ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၉ အမှတ် ၂ စာ. ၆-၇
  • နှိမ့်ချသူ ဖြစ်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှိမ့်ချသူ ဖြစ်နိုင်ပုံ
  • နိုးလော့!—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နှိမ့်ချခြင်းဆိုတာ ဘာလဲ
  • နှိမ့်ချခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ
  • နှိမ့်ချတတ်အောင် သင်ပေးနိုင်ပုံ
  • စစ်မှန်သောနှိမ့်ချမှုကို မွေးမြူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • နှိမ့်ချခြင်းကို အဘယ်ကြောင့်ဝတ်ဆင်သင့်ကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • သားသမီးတွေ စိတ်နှိမ့်ချတတ်အောင် သင်ပေးပါ
    နိုးလော့!—၂၀၁၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၉
န၁၉ အမှတ် ၂ စာ. ၆-၇
ယောက်ျားလေးတစ်ယောက် အမှိုက်ပုံးမှာ အမှိုက်အိတ် ပစ်နေစဉ်

သင်ခန်းစာ ၂

နှိမ့်ချသူ ဖြစ်နိုင်ပုံ

နှိမ့်ချခြင်းဆိုတာ ဘာလဲ

စိတ်နှိမ့်ချသူတွေဟာ လေးစားတတ်ကြတယ်။ မမောက်မာကြဘူး။ အရေးတယူ ဆက်ဆံခံရဖို့ မမျှော်လင့်ကြဘူး။ နှိမ့်ချသူတွေဟာ တခြားသူတွေကို အမှန်တကယ် စိတ်ဝင်စားကြတယ်။ တခြားသူတွေဆီကနေ သင်ယူချင်စိတ် ရှိကြတယ်။

တစ်ခါတလေ စိတ်နှိမ့်ချခြင်းကို ပျော့ညံ့ခြင်းလို့ တလွဲယူဆတတ်ကြတယ်။ တကယ်တော့ ကိုယ့်အပြစ်အနာအဆာ၊ ကိုယ့်အားနည်းချက်ကို အသိအမှတ်ပြုဝန်ခံရဲတဲ့ အစွမ်းသတ္တိ ဖြစ်တယ်။

နှိမ့်ချခြင်းဟာ ဘာကြောင့် အရေးကြီးသလဲ

  • နှိမ့်ချခြင်းက ဆက်ဆံရေး ကောင်းစေတယ်။ “တကယ်တော့ စိတ်နှိမ့်ချသူတွေဟာ လူချစ်လူခင်ပေါကြတယ်။ လူပေါင်းဆံ့ကြတယ်” လို့ The Narcissism Epidemic စာအုပ်မှာ ဖော်ပြထားတယ်။

  • နှိမ့်ချခြင်းက သင့်ကလေးရှေ့ရေးကို အကျိုးပြုတယ်။ “နှိမ့်ချတတ်အောင် သင်ယူခြင်းက သင့်ကလေးကို လောလောဆယ် အကျိုးပြုသလို နောင်လူကြီးဘဝမှာပါ အလုပ်အကိုင် ရှာဖွေတဲ့အခါ အကျိုးပြုမယ်။ “ကိုယ့်အားနည်းချက်တွေကို မသိဘဲ စိတ်ကြီးဝင်နေတဲ့ လူငယ်ဟာ အလုပ် လူတွေ့မေးမြန်းမှုမှာ အောင်မြင်နိုင်စရာအကြောင်း နည်းတယ်။ လူတွေ့မေးမြန်းတာကို စိတ်ဝင်တစားရှိတဲ့ လူငယ်ကတော့ အလုပ်ရဖို့ ပိုများတယ်”a လို့ ဒေါက်တာ လီယိုနတ် ဆက်ရေးတယ်။

နှိမ့်ချတတ်အောင် သင်ပေးနိုင်ပုံ

ကိုယ့်ကိုယ်ကိုယ် မျှမျှတတ ရှုမြင်တတ်အောင် အားပေးပါ။

ကျမ်းစာ အခြေခံမူ။ “ဘာမှ မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အရေးပါသူလို့ ထင်နေရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။”—ဂလာတိ ၆:၃။

  • လွဲမှားတဲ့ နီတိတွေကို ရှောင်ပါ။ “မင်းရဲ့ စိတ်ကူးအိပ်မက်အားလုံး တကယ် ဖြစ်လာနိုင်တယ်၊” “မင်းဖြစ်ချင်တဲ့အတိုင်း ဘာမဆို ဖြစ်နိုင်တယ်” ဆိုတဲ့ အပြောအဆိုတွေဟာ စေ့ဆော်မှုကောင်း ဖြစ်ပုံရပေမဲ့ လက်တွေ့ဘဝမှာ တကယ်ဖြစ်လာလေ့မရှိဘူး။ လက်တွေ့ကျတဲ့ပန်းတိုင်တွေ ချပြီး ကြိုးစားမှသာ ကလေးတွေ ပိုအောင်မြင်နိုင်မယ်။

  • တိတိကျကျ ချီးမွမ်းပေးပါ။ “တော်လိုက်တာ” လို့ ပြောရုံနဲ့ နှိမ့်ချတတ်လာမှာ မဟုတ်ဘူး။ တိတိကျကျ ချီးမွမ်းပေးပါ။

  • သင့်ကလေး လူမှုမီဒီယာ အသုံးပြုမှုကို ကန့်သတ်ပေးပါ။ လူမှုမီဒီယာဟာ ကိုယ့်အစွမ်းအစတွေ၊ ပြီးမြောက်အောင်မြင်မှုတွေကို ကြော်ငြာခြင်း၊ ကိုယ့်ဂုဏ်ကိုယ်ဖော်ခြင်းနဲ့ ဆက်စပ်လေ့ရှိတယ်။ နှိမ့်ချခြင်းနဲ့ လုံးဝ ဆန့်ကျင်တယ်။

  • ချက်ချင်း တောင်းပန်တတ်အောင် သင့်ကလေးကို အားပေးပါ။ သင့်ကလေး ဘယ်နေရာမှာ မှားသွားသလဲဆိုတာ သိမြင်ပြီး ဝန်ခံတတ်အောင် ကူညီပေးပါ။

ကျေးဇူးသိတတ်အောင် ကူညီပေးပါ။

ကျမ်းစာ အခြေခံမူ။ “ကျေးဇူးသိတတ်ကြပါ။”—ကောလောသဲ ၃:၁၅။

  • ဖန်ဆင်းရာတွေအတွက် ကျေးဇူးသိတတ်ပါ။ ကျွန်တော်တို့ ဆက်ရှင်သန်ရပ်တည်ဖို့ သဘာဝလောကအပေါ် မှီခိုနေရတဲ့အတွက် လေးမြတ်သင့်တယ်။ အသက်ရှူဖို့ လေ၊ သောက်ဖို့ ရေ၊ စားဖို့ အစားအစာ လိုအပ်တယ်။ အံ့ဖွယ်သဘာဝလောကအတွက် ကျေးဇူးတင်လေးမြတ်စိတ် ဝင်စေမယ့် ဥပမာတွေ သုံးပါ။

  • လူတွေကို ကျေးဇူးသိတတ်ပါ။ လူတိုင်းဟာ ကိုယ့်ထက် တစ်နည်းနည်းနဲ့ သာလွန်ကြောင်း၊ တခြားသူတွေရဲ့ ကျွမ်းကျင်မှုတွေ၊ စွမ်းရည်တွေကို မနာလို မဖြစ်ဘဲ သူတို့ဆီက သင်ယူနိုင်ကြောင်း သင့်ကလေးကို သတိပေးပါ။

  • ကျေးဇူးတင်ကြောင်း ပြောပါ။ ပါးစပ်ဖျားနဲ့ “ကျေးဇူးတင်ပါတယ်” လို့ ပြောရုံ မဟုတ်ဘဲ စိတ်ရင်းမှန်နဲ့ ပြောတတ်အောင် သင့်ကလေးကို သင်ပေးပါ။ ကျေးဇူးတင်တတ်တဲ့စိတ်က နှိမ့်ချတတ်စေတယ်။

သူတစ်ပါးအကျိုး ဆောင်ပေးခြင်းက တန်ဖိုးရှိကြောင်း သားသမီးတွေကို သင်ပေးပါ။

ကျမ်းစာ အခြေခံမူ။ “စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက်သာတယ်လို့ သဘောထားပါ။ ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့၊ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိလိပ္ပိ ၂:၃၊ ၄။

  • သင့်ကလေးကို အိမ်မှုကိစ္စတွေ ဝိုင်းလုပ်ခိုင်းပါ။ အိမ်မှုကိစ္စတွေ မခိုင်းခြင်းက ‘ဒီလိုနိမ့်ကျတဲ့အလုပ်တွေ လုပ်စရာ မဟုတ်ဘူး’ လို့အထင်ရောက်သွားစေနိုင်တယ်။ အိမ်အလုပ်ကို ဦးစားပေးရမယ်။ ပြီးမှ ကစားရမယ်။ အိမ်မှုကိစ္စ ဝိုင်းကူခြင်းက တခြားသူတွေကို ကူညီရာရောက်သလို တခြားသူတွေရဲ့ ကျေးဇူးတင်လေးစားမှုလည်း ရစေတယ်။

  • သူတစ်ပါးအကျိုး ဆောင်ခြင်းဟာ အခွင့်ထူးဖြစ်ကြောင်း အလေးအနက် ပြောပြပါ။ သူတစ်ပါးအကျိုးဆောင်ခြင်းက ရင့်ကျက်လာစေတယ်။ ဒါကြောင့် အကူအညီ လိုနေသူတွေကို သိမြင်တတ်အောင် ကူညီပေးပါ။ ဘယ်လို ကူညီပေးမလဲဆိုတာ သင့်ကလေးနဲ့ ဆွေးနွေးပါ။ သူတစ်ပါးအကျိုး ဆောင်ပေးတဲ့အခါ ချီးမွမ်းကူညီပေးပါ။

a The Collapse of Parenting စာအုပ်မှ ကောက်နုတ်ချက်။

ယောက်ျားလေးတစ်ယောက် အမှိုက်ပုံးမှာ အမှိုက်အိတ် ပစ်နေစဉ်

အခုပဲ လေ့ကျင့်ပေးပါ

အိမ်မှာ နိမ့်ကျတဲ့အလုပ်တွေ လုပ်တတ်တဲ့ကလေးဟာ လူကြီးဘဝမှာ တခြားသူတွေနဲ့ အဆင်ပြေနိုင်စရာအကြောင်း များတယ်

စံနမူနာပြပြီး သင်ပေးပါ

  • ကိုယ်တိုင် တခြားသူတွေရဲ့ အကူအညီ လိုအပ်တတ်ကြောင်း ကိုယ့်ကလေးတွေကို သိစေသလား။

  • တခြားသူတွေအကြောင်း အကောင်းပြောသလား၊ ကျေးဇူးတင်ကြောင်း ပြောသလား၊ ဒါမှမဟုတ် နှိမ်ပြောတတ်သလား။

  • သူတစ်ပါးအကျိုး ဆောင်တာကို တန်ဖိုးထားကြောင်း ကလေးတွေ တွေ့မြင်သလား။

မိဘတချို့ လုပ်ဆောင်ခဲ့ရာ . . .

“ဆိုးပြီး လူတွေနဲ့ မတည့်တဲ့ အတန်းဖော်တစ်ယောက်အကြောင်း သမီး ပြောပြတယ်။ ဒါနဲ့ အိမ်မှာ အခက်အခဲတွေ ရင်ဆိုင်နေရလို့ ဖြစ်မယ်လို့ ပြောပြတယ်။ လူတိုင်း သာယာတဲ့ မိသားစုဘဝ ပိုင်ဆိုင်တာ မဟုတ်ဘူး။ သမီးက တခြားသူတွေထက် သာနေတာ မဟုတ်ဘူး။ အခြေအနေ ပိုကောင်းတာပဲ ရှိတယ်ဆိုတာ သမီးကို နားလည်စေတယ်။”—ကာရင်။

“အတတ်နိုင်ဆုံး စာကြိုးစားဖို့၊ တခြားသူတွေနဲ့ မယှဉ်ဖို့ သမီးတွေကို အားပေးတယ်။ မိဘတွေကလည်း သူတို့ကို တခြားသူတွေနဲ့ နှိုင်းယှဉ်မှာ မဟုတ်ဘူးဆိုတာ သိထားစေချင်တယ်။”—မာရီယန်နာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ