ဘုရားနဲ့ ဆက်ဆံရေး
အစပိုင်းမှာ ဖော်ပြခဲ့သလိုပဲ လူများစွာက ကျမ်းစာကို အထွတ်အမြတ် ထားကြတယ်။ ကျမ်းစာကို ဖတ်ရှုပြီး လမ်းညွှန်ချက်ကို ကျင့်သုံးတဲ့အခါ ဘုရားနဲ့ ပိုရင်းနှီးလာကြတယ်။ ဘဝရည်ရွယ်ချက် ရှိလာကြတယ်။
ဘုရားနဲ့ ဆက်ဆံရေးရှိခြင်းလို့ အဓိပ္ပာယ်ရှိတဲ့ ‘ဘုရားသခင့်စွမ်းအားတော်ရှိခြင်း’ ဆိုတာ ဘဝနေနည်း၊ သဘောထားကို ဆိုလိုတယ်။ (ယုဒ ၁၈၊ ၁၉) ကိုယ်ကျိုးရှာတဲ့ စိတ်အလိုလိုက်တတ်သူတွေနဲ့ မတူဘဲ ဘုရားလမ်းညွှန်မှု ခံယူသူတွေဟာ ဘုရားသခင့်စံနှုန်းတွေကို တန်ဖိုးထားကြတယ်။—ဧဖက် ၅:၁။
မျှော်လင့်ချက်
ကျမ်းစာ အခြေခံမူ။ “ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေရင် အားလျော့သွားလိမ့်မယ်။”—ပညာအလိမ္မာ ၂၄:၁၀။
အဓိပ္ပာယ်။ စိတ်ဓာတ်ကျနေရင် ဘဝပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ခွန်အား ဆုတ်ယုတ်သွားနိုင်တယ်။ မျှော်လင့်ချက် ရှိမယ်ဆိုရင်တော့ ရှေ့ဆက်ဖို့ ခွန်အား ရှိနိုင်တယ်။ ကြုံနေရတဲ့ ပြဿနာတွေဟာ ခေတ္တခဏသာ ဖြစ်ကြောင်း၊ အကောင်းတွေ ရှိလာနိုင်ကြောင်း သိရခြင်းက စိတ်သက်သာစရာပါပဲ။
လုပ်ဆောင်နိုင်ရာ။ အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင်တတ်အောင် ကြိုးစားပါ။ ဖြစ်မလာသေးတဲ့အရာအတွက် စိတ်ပူမနေဘဲ၊ အကောင်းဆုံးအခြေအနေ ဖြစ်လာဖို့ ဒီအတိုင်း စောင့်မနေဘဲ သင့်ပန်းတိုင်နဲ့အညီ လုပ်ဆောင်ပါ။ ဒါတောင်မှ “မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ” ဖြစ်လာနိုင်တယ်။ (ဒေသနာ ၉:၁၁) ဒါပေမဲ့ မျှော်လင့်ထားတာထက် ပိုကောင်းနေတတ်တယ်။ ဒါကြောင့် စိုက်ပျိုးရေးနဲ့ တင်စားပြီး ကျမ်းစာမှာ ဒီလိုဆိုထားတယ်– “နံနက်ခင်းမှာ မျိုးစေ့ကြဲပါ။ ညနေစောင်းအထိ လက်ကို အနားမပေးပါနဲ့။ နံနက်ခင်းမှာကြဲတဲ့ မျိုးစေ့ဟာ အပင်ပေါက်မလား၊ ညနေစောင်းမှာကြဲတဲ့ မျိုးစေ့ဟာ အပင်ပေါက်မလား ဒါမှမဟုတ် နှစ်ခုစလုံး ပေါက်လာမလား မသိနိုင်ဘူး။”—ဒေသနာ ၁၁:၆။
ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေ
ကျမ်းစာ အခြေခံမူ။ “သိနားလည်နိုင်စွမ်း ပေးသနားလှည့်ပါ။ . . . နှုတ်တော်ထွက်စကား . . . ဟာ အမှန်တရားပါ။” —ဆာလံ ၁၁၉:၁၄၄၊ ၁၆၀။
အဓိပ္ပာယ်။ လူအားလုံးလိုလို မေးတတ်ကြတဲ့ အောက်ပါ မေးခွန်းတွေကို ကျမ်းစာမှာ အဖြေပေးထားတယ်–
လူတွေ ဘယ်က ဖြစ်လာကြသလဲ။
ဘာကြောင့် ဒီနေရာမှာ ရှိနေကြသလဲ။
လူသေတဲ့အခါ ဘာဖြစ်သွားသလဲ။
ဘဝဆိုတာ ဒီလောက်ပဲလား။
ကမ္ဘာတစ်ဝန်းက လူသန်းချီဟာ အဲဒီမေးခွန်းတွေအပြင် တခြားမေးခွန်းတွေအတွက် ကျမ်းစာအဖြေကို ဆန်းစစ်ရင်း ဘဝတိုးတက်ကောင်းမွန်လာကြတယ်။
လုပ်ဆောင်နိုင်ရာ။ ကျမ်းစာသွန်သင်ချက်ကို ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။ ကျမ်းစာ နားလည်အောင် ယေဟောဝါသက်သေတစ်ဦးဆီ အကူအညီ တောင်းပါ။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် jw.org ကို ဝင်ကြည့်ပါ။ လူအများအတွက် အခမဲ့ ကျင်းပတဲ့ အစည်းအဝေးတွေကို တက်ရောက်ကြည့်ပါ။
တခြား ကျမ်းစာ အခြေခံမူများ
ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယိုကို ကြည့်ပါ။ jw.org မှာ ဘာသာစကား ၈၈၀ ကျော်နဲ့ ရနိုင်ပါတယ်။
ဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိဖို့ လိုကြောင်း သတိပြုပါ။
“ဘုရားသခင်ကို မှီခိုဖို့ လိုအပ်မှန်း သိမြင်သူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။”—မဿဲ ၅:၃။
ကျမ်းစာမှာပါတဲ့ ဘုရားသခင်အကြောင်း ထပ်လေ့လာပါ။
“ဘုရားသခင်ကို . . . ရှာမယ်ဆိုရင် တကယ်ပဲ တွေ့နိုင်မယ်။ . . . ဘုရားသခင်ဟာ ကျွန်တော်တို့တစ်ယောက်နဲ့မှ မဝေးပါဘူး။”—တမန်တော် ၁၇:၂၇။
ကျမ်းစာသတင်းတရားကို ဖတ်ရှုဆင်ခြင်ပါ။
“သူဟာ ယေဟောဝါaရဲ့ ပညတ်မှာ ပျော်မွေ့ပြီး ပညတ်တော်ကို နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်တယ်။ . . . လုပ်သမျှ အောင်မြင်လိမ့်မယ်။”—ဆာလံ ၁:၂၊ ၃။
a ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင့်နာမည် ဖြစ်ပါတယ်။