ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၃ အမှတ် ၁ စာ. ၆-၈
  • ပင်လယ်သမုဒ္ဒရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပင်လယ်သမုဒ္ဒရာ
  • နိုးလော့!—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပင်လယ်သမုဒ္ဒရာတွေရဲ့ ရင်လေးစရာ အနာဂတ်
  • ကမ္ဘာမြေကို ဆက်ရှင်သန်နိုင်အောင် ပုံစံပြုထား
  • လူ့ကြိုးပမ်းအားထုတ်မှုများ
  • ကမ္ဘာမြေအတွက် မျှော်လင့်ချက်—ကျမ်းစာအဆို
  • “ပင်လယ်စည်းစိမ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • မာတိကာ
    နိုးလော့!—၂၀၂၃
  • ရှင်သန်နေသော ဂြိုဟ်
    နိုးလော့!—၂၀၀၉
  • ဒီ နိုးလော့! စာစောင်မှာ
    နိုးလော့!—၂၀၂၃
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၃
န၂၃ အမှတ် ၁ စာ. ၆-၈
ရေငုပ်သမားတစ်ဦး ပင်လယ်ထဲမှာ ရေကူးနေစဉ်။ သူ့ပတ်လည်မှာ ရောင်စုံငါးတွေ၊ သန္တာတွေနဲ့ ရေအောက်အပင်တွေကို တွေ့ရ။

Georgette Douwma/Stone via Getty Images

ကမ္ဘာမြေ ဆက်ရှင်သန်နိုင်မလား

ပင်လယ်သမုဒ္ဒရာ

ပင်လယ်သမုဒ္ဒရာတွေက ကျွန်တော်တို့အတွက် အစားအစာနဲ့ ဆေးဝါးထုတ်လုပ်ရာမှာ လိုအပ်တဲ့ပစ္စည်း မြောက်မြားစွာကို ထောက်ပံ့ပေးနေတယ်။ ကမ္ဘာ့အောက်စီဂျင် ထက်ဝက်ကျော်ကို ထုတ်လုပ်ပေးနေတဲ့အပြင် လူတွေ နည်းမျိုးစုံနဲ့ ထုတ်လွှတ်တဲ့ ကာဗွန်ဓာတ်ငွေ့တွေကိုလည်း စုပ်ယူပေးတယ်။ ကမ္ဘာ့ရာသီဥတု ပုံမှန်လည်ပတ်နိုင်တာလည်း ပင်လယ်သမုဒ္ဒရာတွေကြောင့်ပါ။

ပင်လယ်သမုဒ္ဒရာတွေရဲ့ ရင်လေးစရာ အနာဂတ်

ရာသီဥတုပြောင်းလဲမှုကြောင့် သန္တာကျောက်တန်းတွေ၊ ခရုကမာတွေနဲ့ တခြားပင်လယ်သတ္တဝါတွေ အန္တရာယ် ကြုံနေပြီ။ ပင်လယ်နေသက်ရှိ လေးပုံတစ်ပုံကို ပံ့ပိုးပေးနေတဲ့ သန္တာကျောက်တန်းအားလုံးနီးပါးဟာ အနှစ် ၃၀ အတွင်း သေဆုံးသွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ခန့်မှန်းကြတယ်။

ပင်လယ်ပျော်ငှက် ၉၀ ရာခိုင်နှုန်းနီးပါးက ပလတ်စတစ်တွေ စားမိကြတယ်၊ ပင်လယ်နေသတ္တဝါ သန်းနဲ့ချီ နှစ်စဉ် သေဆုံးနေတာ ပလတ်စတစ်စားမိလို့ ဖြစ်ရမယ်ဆိုပြီး ပညာရှင်တွေ ခန့်မှန်းတယ်။

“ကျွန်တော်တို့ ဂရုမစိုက်ဘဲ ပစ်ထားတဲ့ ပင်လယ်ကြီးဟာ အခု အရေးပေါ်အခြေအနေ ကြုံနေရပြီ” လို့ ၂၀၂၂ ခုနှစ်တုန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် ပြောကြားခဲ့တယ်။

ကမ္ဘာမြေကို ဆက်ရှင်သန်နိုင်အောင် ပုံစံပြုထား

ပင်လယ်နဲ့ ပင်လယ်နေ သက်ရှိတွေက ပင်လယ်သမုဒ္ဒရာကြီးကို သန့်စင်ပေးနိုင်ကြတယ်။ လူတွေရဲ့လုပ်ရပ်ကြောင့်သာ အဆမတန် ညစ်ညမ်းနေတာပါ။ လူတွေသာ ညစ်ညမ်းအောင်မလုပ်ရင် “ပင်လယ်တွေဟာ သူ့အလိုလို ပြန်လည်ကုစားနိုင်ကြမှာ” ဆိုပြီး စာအုပ်တစ်အုပ် (Regeneration: Ending the Climate Crisis in One Generation) မှာ ရေးသားဖော်ပြထားတယ်။ အောက်ပါနမူနာတချို့ကို သုံးသပ်ကြည့်ပါ–

  • ဖိုက်တိုပလန်တန် (phytoplankton) လို့ခေါ်တဲ့ အဏုဇီဝ ရေမှော်တစ်မျိုးဟာ ကမ္ဘာချီပူနွေးမှုကို ဖြစ်စေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို သိုလှောင်စားသုံးပေးတယ်။ ကုန်းမြေပေါ်က မြက်ပင်ကအစ ရှိရှိသမျှ သစ်ပင်ကြီးငယ်အားလုံးထဲမှာ သိုလှောင်ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏနီးနီးကို ဖိုက်တိုပလန်တန်ရေမှော်က သိုလှောင်ပေးထားတာပါ။

  • ငါးအသေတွေကို စားသုံးပေးတဲ့ အဏုဇီဝပိုးမွှားတွေသာ မရှိရင်လည်း ပင်လယ်ကြီး ညစ်ညမ်းလာမှာ။ အဲဒီအဏုဇီဝပိုးမွှားတွေကို တခြားပင်လယ်နေအကောင်တွေက ပြန်စားကြတယ်။ ဒီလိုနည်းနဲ့ “ပင်လယ်သမုဒ္ဒရာထဲက ရေတွေ ကြည်လင်သန့်ရှင်းနေတာပါ” လို့ ဝက်ဘ်ဆိုက်တစ်ခု (Smithsonian Institution Ocean Portal) မှာ ဖော်ပြထားတယ်။

  • ပင်လယ်နေ သတ္တဝါ အများစုရဲ့ အစာခြေစနစ်က သန္တာကောင်တွေ၊ ခရုကမာတွေနဲ့ တခြားသတ္တဝါတွေကို အန္တရာယ်ပြုတဲ့ ပင်လယ်ရေထဲက အက်ဆစ်ဓာတ်ကို ချေဖျက်ပေးကြတယ်။

    သင်သိပါသလား

    ပင်လယ်မြက်နဲ့ ပင်လယ်ပြင်ရဲ့ကျန်းမာရေး

    ကမ်းခြေကို ပင်လယ်လှိုင်း ချဉ်းကပ်လာပုံကို ကန့်လန့်ဖြတ် ဖော်ပြထားပုံ။ ပင်လယ်ကြမ်းပြင်၊ ပင်လယ်မြက်နဲ့ ပင်လယ်သတ္တဝါတွေကို တွေ့ရ။ ပင်လယ်လှိုင်း ကမ်းခြေကို ချဉ်းကပ်လာတဲ့အခါ ပင်လယ်မြက်တွေက ပင်လယ်လှိုင်းရဲ့ အရွယ်အစားနဲ့ အမြန်နှုန်းကို လျော့ကျစေပြီး ရေထဲမှာပါလာတဲ့ အနည်အနှစ်တွေကို အနည်ထိုင်စေ။ ငါးတွေနဲ့ တခြားပင်လယ်သတ္တဝါတွေက မြက်တွေကြားမှာ ရှင်သန်သွားလာနေကြ။ ကမ်းခြေကို ရောက်လာတဲ့ရေက ကြည်လင်သန့်ရှင်းပြီး ရေလှိုင်း ပြေသွား။

    ပင်လယ်မြက်တွေက ရေထဲက အနည်အနှစ်တွေကို အနည်ထိုင်စေပြီး ပင်လယ်ကြမ်းပြင်ကို ငြိမ်စေတယ်၊ သန္တာကျောက်တန်းတွေကို ကျန်းမာသန်စွမ်းစေတယ်၊ ရေလှိုင်းတွေကို တဖြည်းဖြည်း ငယ်လာအောင်လုပ်ပေးပြီး ပင်လယ်ကမ်းခြေက သဲတွေ တိုက်စားမခံရအောင် ကာကွယ်ပေးတယ်။

လူ့ကြိုးပမ်းအားထုတ်မှုများ

ရုပ်ပုံများ– ၁။ အမျိုးသားတစ်ယောက်က ပြန်သုံးလို့ရတဲ့ အိတ်ထဲက ပစ္စည်းတွေကို မီးဖိုချောင်စားပွဲပေါ် ထုတ်နေစဉ်။ ၂။ အမျိုးသမီးတစ်ယောက်က ပြန်အသုံးပြုနိုင်တဲ့ ရေဘူးထဲ ရေဖြည့်နေစဉ်။

ပြန်လည်အသုံးပြုနိုင်တဲ့ အိတ်တွေ၊ ရေဘူးတွေ သုံးခြင်းအားဖြင့် ပင်လယ်ထဲ ပလတ်စတစ်စွန့်ပစ်မှု လျှော့ချရေးမှာ ပါဝင်ပံ့ပိုးနိုင်

ပင်လယ်ထဲသာ အမှိုက်မရောက်ရင် ရှင်းစရာလိုမှာ မဟုတ်ဘူး။ ဒါကြောင့် ပလတ်စတစ်အိတ်တွေ၊ ဘူးတွေ၊ ပစ္စည်းတွေကို တစ်ကြိမ်တစ်ခါပဲ သုံးပြီး လွှင့်ပစ်လိုက်မယ့်အစား ပြန်သုံးကြဖို့ ပညာရှင်တွေ တိုက်တွန်းကြတယ်။

မကြာသေးခင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုဟာ နိုင်ငံပေါင်း ၁၁၂ နိုင်ငံရဲ့ ကမ်းခြေတွေမှာ ပင်လယ်ဒီရေကြောင့် တင်ကျန်ခဲ့တဲ့ အမှိုက်သရိုက် တန်ချိန် ၉,၂၀၀ ကို ဖယ်ရှားပေးခဲ့ကြတယ်။ ဒါဟာ ပင်လယ်ထဲကို တစ်နှစ်တစ်နှစ် ရောက်သွားတဲ့ အမှိုက်စုစုပေါင်းရဲ့ တစ်ထောင်ပုံ တစ်ပုံလောက်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ပင်လယ်ကြီးကို ကာကွယ်နိုင်ဖို့ အများကြီး ကြိုးစားရဦးမယ်။

မဂ္ဂဇင်းတစ်စောင် (National Geographic) မှာလည်း အခုလို ရေးသားထားတယ်– ‘လူတွေက ဇီဝရုပ်ကြွင်းလောင်စာအများကြီး ရှို့နေတော့ ပင်လယ်သတ္တဝါတွေခမျာ ကာဗွန်ဒိုင်အောက်ဆိုက်ကို တရစပ် စုပ်ယူနေရတယ်။ ဒါကြောင့် ပင်လယ်ထဲမှာ အက်ဆစ်ဓာတ်တွေ တအားများနေပြီ။ ပင်လယ်ကြီးကို ပြန်သန့်စင်အောင်လုပ်ဖို့ အလျင်မမီနိုင်အောင် ဖြစ်နေတယ်။’

ကမ္ဘာမြေအတွက် မျှော်လင့်ချက်—ကျမ်းစာအဆို

“ကမ္ဘာမြေဟာ ကိုယ်တော့်လက်ရာတွေနဲ့ ပြည့်နေတယ်။ အတိုင်းမသိများတဲ့ သတ္တဝါကြီးငယ်တို့ နေထိုင်ရာ အပြောကျယ်တဲ့ ပင်လယ်ကြီး ရှိပါတယ်။”—ဆာလံ ၁၀၄:၂၄၊ ၂၅။

ကျွန်တော်တို့ကို ဖန်ဆင်းထားတဲ့အရှင်က ပင်လယ်ကို ဖန်ဆင်းထားရုံသာမက ပင်လယ်ကို မိမိဘာသာ သန့်စင်နိုင်အောင်လည်း ပုံစံပြုထားတယ်။ စဉ်းစားကြည့်ပါ– ဖန်ဆင်းရှင်က ပင်လယ်အကြောင်း၊ ပင်လယ်သတ္တဝါအားလုံးအကြောင်း ဒီလောက်တောင် သိထားမှတော့ ပင်လယ်ကြီးရဲ့ ထိခိုက်ပျက်စီးမှုတွေကို မကုစားနိုင်ဘဲ နေပါ့မလား။ စာမျက်နှာ ၁၅ ရှိ “ကမ္ဘာမြေ ဆက်ရှင်သန်မယ်လို့ ဘုရားသခင် ကတိပြု” ဆောင်းပါးကို ကြည့်ပါ။

ထပ်လေ့လာကြည့်ပါ

ပိုင်းလော့ ဝေလငါးတွေ သမုဒ္ဒရာထဲမှာ ကူးခတ်နေစဉ်။

Blue Planet Archive/Doug Perrine

သင်္ဘောကိုယ်ထည်မှာ ကပ်နေတဲ့ ခရင်းကောင်တွေကို ဖယ်ရှားရာမှာ အန္တရာယ်ကင်း ထိရောက်တဲ့နည်းလမ်းတစ်ခုကို သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ပုံကို သိဖို့ “ပိုင်းလော့ ဝေလငါးရဲ့ အလိုအလျောက် သန့်စင်နိုင်စွမ်းရှိတဲ့ အရေခွံ” ဆောင်းပါးကို jw.org မှာ ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ