ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၆ စာ. ၁၀-၁၁
  • နယူးဇီလန်သို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နယူးဇီလန်သို့ အလည်တစ်ခေါက်
  • နိုးလော့!—၂၀၁၇
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၆ စာ. ၁၀-၁၁
မေးဖော့ဒ်စောင်း၊ နယူးဇီလန်

မေးဖော့ဒ်စောင်း ရေလက်ကြား

သူတို့မြေ၊ သူတို့ဓလေ့

နယူးဇီလန်သို့ အလည်တစ်ခေါက်

ကမ္ဘာ့မြေပုံပေါ်က နယူးဇီလန်

လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀ လောက်တုန်းက မာအိုရီလူမျိုးတွေဟာ သမုဒ္ဒရာထဲ မိုင်ထောင်ချီ ခရီးနှင်လာပြီးနောက် နယူးဇီလန်မှာ အခြေချခဲ့ပုံရတယ်။ သူတို့စွန့်ခွာခဲ့တဲ့ ပိုလီနီးရှား အပူပိုင်းကျွန်းတွေနဲ့ လုံးဝမတူတဲ့ နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ တောင်တန်းတွေ၊ ရေခဲမြစ်တွေ၊ ရေပူစမ်းတွေ၊ ဆီးနှင်းတွေ ပေါများတဲ့ နယ်မြေပဲ။ ငါးရာစုလောက် ကြာပြီးတဲ့နောက် ဥရောပသားတွေ ရောက်လာကြတယ်။ အခုအချိန်မှာတော့ နယူးဇီလန်သားအများစုဟာ ဥရောပနဲ့ ပိုလီနီးရှားရဲ့ ထုံးထမ်းစဉ်လာနှစ်မျိုးစလုံးကို လက်ခံကြတယ်။ လူဦးရေ ၉၀ ရာခိုင်နှုန်းနီးပါးဟာ မြို့ကြီးပြကြီးမှာ နေထိုင်ကြတယ်။ ဝယ်လင်တန်မြို့ဟာ ကမ္ဘာ့တောင်ဘက်အကျဆုံး မြို့တော်ပဲ။

နယူးဇီလန် မြောက်ပိုင်းကျွန်းရှိ ဆူပွက်နေတဲ့ ရွှံ့အိုင်

မြောက်ပိုင်းကျွန်းရှိ ဆူပွက်နေတဲ့ ရွှံ့အိုင်

နယူးဇီလန်ဟာ သီးခြားတည်ရှိနေပေမဲ့ ရေမြေတောတောင်ရှုခင်း အလှအပတွေ စုဝေးနေတဲ့နိုင်ငံဖြစ်လို့ နှစ်တိုင်း ကမ္ဘာလှည့်ခရီးသည် သုံးသန်းလောက်ကို ဆွဲဆောင်နိုင်တယ်။

ငွေရောင်ဖန်းပင်

ပေ ၃၀ ကျော်အထိ ကြီးထွားနိုင်တဲ့ ငွေရောင်ဖန်းပင်

မပျံနိုင်တဲ့ တာကာဟေငှက်

မပျံနိုင်တဲ့ တာကာဟေငှက်ဟာ မျိုးသုဉ်းသွားပြီလို့ ၁၉၄၈ မတိုင်ခင်က ယူမှတ်ခဲ့ကြ

နယူးဇီလန်မှာ ထူးထူးဆန်းဆန်း တောရိုင်းတိရစ္ဆာန်မျိုးစုံ ရှိတယ်။ မပျံနိုင်တဲ့ငှက်အမျိုးအစား အများဆုံးတွေ့ရတဲ့ နိုင်ငံပဲ။ သက်တမ်း တစ်ရာအထိ အသက်ရှင်နိုင်တဲ့ ဖွတ်အမျိုးဝင် တူရာတာရာ တွားသွားသတ္တဝါတွေ ကျက်စားရာနယ်မြေလည်း ဖြစ်တယ်။ လင်းနို့မျိုးစိတ်တချို့နဲ့ ဝေလငါး၊ လင်းပိုင် စတဲ့ နို့တိုက်သတ္တဝါတွေလည်း ရှိတယ်။

နယူးဇီလန်နိုင်ငံမှာ ယေဟောဝါသက်သေတွေ အမှုဆောင်နေတာ နှစ်ပေါင်း ၁၂၀ နီးပါးရှိပြီ။ အနည်းဆုံး ဘာသာစကား ၁၉ မျိုးနဲ့ ကျမ်းစာသင်ပေးနေကြတယ်။ နျူဝေးယန်၊ ရာရိုတွန်ဂန်၊ ဆာမိုအာနဲ့ တွန်ဂန် စတဲ့ ပိုလီနီးရှားဘာသာစကားတွေ ပါတယ်။

မာအိုရီ သီချင်းကကွက်

မာအိုရီ ရိုးရာဝတ်စုံတွေနဲ့ သီချင်းကကွက်

သင် သိပါသလား

နယူးဇီလန်ဆိုတာ ဇီလန်ဆိုတဲ့ နာမည်ကနေ ယူထားတာ။ ဇီလန်ဆိုတာ နယ်သာလန်နိုင်ငံရဲ့ နယ်မြေတစ်ခုပဲ။ မာအိုရီလူမျိုးတွေက နယူးဇီလန်ကို အောင်တေယာရိုယာ လို့ခေါ်တယ်။ “ရှည်လျားတဲ့ တိမ်ဖြူတွေရှိတဲ့မြေ” လို့အဓိပ္ပာယ်ရတယ်။

နယူးဇီလန်သားအများစုဟာ အင်္ဂလိပ်စကား ပြောကြပေမဲ့ ဒေသခံ မာအိုရီစကားကိုလည်း ပြန်ပြောလာကြပြီ။ ကျောင်းမှာလည်း သင်ပေးတယ်။ ယေဟောဝါသက်သေတွေရဲ့ တရားဝင်ဝက်ဘ်ဆိုက် jw.org ကို မာအိုရီဘာသာစကားနဲ့ ဝင်ကြည့်နိုင်တယ်။

  • လူဦးရေ– ၄.၇ သန်း

  • မြို့တော်– ဝယ်လင်တန်

  • နယ်မြေ– မြောက်ပိုင်းကျွန်းမှာ မီးတောင်တွေ၊ ရေပူစမ်းတွေ ရှိတယ်။ တောင်ပိုင်းကျွန်းမှာ ရေခဲမြစ်တွေ ထောင်နဲ့ချီ ရှိတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ