ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၁ အမှတ် ၂ စာ. ၁၃-၁၅
  • နည်းပညာက အတွေးအခေါ်ကို ထိခိုက်စေနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နည်းပညာက အတွေးအခေါ်ကို ထိခိုက်စေနိုင်
  • နိုးလော့!—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိထားသင့်တဲ့ အချက်များ
  • လုပ်ဆောင်နိုင်တဲ့ အချက်များ
  • အလုပ်အများကြီးကို တစ်ပြိုင်တည်း လုပ်တာ ကောင်းသလား
    လူငယ်များအမေး
  • နည်းပညာတွေကို သူ့နေရာသူ ထားနိုင်ပုံ
    မိသားစုအတွက် အကူအညီ
  • နည်းပညာကို ချင့်ချင့်ချိန်ချိန်နှင့် ငွေကုန်ကြေးကျသက်သာအောင် အသုံးပြုပါ
    နိုးလော့!—၂၀၀၉
  • အာရုံစိုက်နိုင်အောင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၁
န၂၁ အမှတ် ၂ စာ. ၁၃-၁၅
အမျိုးသားတစ်ယောက် ချက်ပြုတ်ရင်း ချက်ပြုတ်နည်း ဗီဒီယိုကို ကြည့်နေစဉ်။

နည်းပညာက အတွေးအခေါ်ကို ထိခိုက်စေနိုင်

လူတွေဟာ ကျောင်း၊ အလုပ်နဲ့ တခြားအကြောင်းတွေကြောင့် လေ့လာသင်ယူနေကြရတယ်။ နည်းပညာကြောင့် အိမ်ထဲကနေ ထွက်စရာ မလို၊ ထိုင်ရာက ထစရာ မလိုဘဲ အကြောင်းအရာ များစွာကို အလွယ်တကူ လေ့လာဆည်းပူးနိုင်ကြပြီ။

ဒါပေမဲ့ နည်းပညာကို အလွန်အကျွံ အသုံးပြုနေကြသူ များစွာဟာ

  • စာဖတ်တဲ့အခါ အာရုံ သိပ်မစိုက်နိုင်ကြဘူး။

  • အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ဖို့ ခက်လာကြတယ်။

  • တစ်ယောက်တည်း မနေတတ်ကြတော့ဘူး။

သိထားသင့်တဲ့ အချက်များ

ဆယ်ကျော်သက်တစ်ယောက် တစ်ချိန်တည်းမှာ အလုပ် နှစ်မျိုး၊ သုံးမျိုး လုပ်နေစဉ်။ ဖုန်းနဲ့ စာတိုပို့၊ သူငယ်ချင်းကို ဗီဒီယိုနဲ့ စကားပြော၊ ကွန်ပျူတာကိုလည်း သုံး၊ ကျောင်းစာလည်း လုပ်နေစဉ်။

စာဖတ်ခြင်း

တချို့သူတွေဟာ စာကို အစအဆုံး စိတ်ရှည်လက်ရှည် ဖတ်မယ့်အစား အဓိက အချက်ကို သိဖို့ ခပ်မြန်မြန် ဖတ်ကြတယ်။

မေးခွန်းတစ်ခုအတွက် အဖြေ ချက်ချင်း လိုချင်ရင် ခပ်မြန်မြန် ဖတ်သွားတာက အဆင်ပြေပါတယ်။ ဒါပေမဲ့ အကြောင်းအရာကို သေသေချာချာ နားလည်ဖို့ လိုတယ်ဆိုရင်တော့ စိတ်ရှည်လက်ရှည် ဖတ်ဖို့ လိုတယ်။

စဉ်းစားကြည့်ပါ– သိပ်ရှည်တဲ့ စာတွေကို သင်ဘယ်လို ဖတ်သလဲ။ ဖတ်ရှုလေ့လာရာမှာ ဘယ်လိုနည်းနဲ့ တိုးတက်နိုင်သလဲ။—ပညာအလိမ္မာ ၁၈:၁၅။

အာရုံစိုက်မှု

နည်းပညာကြောင့် အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နိုင်လာတယ်လို့ တချို့ ထင်ကြတယ်။ ဥပမာ၊ စာလေ့လာနေရင်း သူငယ်ချင်းတွေဆီ စာရေးတယ်။ ဒါပေမဲ့ အာရုံပျံ့နေလို့ အဲဒီအလုပ် နှစ်ခုစလုံးက အရည်အသွေး မပြည့်မီတော့ဘူး။ အထူးသဖြင့် အာရုံစိုက်ပြီး လုပ်ရမယ့် အလုပ်တွေမှာ ဖြစ်တယ်။

အာရုံစိုက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ဖို့ လိုတယ်။ ကြပ်မတ်ရကျိုး နပ်ပါတယ်။ “အမှား နည်းတယ်၊ ဖိစီးမှု နည်းတယ်။ အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်တာက ပိုကောင်းမှန်း သိလာတယ်။ အာရုံပျံ့ပြီး စိတ်ရှုပ်ရတာမျိုး မဖြစ်တော့ဘူး” လို့ ဆယ်ကျော်သက် ဂရေ့စ် ပြောတယ်။

စဉ်းစားကြည့်ပါ– နည်းပညာ သုံးပြီး အလုပ် နှစ်မျိုးကို တစ်ပြိုင်တည်း လုပ်လို့ လေ့လာနေတဲ့ အကြောင်းအရာကို အာရုံမစိုက်နိုင်တာမျိုး၊ မမှတ်မိတာမျိုး ဖြစ်သလား။—ပညာအလိမ္မာ ၁၇:၂၄။

တစ်ယောက်တည်း မနေတတ်ခြင်း

တချို့သူတွေက တစ်ယောက်တည်း မနေတတ်လို့ နည်းပညာကို အသုံးပြုကြတယ်။ “ဖုန်း၊ တက်ဘလက်၊ တီဗွီ မဖွင့်ဘဲ ၁၅ မိနစ်လောက် နေလိုက်ရင် ပျင်းလာတယ်” ဆိုပြီး အိုလစ်ဗီယာလို့ ခေါ်တဲ့ အမျိုးသမီး ဝန်ခံတယ်။

လူငယ်တွေပဲ မဟုတ်ဘူး၊ လူကြီးတွေလည်း တစ်ယောက်တည်း ရှိနေတဲ့အချိန်ဟာ လေ့လာထားတာတွေကို လေးလေးနက်နက် ပြန်စဉ်းစားတွေးတောနိုင်တဲ့ အချိန်ကောင်းပါပဲ။

စဉ်းစားကြည့်ပါ– တစ်ယောက်တည်း ရှိနေတဲ့အချိန်ကို အကျိုးရှိရှိ အသုံးပြုနေသလား။—၁ တိမောသေ ၄:၁၅။

လုပ်ဆောင်နိုင်တဲ့ အချက်များ

နည်းပညာကို ဘယ်လို သုံးနေသလဲဆိုတာ ဆန်းစစ်ပါ

သင့်ရဲ့ အတွေးအခေါ် တိုးတက်လာအောင် နည်းပညာကို ဘယ်လို သုံးနိုင်သလဲ။ နည်းပညာက သင့်ရဲ့ အာရုံစိုက်နိုင်စွမ်း၊ သင်ယူနိုင်စွမ်းကို ထိခိုက်စေသလား။

ကျမ်းစာ အခြေခံမူ– “လက်တွေ့ကျဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ။”—ပညာအလိမ္မာ ၃:၂၁။

ကိုယ့်ကိုယ်ကိုယ် မေးပါ

  • သိပ်ရှည်တဲ့စာကို ဖတ်နေချိန်မှာ အာရုံစိုက်ဖို့ ခက်သလား။ ခက်တယ်ဆိုရင် ဘာကြောင့် ခက်တာ ဖြစ်မလဲ။

  • အာရုံမထွေပြားအောင်၊ အာရုံမပျံ့လွင့်အောင် ဘယ်အချက်တွေ လုပ်နိုင်သလဲ။

အကြံပြုချက်– အစပိုင်းမှာ နည်းနည်းစီပဲ ဖတ်ပါ။ နောက်မှ တဖြည်ဖြည်း တိုးဖတ်သွားပါ။ အာရုံစိုက်နိုင်အောင် အသံထွက် ဖတ်ပါ။

  • ဖတ်ထားတာတွေကို ပြန်တွေးတောဆင်ခြင်ဖို့ အချိန်ပေးသလား။

အကြံပြုချက်– လေ့လာထားတာကို ပြန်သုံးသပ်ဖို့ လေ့လာမှုကို အဆုံးမသတ်ခင် အချိန် ၁၀ မိနစ် ဖယ်ထားပါ။

  • ဘယ်လို အခြေအနေတွေမှာ အလုပ်တစ်ခုထက်မကကို တစ်ပြိုင်တည်း လုပ်ပြီး အာရုံပျံ့လွင့်တတ်သလဲ။

  • တစ်ကြိမ်မှာ အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ဖို့ ဘာလုပ်နိုင်သလဲ။

အကြံပြုချက်– စာလေ့လာနေတဲ့အချိန်မှာ အာရုံပျံ့လွင့်စရာ ပစ္စည်းတွေကို အနားမှာ မထားပါနဲ့။

ကျမ်းစာ အခြေခံမူ– “ဉာဏ်ပညာကို ဆည်းပူးပါ။ သိနားလည်နိုင်စွမ်းကို ဆည်းပူးပါ။”—ပညာအလိမ္မာ ၄:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ