ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၆ စာ. ၃
  • ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာ အမှန်ပဲလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာ အမှန်ပဲလား
  • နိုးလော့!—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာပျက်မယ့်အချိန်ကို ညွှန်ပြတဲ့ နာရီကို သိပ္ပံပညာရှင်တွေ ရွှေ့လိုက်ကြ—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • ကမ္ဘာပျက်မယ့်နေ့—လူအများထင်ထားသလို ဖြစ်လာမှာလား
    နိုးလော့!—၂၀၁၂
  • ကမ္ဘာပျက်မယ့်နေ့ကို လူအများ စိတ်ဝင်စားကြ
    နိုးလော့!—၂၀၁၂
  • ဒီကမ္ဘာလောက ကွယ်ပျောက်သွားတော့မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၆ စာ. ၃
ကမ္ဘာပျက်ချိန် ညွှန်ပြတဲ့နာရီ

မျက်နှာဖုံးအကြောင်းအရာ | ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီလား

ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာ အမှန်ပဲလား

စိတ်မချမ်းမြေ့စရာ ကြေညာချက်တစ်ခု ၂၀၁၇ နှစ်ဦးပိုင်းမှာ ထွက်လာတယ်။ သိပ္ပံပညာရှင်တစ်ဖွဲ့က ကမ္ဘာပျက်ကိန်းဆိုက်တော့မယ်လို့ ကြေညာတယ်။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာပျက်ချိန် ဘယ်လောက်နီးနေပြီဆိုတာ ပုံဖော်ဖို့ ကမ္ဘာပျက်ချိန် ညွှန်ပြတဲ့နာရီမှာ စက္ကန့် ၃၀ ရှေ့တိုးလိုက်တယ်။ ကမ္ဘာပျက်မယ့် သန်းခေါင်ယံအချိန် ရောက်ဖို့ နှစ်မိနစ်ခွဲပဲ လိုတော့တယ်။ အနှစ် ၆၀ ကျော်ကာလအတွင်းမှာ ကမ္ဘာပျက်ကိန်းဆိုက်မယ့်အချိန်ဟာ နီးသည်ထက် နီးလာပြီ။

၂၀၁၈ ခုနှစ် ရောက်တဲ့အခါ ကမ္ဘာကြီးရဲ့အဆုံး ဘယ်လောက်နီးနေပြီဆိုတာ သိပ္ပံပညာရှင်တွေ ထပ်မံတွက်ချက်ပါလိမ့်မယ်။ ကမ္ဘာပျက်ချိန် ညွှန်ပြတဲ့ နာရီဟာ မကြုံဖူးတဲ့ဘေးဆိုးကြီး ရောက်တော့မယ်ဆိုတာ ညွှန်ပြဦးမလား။ သင် ဘယ်လိုထင်ပါသလဲ။ ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီလား။ ဒါဟာ ဖြေရခက်တဲ့မေးခွန်း ဖြစ်နိုင်တယ်။ ပညာရှင်တွေတောင် ဒါနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲနေကြတယ်။ ကမ္ဘာပျက်တော့မယ်ဆိုတာ လူတိုင်း ယုံတာတော့ မဟုတ်ဘူး။

လူသန်းပေါင်းများစွာကတော့ တောက်ပတဲ့ အနာဂတ်ရှိမယ်လို့ ယုံကြည်ကြတယ်။ ကမ္ဘာမြေနဲ့ လူသားတွေ ဆက်တည်ရှိနေမယ်၊ လူတွေရဲ့ဘဝ ပိုကောင်းမွန်လာမယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့လည်း ဆိုကြတယ်။ အဲဒီအထောက်အထားဟာ စိတ်ချရရဲ့လား။ ကမ္ဘာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်နေတာ အမှန်ပဲလား။

“ကမ္ဘာပျက်ချိန် ညွှန်ပြတဲ့နာရီဆိုတာ လူတီထွင်တဲ့၊ အန္တရာယ်များတဲ့ နည်းပညာတွေကြောင့် လူ့အဖွဲ့အစည်းပျက်သုဉ်းဖို့ နီးကပ်နေကြောင်း ဖော်ပြတဲ့ နာရီဖြစ်တယ်။ ဒါကို နိုင်ငံများစွာက လက်ခံထားကြတယ်။ နည်းပညာတွေထဲမှာ အန္တရာယ်အများဆုံးဟာ နျူကလီးယားလက်နက်တွေပဲ။ ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်တဲ့နည်းပညာ၊ ဇီဝနည်းပညာ၊ ဆိုက်ဘာနည်းပညာတွေလည်း ပါတယ်။ အဲဒီနည်းပညာတွေဟာ တမင်ဖြစ်စေ၊ မရည်ရွယ်ပဲဖြစ်စေ၊ အတွက်အချက်မှားတာကြောင့်ဖြစ်စေ လူတွေရဲ့ဘဝနဲ့ ကမ္ဘာမြေကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်။”​—⁠အဏုမြူသိပ္ပံပညာရှင်များရဲ့ ဂျာနယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ