ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၁၁
  • ကျမ်းစာဖတ်တဲ့အခါ အကျိုးအပြည့်အဝ ရနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာဖတ်တဲ့အခါ အကျိုးအပြည့်အဝ ရနိုင်ပုံ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဖတ်ရှုခြင်းတွင် လုံ့လထုတ်ပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • မည်သို့ဖတ်၍ မှတ်မိနိုင်ပုံ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ကျမ်းစာဖတ်ခြင်း—အကျိုးဖြစ်ထွန်း၍ ပျော်ရွှင်မှုရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၁၁
သင်ခန်းစာ ၁၁။ အမျိုးသမီးတစ်ဦး အိမ်အလုပ် ခဏနားချိန် ကျမ်းစာ ဖတ်နေစဉ်။

သင်ခန်းစာ ၁၁

ကျမ်းစာဖတ်တဲ့အခါ အကျိုးအပြည့်အဝ ရနိုင်ပုံ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ခက်ခဲတဲ့အလုပ်တစ်ခု စဖို့ တွေးရင်း စိတ်ပူနေတာမျိုး ကြုံဖူးပါသလား။ ပိုလွယ်သွားအောင် အလုပ်တွေကို တစ်ခါ နည်းနည်းစီ ခွဲလုပ်နိုင်တယ်။ ကျမ်းစာဖတ်တဲ့အခါလည်း အလားတူပါပဲ။ ‘ဘယ်က စရမလဲ’ လို့ တွေးမိနိုင်တယ်။ ကျမ်းစာ ဖတ်ရှုလေ့လာရတာ ပျော်လာအောင် ကူညီပေးမယ့် ရိုးရှင်းတဲ့အချက်တချို့ကို ဒီသင်ခန်းစာမှာ ဆွေးနွေးကြပါမယ်။

၁။ ကျမ်းစာကို ဘာကြောင့် မှန်မှန် ဖတ်သင့်သလဲ။

“ယေဟောဝါရဲ့ ပညတ်၊” တစ်နည်းအားဖြင့် ကျမ်းစာကို မှန်မှန်ဖတ်တဲ့သူဟာ ပျော်ရွှင်အောင်မြင်မယ်။ (ဆာလံ ၁:​၁-၃ ကို ဖတ်ပါ။) စစချင်းမှာတော့ တစ်နေ့ကို မိနစ်အနည်းငယ် ဖတ်ပါ။ ကျမ်းစာအကြောင်း ပိုသိလေ ဖတ်ရတာ ပိုပျော်လေ ဖြစ်လာမယ်။

၂။ ကျမ်းစာဖတ်တဲ့အခါ အကျိုးရနိုင်ဖို့ ဘာက ကူညီပေးမလဲ။

ကျမ်းစာဖတ်တဲ့အခါ အကျိုးအပြည့်အဝ ရနိုင်ဖို့ ခဏရပ်နားပြီး ဖတ်တဲ့အကြောင်းကို တွေးတောဖို့ လိုတယ်။ ဖတ်ရုံမက “စဉ်းစားဆင်ခြင်” ရမယ်။ (ဆာလံ ၁၁၉:၉၇) ‘ဒီကျမ်းပိုဒ်က ယေဟောဝါဘုရားအကြောင်း ဘာပြောသလဲ။ ငါ့ဘဝမှာ ဘယ်လို ကျင့်သုံးနိုင်မလဲ။ ဒီကျမ်းပိုဒ်ကို သုံးပြီး တခြားသူတွေကို ဘယ်လို ကူညီပေးမလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

၃။ ကျမ်းစာဖတ်ဖို့ အချိန်ရအောင် ဘာလုပ်နိုင်သလဲ။

ကျမ်းစာဖတ်ဖို့ အချိန်မရှိ ဖြစ်နေပါသလား။ ကျွန်တော်တို့အများစု အဲဒီလို ဖြစ်တတ်ကြတယ်။ “အချိန်ကို အကျိုးရှိရှိ အသုံးချ” ဖို့ ကြိုးစားပါ။ (ဧဖက် ၅:၁၆) ကျမ်းစာဖတ်ဖို့ နေ့တိုင်း အချိန်ဖယ်ထားနိုင်တယ်။ တချို့က မနက်စောစော ဖတ်ကြတယ်။ တချို့ကျတော့ နေ့လည်စာ စားချိန်တွေမှာ ဖတ်ကြတယ်။ ညအိပ်ရာမဝင်ခင် ဖတ်တဲ့သူတွေလည်း ရှိတယ်။ သင့်အတွက်ကော ဘယ်အချိန်က အကောင်းဆုံးလဲ။

ရှာဖွေလေ တွေ့ရှိလေ

ကျမ်းစာဖတ်ရတာ ပိုစိတ်ဝင်စားလာအောင် ဘာလုပ်နိုင်သလဲ၊ ကျမ်းစာလေ့လာမှုကနေ အကျိုးအပြည့်အဝ ရနိုင်ဖို့ ဘယ်လို ပြင်ဆင်မလဲဆိုတာ လေ့လာကြည့်ပါ။

ပုံ။ ကောင်လေးတစ်ယောက် အစားအစာတစ်မျိုးကို ကြိုက်ဖို့ အချိန်အတော်ကြာယူရ။ ၁။ အစားအစာကို ခက်ရင်းနဲ့ဆွနေ။ ၂။ အသက်နည်းနည်းကြီးလာတော့ စားကြည့်နေ။ ၃။ အသက်နည်းနည်း ပိုကြီးလာတော့ အကြိုက်တွေ့သွား။

မစားဖူးတဲ့ အစားအစာကို မြည်းကြည့်ရင်း ကြိုက်သွားနိုင်သလို ကျမ်းစာဖတ်ရတာ ပျော်လာအောင် လုပ်ဆောင်နိုင်ပါတယ်

၄။ ကျမ်းစာဖတ်ရတာ ပျော်လာအောင် ကြိုးစားပါ

ကျမ်းစာကို စဖတ်ဖို့ ခက်ကောင်း ခက်နိုင်တယ်။ ဒါပေမဲ့ မစားဖူးတဲ့ အစားအစာကို မြည်းကြည့်ရင်း ကြိုက်သွားနိုင်သလို ကျမ်းစာကို “အငမ်းမရ” ဖတ်ချင်စိတ် ရှိလာနိုင်တယ်။ ၁ ပေတရု ၂:၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းကို သုံးသပ်ပါ။

  • နေ့တိုင်း ကျမ်းစာဖတ်မယ်ဆိုရင် ဖတ်ချင်စိတ် ရှိလာမယ်၊ ဖတ်ဖို့ စိတ်စောနေမယ်လို့ ထင်ပါသလား။

ကျမ်းစာဖတ်ရတာ ပျော်လာအောင် လူတချို့ ဘာလုပ်သလဲ သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါ မေးခွန်းတွေကို ဆွေးနွေးပါ။

ဗီဒီယို။ ဘုရားသခင့်စကားတော်ကို ချစ်မြတ်နိုးတတ်လာအောင် သင်ယူနေကြတဲ့ လူငယ်တွေ (၅:၃၃)

  • ဒီဗီဒီယိုမှာ ဘာစိန်ခေါ်ချက်တွေကို လူငယ်တွေ အောင်မြင်ကျော်လွှားခဲ့သလဲ။

  • ကျမ်းစာဖတ်ရှုခြင်း ပန်းတိုင်ကို အမီလိုက်ဖို့ သူတို့ကို ဘာက ကူညီပေးသလဲ။

  • ကျမ်းစာဖတ်ရတာ ပိုစိတ်ဝင်စားလာအောင် သူတို့ ဘာလုပ်ခဲ့ကြသလဲ။

အစပြုနိုင်ဖို့ အကြံပြုချက်များ။

  • တိကျမှန်ကန်တဲ့ ခေတ်သုံးကျမ်းစာကို ရွေးပါ။ ကိုယ့်ဘာသာစကားနဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း ရှိရင် ဖတ်ပါ။

  • အကြိုက်ဆုံးအပိုင်းကို စဖတ်ပါ။ နမူနာအတွက် “ကျမ်းစာဖတ်ရှုခြင်း” ဇယားကို ကြည့်ပါ။

  • ဘယ်လောက် ဖတ်ပြီးပြီလဲဆိုတာ ချရေးထားပါ။ ဒီစာစောင်မှာပါတဲ့ “ဘယ်လောက် ဖတ်ပြီးပြီလဲ” ဇယားကို သုံးပါ။

  • JW Library® app ကို သုံးပါ။ ဒါဆိုရင် ကျမ်းစာကို ဘယ်နေရာမှာမဆို ဖုန်းနဲ့ဖြစ်စေ၊ တက်ဘလက်နဲ့ဖြစ်စေ ဖတ်ရှု၊ နားထောင်နိုင်တယ်။

  • ကမ္ဘာသစ်ဘာသာပြန်ကျမ်းထဲက နောက်ဆက်တွဲကို သုံးပါ။ အဲဒီမှာပါတဲ့ မြေပုံ၊ ဇယား၊ ခက်ဆစ်တွေက ကျမ်းစာဖတ်ရတာကို ပိုစိတ်ဝင်စားစရာ ဖြစ်စေတယ်။

၅။ ကျမ်းစာလေ့လာမှုအတွက် ကြိုတင်ပြင်ဆင်ပါ

ဆာလံ ၁၁၉:၃၄ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ကျမ်းစာ မဖတ်ခင်၊ ကျမ်းစာလေ့လာမှုအတွက် မပြင်ဆင်ခင် ဘာကြောင့် ဆုတောင်းသင့်သလဲ။

ကျမ်းစာလေ့လာမှုကနေ အကျိုးအပြည့်အဝ ရနိုင်ဖို့ ဘာလုပ်ရမလဲ။ သင်ခန်းစာတစ်ခုကို ကြိုတင်ပြင်ဆင်တဲ့အခါ အောက်ပါနည်းလမ်း စမ်းကြည့်ပါ။

  1. (က) သင်ခန်းစာရဲ့ အစပိုင်းအပိုဒ်တွေကို ဖတ်ပါ။

  2. (ခ) ကျမ်းပိုဒ်တွေကို ဖွင့်ဖတ်ပါ။ အကြောင်းအရာနဲ့ ဘယ်လိုဆက်စပ်သလဲ နားလည်အောင်လုပ်ပါ။

  3. (ဂ) မေးခွန်းရဲ့ အဖြေမှာပါတဲ့ အဓိက စကားလုံး၊ စကားစုတွေကို မျဉ်းသားပါ။ ဒါဆိုရင် ကျမ်းစာသင်ပေးသူနဲ့အတူ ဆွေးနွေးဖို့ လွယ်ကူမယ်။

ပုံ။ အမျိုးသမီးတစ်ဦး ကျမ်းစာလေ့လာမှုအတွက် ပြင်ဆင်နေ။ က။ သင်ခန်းစာ ပထမစာမျက်နှာကို ဖတ်နေ။ ခ။ ညွှန်းထားတဲ့ ကျမ်းပိုဒ်တွေကို ဖွင့်ဖတ်နေ။ ဂ။ သင်ခန်းစာမှာပါတဲ့ အဓိကစကားလုံး၊ စကားစုတွေကို မှတ်သားနေ။

စိတ်ဝင်စားစရာအချက်

ယေဟောဝါသက်သေတွေဟာ ဘာသာပြန်ကျမ်းအမျိုးမျိုး သုံးကြတယ်။ ဒါပေမဲ့ တိကျရှင်းလင်းတဲ့၊ ဘုရားနာမည် သုံးထားတဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ပိုနှစ်သက်ကြတယ်။​—“ယေဟောဝါသက်သေတွေမှာ ကိုယ်ပိုင်ကျမ်းစာ ရှိပါသလား” ဝက်ဘ်ဆိုက် ဆောင်းပါးကို ကြည့်ပါ။

လူတချို့ အဆို။ “ကျမ်းစာလေ့လာဖို့ အချိန်မရှိဘူး။ ပင်ပန်းတယ်။”

  • သင်ကော ဘယ်လို ထင်ပါသလဲ။

အနှစ်ချုပ်

ကျမ်းစာကနေ အကျိုးအပြည့်အဝ ရနိုင်ဖို့ ဖတ်မယ့်အချိန်ကို ဇယားဆွဲပါ။ ဖတ်တဲ့အကြောင်းကို နားလည်နိုင်ဖို့ ဆုတောင်းပါ။ ကျမ်းစာလေ့လာမှုအတွက် ကြိုတင်ပြင်ဆင်ပါ။

ပြန်လည်သုံးသပ်ခြင်း

  • ကျမ်းစာဖတ်တဲ့အခါ အကျိုးအပြည့်အဝ ရနိုင်ဖို့ ဘာက ကူညီပေးမလဲ။

  • ကျမ်းစာဖတ်ဖို့၊ လေ့လာဖို့ အချိန်ရအောင် ဘာလုပ်နိုင်သလဲ။

  • ကျမ်းစာလေ့လာမှုအတွက် ကြိုတင်ပြင်ဆင်တာ ဘာကြောင့် အကျိုးရှိသလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ကျမ်းစာဖတ်တဲ့အခါ အကျိုးအပြည့်အဝ ရစေတဲ့ အကြံပြုချက်တချို့ကို ပြန်သုံးသပ်ပါ။

“ကျမ်းစာက ဘဝကို တိုးတက်စေနိုင်ပုံ” (ကင်းမျှော်စင် အမှတ် ၁၊ ၂၀၁၇)

ကျမ်းစာဖတ်နိုင်တဲ့ နည်းလမ်း သုံးခုကို လေ့လာကြည့်ပါ။

“ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ​—အပိုင်း ၁– ကျမ်းစာကို စူးစမ်းလေ့လာခြင်း” (ဝက်ဘ်ဆိုက် ဆောင်းပါး)

ကျမ်းစာဖတ်ရတာ ပျော်လာအောင် ဘာလုပ်နိုင်သလဲ ရှာဖွေကြည့်ပါ။

“ကျမ်းစာက ဘယ်လို ကူညီပေးနိုင်သလဲ​—အပိုင်း ၂– ကျမ်းစာဖတ်ရှုခြင်းကို ပျော်မွေ့အောင် လုပ်ခြင်း” (ဝက်ဘ်ဆိုက် ဆောင်းပါး)

နှစ်ပေါင်းများစွာ ကျမ်းစာဖတ်ခဲ့သူတွေရဲ့ အကြံဉာဏ် ယူပါ။

ထိရောက်တဲ့ ကိုယ်ပိုင်လေ့လာမှု (၂:၀၆)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ