလ်ဗာတိုရီ

ဆာလ်ဗာတိုရီနဲ့ အော်ရိုရာ

“ကျွန်တော်တို့ အချိန် ပိုရလာပြီး အဲဒါကို အကျိုးရှိရှိ အသုံးချရမှန်း သိလာတယ်။ ဒါကြောင့် ကလေးရှိတဲ့ မိသားစုတွေ၊ ငယ်ရွယ်တဲ့ မောင်နှံတွေဆီ အလည်သွားဖို့ ဆုံးဖြတ်ထားတယ်။ တခြားသူတွေကို ကူညီရတာ၊ အတွေ့အကြုံတွေ ဝေမျှရတာ ကြိုက်တယ်။”

ကာလိုနဲ့ ကက်ထရီနာ

ကာလိုနဲ့ ကက်ထရီနာ

“ကျွန်မတို့ အခြေအနေ ပြောင်းလဲသွားပြီဆိုတာ တော်တော်နဲ့ လက်မခံနိုင်ဘူး။ နှစ်တွေတစ်လျှောက် ကလေးတွေအကြောင်းပဲ ပြောခဲ့ကြတယ်။ အခုတော့ ဘာမဆို အတူတူလုပ်ရင်း ကိုယ့်အကြောင်း၊ ကိုယ့်စိတ်ဝင်စားရာတွေအကြောင်း ပြောဖြစ်လာတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ