ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • pr အပိုင်း ၇ စာ. ၂၅-၂၈
  • ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလုနီးပြီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလုနီးပြီ
  • ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်စီရင်ချက်များ
  • ကောင်းကင်မှဘုရားသခင့်အုပ်ချုပ်မှု
  • ကျွန်ုပ်တို့မည်မျှနီးကပ်နေသနည်း
  • သတင်းကောင်းဟောပြောခြင်း
  • “နောက်ဆုံးကာလ” တွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သိနိုင်ပုံ
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်ုပ်တို့ အသက်ရှင်နေကြပါသလား
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဒီလောကရဲ့အဆုံး နီးပြီလား
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • အဆုံးနဲ့ပတ်သက်တဲ့ မေးခွန်းလေးခုရဲ့ အဖြေများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
pr အပိုင်း ၇ စာ. ၂၅-၂၈

အပိုင်း ၇

ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလုနီးပြီ

၁၊ ၂။ ဆိုးသွမ်းမှုနှင့် ဆင်းရဲဒုက္ခနိဂုံးချုပ်ရန် ဘုရားသခင်အရေးယူလုပ်ဆောင်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့်စိတ်ချနိုင်သနည်း။

၁ ဘုရားသခင်သည် မစုံလင်မှုနှင့်ဆင်းရဲဒုက္ခကို လူ့ရှုထောင့်အရ ကြာမြင့်စွာခွင့်ပြုထားသော်လည်း ဆိုးဝါးသည့်အခြေအနေများကို အကန့်အသတ်မရှိ ဆက်လက်တည်ရှိခွင့်ပြုမည်မဟုတ်ပါ။ ဘုရားသခင်၌ ဤအရာများကိုခွင့်ပြုသည့် အချိန်အကန့်အသတ်ရှိကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အားဖော်ပြသည်။

၂ “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။” (ဒေသနာ ၃:၁) ဆိုးသွမ်းမှုနှင့် ဆင်းရဲဒုက္ခတို့ကို ဘုရားသခင်ခွင့်ပြုချိန်ကုန်ဆုံးသောအခါ လူ့ရေးလူ့ရာများတွင် ဘုရားသခင်ကြားဝင်တော့မည်။ ဆိုးသွမ်းမှုနှင့်ဆင်းရဲဒုက္ခတို့ကို ကိုယ်တော်နိဂုံးချုပ်ပြီး ပရဒိသုအခြေအနေတွင် အကြွင်းမဲ့ငြိမ်းချမ်းရေးနှင့် စီးပွားရေးဆိုင်ရာလုံခြုံမှုကို မွေ့လျော်ကြမည့် စုံလင်၍ပျော်ရွှင်သော လူ့မိသားစုနှင့် ကမ္ဘာကိုပြည့်စေခြင်းအားဖြင့် မိမိ၏မူလရည်ရွယ်ချက်ကို ပြည့်စုံစေမည်။

ဘုရားသခင့်စီရင်ချက်များ

၃၊ ၄။ နယပုံပြင်ကျမ်းစာစောင်က ဘုရားသခင့်ကြားဝင်လုပ်ဆောင်မှု၏ ရလဒ်ကို မည်သို့သရုပ်ဖော်ထားသနည်း။

၃ ဘုရားသခင်၏ ကြားဝင်လုပ်ဆောင်မှု၊ တစ်နည်းအားဖြင့် ကိုယ်တော့်စီရင်ချက်များ၏အကျိုးရလဒ်သည် မကြာမီ လူ့မိသားစုအတွက် မည်သို့အဓိပ္ပာယ်သက်ရောက်လာမည်ကို ဖော်ပြသော ပရောဖက်ပြုချက်များစွာတို့အနက်မှ အချို့ကို မှတ်သားပါ–

၄ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး၊ ကဘ] ၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။ အဓမ္မလူတို့မူကား ပြည်တော် [မြေကြီး၊ ကဘ] မှပယ်ရှင်းခြင်း၊ လွန်ကျူးသောသူတို့သည် နုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။”​—သု. ၂:၂၁၊ ၂၂။

၅၊ ၆။ ဘုရားသခင်ကြားဝင်လုပ်ဆောင်သောအခါ ဘာဖြစ်မည်နှင့်ပတ်သက်၍ ဆာလံ ၃၇ ကမည်သို့ဖော်ပြသနည်း။

၅ “ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံရကြလိမ့်မည်။ ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”​—ဆာလံ ၃၇:၉-၁၁။

၆ “ထာဝရဘုရားကိုမျှော်လင့်၍ လမ်းတော်ကိုလျှောက်သွားလော့။ ပြည်တော် [မြေကြီး၊ ကဘ] ကိုအမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ဆုံးရှုံးခြင်းကို သင်သည်ကြည့်မြင်ရလိမ့်မည်။ စုံလင်ခြင်းတရားကို စောင့်ရှောက်လော့။ ဖြောင့်မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။ ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ရောက်၍ မတရားသောသူတို့သည် အဆုံး၌ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။”​—ဆာလံ ၃၇:၃၄၊ ၃၇၊ ၃၈။

၇။ ဘုရားသခင့်နှုတ်ကပါဌ်တော်က မည်သည့်လျောက်ပတ်သောသွန်သင်ချက်ကို ကျွန်ုပ်တို့အားပေးသနည်း။

၇ ထို့ကြောင့် ကျွန်ုပ်တို့အပေါ် အနန္တတန်ခိုးနှင့်ပြည့်စုံသောဖန်ဆင်းရှင်၏ အုပ်ချုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုသူများအတွက် ရောက်ရှိလာမည့် အံ့ချီးဖွယ်အနာဂတ်ကိုထောက်၍ ကျွန်ုပ်တို့ဤသို့တိုက်တွန်းခံရကြသည်– “ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။ အကြောင်းမူကား ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။” ဘုရားသခင့်အလိုတော်လုပ်ဆောင်ရန် ရွေးချယ်သူများအဖို့ ထာဝရအသက်ဆက်ခြင်းခံရမည်မှာအမှန်ပင်! ထို့ကြောင့် ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အား ဤသို့သွန်သင်ထားသည်– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။”​—သု. ၃:၁၊ ၂၊ ၅၊ ၆။

ကောင်းကင်မှဘုရားသခင့်အုပ်ချုပ်မှု

၈၊ ၉။ ဘုရားသခင်သည် ဤကမ္ဘာကို မည်သည့်နည်းဖြင့်သန့်စင်စေမည်နည်း။

၈ လူသားတို့တွင် တစ်ခါမျှမရှိခဲ့ဖူးသော အကောင်းဆုံးအစိုးရအားဖြင့် ကမ္ဘာမြေကြီးသန့်စင်မှုကို ဘုရားသခင်ပြီးမြောက်စေတော်မူမည်။ ဤအစိုးရသည် ဘုရားသခင့်ညွှန်ကြားမှုဖြင့် ကောင်းကင်မှနေ၍ အုပ်ချုပ်မည်ဖြစ်သောကြောင့် ကောင်းကင်ဉာဏ်ပညာကို ထင်ဟပ်သည့်အစိုးရဖြစ်သည်။ ထိုကောင်းကင်နိုင်ငံတော်သည် မြေကြီးပေါ်ရှိ ပုံစံအမျိုးမျိုးသော လူ့အုပ်ချုပ်ရေးတို့ကို ဖယ်ရှားပစ်မည်။ လူသားတို့သည် ဘုရားသခင်ကို မှီခိုအားထားမှုကင်းလျက် အုပ်ချုပ်ကြည့်ရန် နောင်ဘယ်တော့မျှ ရွေးချယ်ခွင့်ရကြတော့မည်မဟုတ်။

၉ ဤကိစ္စနှင့်ပတ်သက်၍ ဒံယေလ ၂:၄၄၊ ၄၅ ပါပရောဖက်ပြုချက်ဤသို့ဖော်ပြသည်– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို [ကောင်းကင်တွင်] ထိုမင်းကြီးများ [လက်ရှိအစိုးရများ] လက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ [ဘုရားသခင်အား မှီခိုအားထားခြင်းကင်းလျက် အုပ်ချုပ်ခွင့်ကို လူသားအားဘယ်တော့မျှမပေးတော့ဘဲ] အထက်ဆိုခဲ့ပြီးသော [ယခုတည်ရှိနေသည့်] နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”​—ဗျာဒိတ် ၁၉:၁၁-၂၁; ၂၀:၄-၆ ကိုလည်းရှု။

၁၀။ ဘုရားသခင်၏ ကောင်းကင်နိုင်ငံတော်အောက်တွင် အုပ်ချုပ်ရေးဖောက်ပြန်ယိုယွင်းမှု ဘယ်တော့မျှရှိမည်မဟုတ်ကြောင်း အဘယ်ကြောင့်ကျွန်ုပ်တို့သေချာနိုင်သနည်း။

၁၀ သို့နှင့် လူသားသည် ဖောက်ပြန်ယိုယွင်းသည့် မည်သည့်အုပ်ချုပ်မှုပုံစံဖြင့်မျှ အုပ်ချုပ်ခွင့်မရတော့ပါ။ အကြောင်းမှာ ဤစနစ်ကို ဘုရားသခင်အဆုံးသတ်ပြီးနောက်တွင် ကိုယ်တော်အား မှီခိုအားထားမှုကင်းသည့် လူ့အုပ်ချုပ်မှု ဘယ်တော့မျှရှိမည်မဟုတ်တော့သောကြောင့်ဖြစ်သည်။ ကောင်းကင်နိုင်ငံတော်အုပ်ချုပ်ရေး၏ မူလအမြစ်နှင့် ယင်းကို ထိန်းသိမ်းစောင့်ရှောက်သောအရှင်သည် ဘုရားသခင်ဖြစ်သောကြောင့် ထိုနိုင်ငံသည် ဖျက်ဆီးခြင်းမခံရပါ။ သို့ဖြစ်မည့်အစား ယင်း၏လက်အောက်ခံလူသားများ၏ အကောင်းဆုံးအကျိုးအတွက် ယင်းကလုပ်ဆောင်မည်။ ထိုအခါ ကောင်းကင်မှာကဲ့သို့ မြေကြီးတစ်ခွင်လုံးတွင် ဘုရားသခင့်အလိုတော်ပြည့်စုံလာမည်။ ထို့ကြောင့် မိမိ၏တပည့်တော်များအား ဘုရားသခင်ထံဆုတောင်းရန် ယေရှုသင်ကြားပေးနိုင်ခဲ့ခြင်းဖြစ်သည်– “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။”​—မဿဲ ၆:၁၀။

ကျွန်ုပ်တို့မည်မျှနီးကပ်နေသနည်း

၁၁။ ကျွန်ုပ်တို့သည် ဤစနစ်၏အဆုံးနှင့်မည်မျှနီးနေကြောင်း သတ်မှတ်နိုင်ရန် ကျွန်ုပ်တို့အားအကူအညီဖြစ်စေမည့် ပရောဖက်ပြုချက်ကို သမ္မာကျမ်းစာ၏မည်သည့်နေရာတွင် ကျွန်ုပ်တို့တွေ့နိုင်သနည်း။

၁၁ ဤရောင့်ရဲမှုကင်းသည့် အစီအစဉ်စနစ်၏နိဂုံးနှင့် ဘုရားသခင့်ကမ္ဘာသစ်၏အစသည် ကျွန်ုပ်တို့နှင့် မည်မျှနီးကပ်နေသနည်း။ ကျမ်းစာပရောဖက်ပြုချက်က ကျွန်ုပ်တို့အား ရှင်းလင်းစွာအဖြေပေးသည်။ ဥပမာ၊ သမ္မာကျမ်းစာပြောသည့် “အစီအစဉ်စနစ်၏အဆုံး” နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အနေအထားကို သတ်မှတ်နိုင်ရန် မည်သည့်အရာကိုမျှော်လင့်ရမည့်အကြောင်း ယေရှုကိုယ်တိုင်ကြိုတင်ပြောခဲ့သည်။ ယင်းတို့ကို မဿဲအခန်းကြီး ၂၄ နှင့် ၂၅၊ မာကု ၁၃၊ လုကာ ၂၁ တို့တွင် မှတ်တမ်းတင်ထားသည်။ ၂ တိမောသေ အခန်းကြီး ၃ (ကဘ) တွင်လည်း မှတ်တမ်းတင်ထားသည့်အရ အမျိုးမျိုးသောအဖြစ်အပျက်များက မည်သည့်အချိန်ကာလတွင် ကျွန်ုပ်တို့ရောက်ရှိနေကြောင်း သက်သေထူသော “နောက်ဆုံးကာလ” ဟုခေါ်သည့် အချိန်တစ်ချိန်ရှိမည်အကြောင်း တမန်တော်ပေါလုက ကြိုတင်ပြောထားခဲ့သည်။

၁၂၊ ၁၃။ နောက်ဆုံးကာလနှင့်ပတ်သက်၍ ယေရှုနှင့်ပေါလုတို့ ဘာပြောခဲ့ကြသနည်း။

၁၂ ထိုအချိန်ကာလပိုင်းသည် ဤအဖြစ်အပျက်များဖြင့် အစပြုမည်အကြောင်း ယေရှုပြောခဲ့သည်– “လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်၌ အစာခေါင်းပါးခြင်း၊ မြေကြီးလှုပ်ခြင်းများသည် ဖြစ်ကြလိမ့်မည်။” (မဿဲ ၂၄:၇၊ သမ္မာ) လုကာ ၂၁:၁၁ (သမ) တွင် “ကပ်ရောဂါသင့်ရောက်ခြင်း . . . အရပ်ရပ်ဖြစ်လျက်” ဟုလည်း ကိုယ်တော်ဖော်ပြခဲ့သည်။ “အဓမ္မမှုထူထပ်” ခြင်းကိုပါ ကိုယ်တော်သတိပေးခဲ့သည်။​—မဿဲ ၂၄:၁၂၊ သမ။

၁၃ တမန်တော်ပေါလု ဤသို့ကြိုတင်ပြောခဲ့သည်– “နောက်ဆုံးသောနေ့ရက်များ၌ ခဲယဉ်းသောကာလများဖြစ်မည်ဟု သိမှတ်လော့။ အကြောင်းမူကား လူတို့သည် ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ မာနထောင်လွှားသောသူ၊ ကဲ့ရဲ့သောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမသိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးထားသောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ကိုမချုပ်တည်းနိုင်သောသူ၊ ကြမ်းကြုတ်သောသူ၊ အကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ပျော်မွေ့ခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ . . . ဆိုးသွမ်းသောသူ၊ လှည့်ဖြားသောသူတို့မူကား လှည့်ဖြား၍၊ လှည့်ဖြားလည်းခံ၍ ဆိုးသွမ်းခြင်း၌တိုးတက်ကြလိမ့်မည်။”​—၂ တိမောသေ ၃:၁-၅၊ ၁၃၊ သမ္မာ။

၁၄၊ ၁၅။ ကျွန်ုပ်တို့သည် နောက်ဆုံးသောနေ့ရက်များအတွင်း အမှန်ရောက်ရှိနေကြောင်း ဤ ၂၀ ရာစုအဖြစ်အပျက်များက မည်သို့သက်သေထူသနည်း။

၁၄ ယေရှုနှင့်ပေါလုတို့ ကြိုပြောခဲ့သည့်အရာများသည် ကျွန်ုပ်တို့ခေတ်တွင် ဖြစ်ပျက်သလော။ ဖြစ်ပျက်ခဲ့သည်မှာသေချာပါသည်။ ပထမကမ္ဘာစစ်သည် ထိုအချိန်ကဆိုလျှင် အဆိုးဆုံးစစ်ဖြစ်ခဲ့သည်။ ယင်းသည် ပထမဆုံးသောကမ္ဘာစစ်ဖြစ်ပြီး ခေတ်သစ်အတွက် သမိုင်းအလှည့်အပြောင်းတစ်ခုဖြစ်သည်။ ထိုစစ်ပွဲနှင့်အတူ အစာခေါင်းပါးခြင်း၊ ကပ်ရောဂါများနှင့် အခြားဘေးဒုက္ခများလိုက်ပါလာသည်။ ၁၉၁၄ ခုနှစ်မှစတင်သော ထိုအဖြစ်အပျက်များသည် ယေရှုပြောသည့်အတိုင်း “ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။” (မဿဲ ၂၄:၈) ယင်းတို့သည် “နောက်ဆုံးသောနေ့ရက်များ” ခေါ် ကြိုပြောထားသည့် အချိန်ကာလပိုင်းကို အစပြုပြီး ဆိုးသွမ်းမှုနှင့်ဆင်းရဲဒုက္ခတို့ကို ဘုရားသခင်ခွင့်ပြုသည့် နောက်ဆုံးလူမျိုးဆက်၏ အစဖြစ်သည်။

၁၅ ၂၀ ရာစုအဖြစ်အပျက်များသည် သင့်အတွက် အဆန်းဖြစ်မည်မဟုတ်တော့ပေ။ ပေါ်ပေါက်လာသည့် အရှုပ်အထွေးများကိုလည်း သင်သိပေမည်။ လူသန်း ၁၀၀ ခန့် စစ်ပွဲတွင်သေဆုံးခဲ့ကြရသည်။ အခြားလူသန်းပေါင်းများစွာတို့သည် ငတ်မွတ်ခြင်းနှင့်ဖျားနာမှုကြောင့် သေဆုံးကြရသည်။ မြေငလျင်လှုပ်ခြင်းက မရေမတွက်နိုင်သော လူ့အသက်များကိုခြွေခဲ့သည်။ အသက်နှင့်ပစ္စည်းဥစ္စာကို မလေးမခန့်ပြုခြင်းတိုးပွားလာသည်။ ရာဇဝတ်မှုကိုကြောက်လန့်ခြင်းသည် နေ့စဉ်အသက်တာတွင် အပါအဝင်ဖြစ်လာရသည်။ စာရိတ္တစံချိန်များသည် ဥပေက္ခာပြုခြင်းခံလာရသည်။ လူဦးရေပေါက်ကွဲခြင်းသည် မဖြေရှင်းနိုင်သောပြဿနာများကို ပေါ်ပေါက်စေသည်။ ညစ်ညမ်းမှုများသည် အသက်ရှင်နေထိုင်မှုကိုထိခိုက်နေပြီး အန္တရာယ်ပင်ဖြစ်စေသည်။ မှန်ပါသည်၊ ၁၉၁၄ ခုနှစ်ကတည်းက ကျွန်ုပ်တို့သည် နောက်ဆုံးသောနေ့ရက်များအတွင်းသို့ ရောက်ရှိလာခဲ့ပြီး ကျွန်ုပ်တို့အချိန်ပါဝင်သည့် ကျမ်းစာပရောဖက်ပြုချက်များ အထွတ်အထိပ်ရောက်ရန် နီးကပ်နေပေပြီ။

၁၆။ နောက်ဆုံးသောနေ့ရက်များ၏ ကာလအပိုင်းအခြားသည် မည်သည့်အတိုင်းအတာအထိ ရှည်ကြာသနည်း။

၁၆ ဤနောက်ဆုံးသောနေ့ရက်များ၏ ကာလအပိုင်းအခြားသည် မည်မျှရှည်ကြာမည်နည်း။ ၁၉၁၄ ခုနှစ်မှစ၍ ရှေ့လျှောက် ‘ဒုက္ခဆင်းရဲခြင်း၏ အစအဦး’ ကိုကြုံတွေ့ရမည့်ခုနှစ်များနှင့်ပတ်သက်၍ ယေရှုဤသို့ပြောခဲ့သည်– “ဤအမှုအရာအလုံးစုံတို့သည် ယခုအသက်ရှင်လျက်ရှိသူတို့မသေလွန်မီ ဖြစ်ပျက်လာလိမ့်မည်။” (မဿဲ ၂၄:၈၊ ၃၄-၃၆၊ သတင်းကောင်း) ထို့ကြောင့် နောက်ဆုံးသောနေ့ရက်များ၏ အခြင်းအရာအားလုံးတို့သည် လူမျိုးတစ်ဆက်၊ ၁၉၁၄ ခုနှစ်မှစတင်သည့်လူမျိုးဆက်၏ သက်တမ်းအတွင်းတွင် ဖြစ်ပျက်ရမည်။ ထို့ကြောင့် ၁၉၁၄ ခုနှစ်တွင် အသက်ရှင်ခဲ့သူအချို့တို့သည် ဤစနစ်ကုန်ဆုံးသောအခါ အသက်ရှင်လျက်ရှိနေကြလိမ့်ဦးမည်။ ထိုလူမျိုးဆက်မှလူများသည် ယခုအခါ အလွန်အသက်ကြီးနေကြခြင်းက ဤလက်ရှိအစီအစဉ်စနစ်ကို ဘုရားသခင်အဆုံးသတ်ရန် အချိန်များစွာမလိုတော့ကြောင်း ဖော်ပြသည်။

၁၇၊ ၁၈။ ကျွန်ုပ်တို့သည် ဤလောက၏အဆုံးနှင့် အလွန်နီးနေကြောင်း မည်သည့်ပရောဖက်ပြုချက်က ဖော်ပြသနည်း။

၁၇ ဤအစီအစဉ်စနစ်၏နိဂုံး အလွန်နီးကြောင်းဖော်ပြသော အခြားပရောဖက်ပြုချက်တစ်ခုကို တမန်တော်ပေါလုဤသို့ကြိုပြောခဲ့သည့်– “သူခိုးသည် ညဉ့်အခါလာသကဲ့သို့ သခင်ဘုရား၏နေ့ရက်သည် လာလိမ့်မည်ကို သင်တို့သည် သေချာစွာသိကြ၏။ ငြိမ်ဝပ်ခြင်းရှိ၏၊ ဘေးအန္တရာယ်နှင့်ကင်းလွတ်၏ဟု ဆိုစဉ်တွင် . . . သူတို့အပေါ်၌ လျင်မြန်စွာသောပျက်စီးခြင်းရောက်၍ လွတ်ခြင်းအခွင့်မရှိရကြ။”​—၁ သက်သာလောနိတ် ၅:၂၊ ၃; လုကာ ၂၁:၃၄၊ ၃၅ ကိုလည်းရှု။

၁၈ ယနေ့ စစ်အေးတိုက်ပွဲပြီးသွားပြီဖြစ်၍ အပြည်ပြည်ဆိုင်ရာစစ်ပွဲ၏ ခြိမ်းခြောက်မှုကိုလည်း အဓိကကြောက်စရာမလိုတော့ပေ။ ထို့ကြောင့် မိမိတို့သည် ကမ္ဘာသစ်အစီအစဉ်သို့ရောက်ရန် အလွန်နီးနေပြီဟု တိုင်းနိုင်ငံများကယူမှတ်ကြပေမည်။ သို့သော် သူတို့၏ကြိုးစားအားထုတ်မှုသည် အောင်မြင်မှုရှိသည်ဟု ယူမှတ်နေစဉ် သူတို့ထင်သည်နှင့် ဆန့်ကျင်ဘက်ဖြစ်မည်။ အကြောင်းမှာ ယင်းသည် ဤစနစ်ကို ဘုရားသခင်ဖျက်ဆီးရန်နီးကြောင်း နောက်ဆုံးသတိပေးချက်ဖြစ်သောကြောင့်ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများနှင့် သဘောတူစာချုပ်များသည် လူများကို စစ်မှန်သည့်ပြောင်းလဲမှုမပြုနိုင်ကြောင်း သတိရပါ။ ယင်းတို့သည် လူလူချင်းချစ်ခင်ရန် မပြုနိုင်ပါ။ ကမ္ဘာ့ခေါင်းဆောင်များသည်လည်း ရာဇဝတ်မှုများကို ရပ်တန့်အောင် သို့မဟုတ် ရောဂါနှင့်သေခြင်းများ ပပျောက်အောင် မလုပ်နိုင်ကြပါ။ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့်လုံခြုံမှုဆိုင်ရာ လူတို့၏တိုးတက်အောင်မြင်မှုများကို ယုံစားပြီး ဤလောကသည် မိမိ၏ပြဿနာကိုဖြေရှင်းနိုင်လာပြီဟု မထင်လိုက်ပါနှင့်။ (ဆာလံ ၁၄၆:၃) ထိုကြွေးကြော်မှုမျိုးသည် ဤလောက၏အဆုံးအလွန်နီးကြောင်း အဓိပ္ပာယ်သက်ရောက်သည်။

သတင်းကောင်းဟောပြောခြင်း

၁၉၊ ၂၀။ နောက်ဆုံးသောနေ့ရက်များအတွင်း ဟောပြောခြင်းပါဝင်သည့် မည်သည့်ပရောဖက်ပြုချက်သည် ပြည့်စုံလျက်ရှိကြောင်း ကျွန်ုပ်တို့တွေ့ မြင်နေရသနည်း။

၁၉ ၁၉၁၄ ခုနှစ်မှစ၍ နောက်ဆုံးသောနေ့ရက်များအတွင်း ကျွန်ုပ်တို့ရောက်နေကြောင်း ဖော်ပြသည့်အခြားပရောဖက်ပြုချက်တစ်ခုကို ယေရှုဤသို့ဖော်ပြသည်– “သတင်းကောင်းကို လူမျိုးအပေါင်းတို့အား ဟောပြောကြေညာကြရမည်။” (မာကု ၁၃:၁၀၊ သတင်းကောင်း) သို့မဟုတ် မဿဲ ၂၄:၁၄ (သတင်းကောင်း) တွင် ဤသို့ပြန်ဆိုထားသည်– “နိုင်ငံတော်ဆိုင်ရာ သတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိလူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှ ကပ်ကမ္ဘာကုန်ဆုံးချိန်ရောက်လိမ့်မည်။”

၂၀ ယနေ့ ဤလောကနိဂုံးနှင့် လာမည့် ဘုရားသခင့်နိုင်ငံတော်အောက် ပရဒိသုကမ္ဘာသစ်အကြောင်းကို သမိုင်းတွင် တစ်ခါမျှမကြုံဖူးသောအတိုင်းအတာဖြင့် ဟောပြောနေသည်။ မည်သူများဟောပြောနေကြသနည်း။ သန်းပေါင်းများစွာသော ယေဟောဝါသက်သေများဖြစ်ကြသည်။ သူတို့သည် မြေကြီးပေါ်ရှိနိုင်ငံတိုင်းတွင် ဟောပြောနေကြသည်။

၂၁၊ ၂၂။ အထူးသဖြင့် မည်သည့်အရာက ယေဟောဝါသက်သေများအား ခရစ်ယာန်စစ်များအဖြစ် သတ်မှတ်ဖော်ပြသနည်း။

၂၁ ယေဟောဝါသက်သေများသည် ဘုရားသခင့်နိုင်ငံတော်အကြောင်းဟောပြောခြင်းအပြင် ခရစ်တော်၏တပည့်စစ်များဖြစ်ကြောင်း မှတ်သားဖော်ပြသည့်နည်းဖြင့် ပြုမူကျင့်ကြံနေကြသည်။ ယေရှုဤသို့ကြေညာခဲ့သည်– “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။” ထို့ကြောင့် ယေဟောဝါသက်သေများသည် မပြိုကွဲနိုင်သည့်မေတ္တာအနှောင်အဖွဲ့အားဖြင့် ကမ္ဘာချီညီအစ်ကိုများအသင်းအပင်းအဖြစ် စည်းလုံးနေကြသည်။​—ယောဟန် ၁၃:၃၅; ဟေရှာယ ၂:၂-၄; ကောလောသဲ ၃:၁၄; ယောဟန် ၁၅:၁၂-၁၄; ၁ ယောဟန် ၃:၁၀-၁၂; ၄:၂၀၊ ၂၁; ဗျာဒိတ် ၇:၉၊ ၁၀ တို့ကိုလည်းရှု။

၂၂ ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာပြောသည့်ဤအချက်ကို ယုံကြည်ကြသည်– “အကယ်စင်စစ် ဘုရားသခင်သည် လူ၏မျက်နှာကို မှတ်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ တရားသဖြင့်ကျင့်ဆောင်သောသူသည် အထံတော်၌မျက်နှာရသည်။” (တမန်တော် ၁၀:၃၄၊ ၃၅) နိုင်ငံတိုင်းရှိ သက်သေခံချင်းတို့အား လူမျိုးနှင့်အသားအရောင်မခွဲခြားဘဲ မိမိတို့၏ ဝိညာဏညီအစ်ကိုညီအစ်မများအဖြစ် ယူမှတ်ကြသည်။ (မဿဲ ၂၃:၈) ယနေ့ လောကတွင် ထိုကဲ့သို့သော ကမ္ဘာချီညီအစ်ကိုအသင်းအဖွဲ့တစ်ခု တည်ရှိနေခြင်းက မကြာမီ ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံတော့မည့် အထောက်အထားကို အားဖြည့်ပေးသည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကမ္ဘာသစ်တွင် စုံလင်သည့် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်သည် လူသားများ၏ တစ်ခုတည်းသောအုပ်ချုပ်ရေးဖြစ်မည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ