ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၀ အမှတ် ၂ စာ. ၆-၇
  • ဆင်းရဲဒုက္ခတွေအတွက် ဘုရားကို အပြစ်တင်လို့ ရမလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင်းရဲဒုက္ခတွေအတွက် ဘုရားကို အပြစ်တင်လို့ ရမလား
  • နိုးလော့!—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဲဒီအချက်ကို ဘာကြောင့် သိဖို့ လိုသလဲ
  • စဉ်းစားကြည့်ပါ
  • ကျမ်းစာ သွန်သင်ရာ
  • မာတိကာ
    နိုးလော့!—၂၀၂၀
  • သမ္မာကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • မေးခွန်း ၃– ကျွန်ုပ်ကို ဘာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ခံစားစေတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၀
န၂၀ အမှတ် ၂ စာ. ၆-၇
ချာ့ချ်မှာ တရားဟောဆရာက ဝမ်းနည်းပူဆွေးနေသူတွေရှေ့ ကျမ်းစာကိုင်ပြီး တရားဟောနေ။

၁။ ဆင်းရဲဒုက္ခတွေအတွက် ဘုရားကို အပြစ်တင်လို့ ရမလား

အဲဒီအချက်ကို ဘာကြောင့် သိဖို့ လိုသလဲ

လူများစွာက ဆင်းရဲဒုက္ခတွေဟာ ဘုရားကြောင့် ဖြစ်တာလို့ ထင်တဲ့အတွက် ဘုရားကို ဝတ်မပြုချင်ကြတော့ဘူး။

စဉ်းစားကြည့်ပါ

ဘာသာရေးခေါင်းဆောင် များစွာက ဆင်းရဲဒုက္ခ ခံရတာဟာ ဘုရားကြောင့်လို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ သွန်သင်ကြတယ်။ ဥပမာ၊ တချို့က ဒီလို ပြောတယ်–

  • သဘာဝဘေးတွေ ကြုံရတာဟာ ဘုရား ဒဏ်ခတ်လို့ ဖြစ်တယ်။

  • ကလေးတွေ သေဆုံးရတာဟာ ကောင်းကင်မှာ ကောင်းကင်တမန်တွေ လိုလို့ ဘုရားခေါ်တာ ဖြစ်တယ်။

  • ဆင်းရဲဒုက္ခ အများစုရဲ့ အကြောင်းရင်းဖြစ်တဲ့ စစ်ပွဲတွေမှာ ဘုရားကိုယ်တိုင် ဝင်ပါနေတယ်။

ဘုရားနဲ့ပတ်သက်ပြီး ဘာသာရေး ခေါင်းဆောင်တွေရဲ့ သွန်သင်ချက်တွေ မှားနေတယ် ဆိုရင်ကော။ သူတို့ကို ဘုရား လက်မခံဘူး ဆိုရင်ကော။

ထပ်သိချင်ရင်

ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

ကျမ်းစာ သွန်သင်ရာ

ဆင်းရဲဒုက္ခကို ဘုရား ဖြစ်စေတာ မဟုတ်ဘူး။

ဆင်းရဲဒုက္ခကို ဘုရား ဖြစ်စေတာဆိုရင် ကျမ်းစာမှာပါတဲ့ ဘုရားရဲ့ အရည်အသွေးတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားမယ်။ ဥပမာ–

“နည်းလမ်းတော်တွေ တရားမျှတတယ်။ . . . ဖြောင့်မတ်၊ မှန်ကန်တဲ့ ဘုရားပဲ။”—တရားဟောရာ ၃၂:၄။

“စစ်မှန်တဲ့ ဘုရားသခင်က ဆိုးညစ်တာကို ဘယ်တော့မှ မလုပ်ဘူး။ အနန္တတန်ခိုးရှင်က မကောင်းတာကို လုံးဝ မလုပ်ဘူး။”—ယောဘ ၃၄:၁၀။

“အနန္တတန်ခိုးရှင်က အမှန်တရားကို ကပြောင်းကပြန် ဖြစ်အောင် မလုပ်ဘူး။”—ယောဘ ၃၄:၁၂။

မိမိအကြောင်း မှားယွင်းစွာ သွန်သင်တဲ့ ဘာသာရေးကို ဘုရား ငြင်းပယ်တယ်။

အဲဒီထဲမှာ ဆင်းရဲဒုက္ခကို ဘုရား ဖြစ်စေတယ်လို့ သွန်သင်တဲ့၊ စစ်ပွဲနဲ့ အကြမ်းဖက်မှုမှာ ပါဝင်ပတ်သက်တဲ့ ဘာသာရေးတွေ ပါဝင်တယ်။

“အဲဒီပရောဖက်တွေ ငါ့ (ဘုရား) နာမည် သုံးပြီး မဟုတ်မမှန်တာတွေ ဟောနေတယ်။ သူတို့ကို ငါစေလွှတ်တာ မဟုတ်ဘူး။ အဲဒီလို ငါ မမိန့်မှာခဲ့သလို ပြောလည်း မပြောခဲ့ဘူး။ မမှန်တဲ့ စိတ်အာရုံတွေ၊ . . . စိတ်ရဲ့ လှည့်စားမှုတွေအတိုင်း ပရောဖက်ပြုနေကြတာ။”—ယေရမိ ၁၄:၁၄။

ဘာသာရေး အရေခြုံမှုကို ယေရှု ပြစ်တင်ရှုတ်ချတယ်။

“‘သခင်၊ သခင်’ လို့ ကျွန်တော့်ကို ခေါ်တဲ့သူတိုင်း ကောင်းကင်နိုင်ငံကို ဝင်ရမှာ မဟုတ်ဘူး။ ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော့်အဖရဲ့ အလိုတော်ကို ဆောင်တဲ့သူပဲ ဝင်ရလိမ့်မယ်။ အဲဒီနေ့မှာ လူအများက ‘သခင်၊ သခင်၊ ကျွန်တော်တို့ သခင့်နာမည်ကို သုံးပြီး ပရောဖက်ပြုခဲ့တယ်၊ နတ်ဆိုးတွေကို နှင်ထုတ်ခဲ့တယ်၊ အံ့ဖွယ်အမှုတွေကိုလည်း လုပ်ပြခဲ့တယ် မဟုတ်လား’ ဆိုပြီး ပြောကြလိမ့်မယ်။ အဲဒီအခါ ကျွန်တော်က ‘တရားမဲ့သူတို့၊ မင်းတို့ကို ငါ လုံးဝ မသိဘူး။ ငါ့ရှေ့က ထွက်သွားကြ’ ဆိုပြီး သူတို့ကို ပြောမယ်။”—မဿဲ ၇:၂၁-၂၃။

ဆင်းရဲဒုက္ခတွေအတွက် ဘုရားကို အပြစ်တင်လို့ ရမလား

ဖခင်တစ်ယောက်က သားသမီးတွေကို အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်တယ်။ နောက်ပိုင်း သားတစ်ယောက်က အိမ်ကနေ ထွက်သွားပြီး မကောင်းတဲ့ လမ်းစဉ်ကို လိုက်တယ်။ သားရဲ့ လုပ်ရပ်အတွက် ဖခင်မှာ တာဝန်ရှိသလား။ ဖြစ်လာတဲ့ ပြဿနာတွေအတွက် ဖခင်ကို အပြစ်တင်လို့ ရမလား။ အဲဒီလိုပဲ ကျွန်တော်တို့ရဲ့ ဆင်းရဲဒုက္ခအတွက် ဘုရားကို အပြစ်တင်လို့ မရဘူး။

ဒါဆိုရင် ဆင်းရဲဒုက္ခတွေအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမလား

မေးခွန်း ၂ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ