ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lv စာ. ၂၁၈-စာ. ၂၁၉ ပိုဒ်. ၁
  • တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းကို ချိုးနှိမ်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းကို ချိုးနှိမ်နိုင်
  • ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်း—ဘယ်မျှစိုးရိမ်ဖွယ်ဖြစ်သနည်း
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ကိုယ့်ဘာသာကိုယ် လိင်ဆန္ဒဖြေတဲ့အကျင့်ကို ဘယ်လိုချိုးနှိမ်ရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ငါ ဒီအကျင့်ကို ဘယ်လိုချိုးနှိမ်ရမလဲ
    နိုးလော့!—၂၀၀၆
  • တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်း—အလိုဆန္ဒကိုဘယ်လိုတိုက်လှန်နိုင်မလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
lv စာ. ၂၁၈-စာ. ၂၁၉ ပိုဒ်. ၁

နောက်ဆက်တွဲ

တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းကို ချိုးနှိမ်နိုင်

ဘုရား မနှစ်သက်တဲ့ တစ်ကိုယ်တည်း ရာဂစိတ်ဖြေတဲ့အကျင့်ဟာ ကိုယ်ကျိုးကိုသာ စဉ်းစားတဲ့ သဘောထားကို လှုံ့ဆော်ပေးပြီး မကောင်းတာတွေကို တွေးတောစေတယ်။a တစ်ကိုယ်တည်း ရာဂစိတ်ဖြေသူဟာ တခြားသူတွေကို လိင်ဆန္ဒပြေစေတဲ့အရာတွေ အဖြစ်သာ ရှုမြင်တယ်။ လိင်ကို လူနှစ်ဦးစပ်ကြား မေတ္တာပြတဲ့အရာအဖြစ် မဟုတ်ဘဲ တဒင်္ဂ သာယာမှုပေးတဲ့၊ လိင်စိတ်ပြင်းပြမှုကို ပြေလျော့စေတဲ့ ကာယပိုင်းလုပ်ရပ်အဖြစ် ရှုမြင်လာတယ်။ အဲဒီလို စိတ်ဖြေတာဟာ ခဏတာပဲ ဖြစ်တယ်။ တကယ်တော့ တစ်ကိုယ်တည်း ရာဂစိတ်ဖြေတာဟာ “လိင်အကျင့် ယိုယွင်းခြင်း၊ ညစ်ညူးစွာ ကျင့်ခြင်း၊ ရမ္မက်ဆန္ဒကို မချုပ်တည်းခြင်း” ကိုဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သေစေမယ့်အစား ထကြွလာစေတယ်။​—ကောလောသဲ ၃:၅။

တမန်တော်ပေါလုက “ချစ်ရသူတို့၊ . . . ကိုယ်စိတ်နှစ်ပါးကို ညစ်ညူးစေတဲ့အရာ ရှိသမျှနဲ့ ကင်းစင်နေကြစို့။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့စိတ်နဲ့ သန့်ရှင်းသည်ထက် သန့်ရှင်းအောင် အသက်ရှင်နေကြစို့” လို့ ရေးခဲ့တယ်။ (၂ ကောရိန္သု ၇:၁) အဲဒီစကားတွေကို လိုက်နာဖို့ အခက်တွေ့နေရင် လက်မလျှော့လိုက်ပါနဲ့။ ယေဟောဝါဟာ အမြဲ “ခွင့်လွှတ်ဖို့ အသင့်ရှိ” ပြီး ကူညီပေးချင်တယ်။ (ဆာလံ ၈၆:၅။ လုကာ ၁၁:၉-၁၃) သင့်စိတ်နှလုံးက သင့်ကိုယ်သင် အပြစ်တင်နေတာ၊ အဲဒီအကျင့်ကို ဖျောက်ပစ်ဖို့ ကြိုးစားနေတာဟာ သင့်မှာ ကောင်းတဲ့သဘောထားရှိမှန်း ဖော်ပြတယ်။ အဲဒီလိုကြိုးစားရာမှာ ရှုံးနိမ့်တဲ့အခါတွေ ရှိနိုင်တယ်။ ဒါပေမဲ့ “ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်၊ အရာအားလုံးကို ကိုယ်တော် သိနေတယ်” ဆိုတာကို စိတ်စွဲမှတ်ထားပါ။ (၁ ယောဟန် ၃:၂၀) ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ အပြစ်တွေကိုပဲ သိမြင်တာ မဟုတ်ဘူး၊ ကျွန်တော်တို့အကြောင်း အကုန်သိတယ်။ အဲဒီလိုသိတဲ့အတွက် ကျွန်တော်တို့ရဲ့ လှိုက်လှဲတဲ့ အသနားခံချက်တွေကို စာနာမှုရှိရှိ နားထောင်ပေးတယ်။ ဒါကြောင့် ဒုက္ခရောက်ချိန်မှာ ဖခင်ဆီ ပြေးသွားတဲ့ ကလေးငယ်လို ဘုရားသခင်ဆီ နှိမ့်ချစွာ၊ ထက်သန်စွာ ဆုတောင်းဖို့ ဝန်မလေးပါနဲ့။ ယေဟောဝါဟာ သင့်ကို ကြည်လင်တဲ့ အမှားအမှန်သိစိတ် ရှိစေပါလိမ့်မယ်။ (ဆာလံ ၅၁:၁-၁၂၊ ၁၇။ ဟေရှာယ ၁:၁၈) သင့်ဘက်ကလည်း ဆုတောင်းချက်နဲ့အညီ လိုအပ်သလို လုပ်ဆောင်ဖို့ လိုတယ်။ ဥပမာ၊ ညစ်ညမ်းတဲ့ ရုပ်ပုံစာပေတွေ၊ မကောင်းတဲ့ အပေါင်းအသင်းတွေကို ရှောင်ဖို့ ကြိုးစားရမယ်။b

သင်ဟာ တစ်ကိုယ်တည်း ရာဂစိတ်ဖြေတဲ့အကျင့် ရှိနေတုန်းပဲဆိုရင် ခရစ်ယာန်မိဘ ဒါမှမဟုတ် ရင့်ကျက်ပြီး ဂရုစိုက်တတ်တဲ့ မိတ်ဆွေတစ်ဦးကို ရင်ဖွင့်ပါ။c​—ပညာအလိမ္မာ ၁:၈၊ ၉။ ၁ သက်သာလောနိတ် ၅:၁၄။ တိတု ၂:၃-၅။

a တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းဟာ မျိုးပွားအင်္ဂါတွေကို ကိုင်တွယ်ပွတ်သပ်ပြီး လိင်ဆန္ဒ အထွတ်အထိပ်ရောက်အောင် ပြုခြင်း ဖြစ်တယ်။

b မိသားစုများစွာဟာ အိမ်မှာ ကွန်ပျူတာကို အများမြင်သာတဲ့ နေရာမှာ ထားခြင်းဖြင့် လက်တွေ့ကျကျ လုပ်ဆောင်ခဲ့ကြတယ်။ မိသားစုတချို့ဟာ မကောင်းတဲ့ အကြောင်းအရာတွေကို စစ်ထုတ်ပေးတဲ့ ကွန်ပျူတာပရိုဂရမ်တွေကို ဝယ်သုံးကြတယ်။ လုံးဝ စိတ်ချရတဲ့ ပရိုဂရမ်တော့ မရှိပါဘူး။

c တစ်ကိုယ်တည်း ရာဂစိတ်ဖြေခြင်းကို ချိုးနှိမ်နိုင်ပုံနဲ့ပတ်သက်ပြီး လက်တွေ့ကျ အကြံပြုချက်တွေကို ၂၀၀၆၊ နိုဝင်ဘာ နိုးလော့! ထဲက “လူငယ်များအမေး . . . ငါ ဒီအကျင့်ကို ဘယ်လိုချိုးနှိမ်ရမလဲ” နဲ့ လူငယ်များအမေး—တာသွားတဲ့အဖြေစာအုပ် အတွဲ ၁၊ စာမျက်နှာ ၁၇၈-၁၈၂ ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ