ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lff သင်ခန်းစာ ၄၃
  • အရက်နဲ့ပတ်သက်ပြီး ခရစ်ယာန်တွေရဲ့ ရှုမြင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရက်နဲ့ပတ်သက်ပြီး ခရစ်ယာန်တွေရဲ့ ရှုမြင်ပုံ
  • ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • အနှစ်ချုပ်
  • လေ့လာစရာ ထပ်ဖွေရှာ
  • အရက်နဲ့ပတ်သက်ပြီး ဘုရား ရှုမြင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အရက်ယမကာကို ချင့်ချိန်မှုရှိရှိ သောက်နိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
  • အရက်ယမကာအပေါ် မှန်ကန်သောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍ မျှတသောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
lff သင်ခန်းစာ ၄၃
သင်ခန်းစာ ၄၃။ စားပွဲပေါ်က အရက်နဲ့ အချိုရည်ပုလင်းများ။

သင်ခန်းစာ ၄၃

အရက်နဲ့ပတ်သက်ပြီး ခရစ်ယာန်တွေရဲ့ ရှုမြင်ပုံ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ကမ္ဘာတစ်ဝန်းမှာ အရက်နဲ့ပတ်သက်ပြီး ရှုမြင်ပုံအမျိုးမျိုး ရှိကြတယ်။ တချို့က သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ သောက်တတ်ကြတယ်။ လုံးဝ မသောက်တဲ့သူတွေ ရှိသလို မူးတဲ့အထိ သောက်တဲ့သူတွေလည်း ရှိတယ်။ အရက်နဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။

၁။ အရက်သောက်တာ မှားသလား။

ကျမ်းစာက အရက်သောက်တာကို မတားမြစ်ဘူး။ ဘုရားပေးတဲ့ လက်ဆောင်တွေထဲမှာ “လူ့စိတ်ကို ပျော်ရွှင်စေတဲ့ စပျစ်ဝိုင်” လည်း ပါတယ်။ (ဆာလံ ၁၀၄:​၁၄၊ ၁၅) ကျမ်းစာမှာပါတဲ့ သစ္စာရှိ အမျိုးသား/သမီးတချို့လည်း အရက်ယမကာ သောက်ခဲ့ကြတယ်။​—၁ တိမောသေ ၅:၂၃။

၂။ အရက်သောက်တဲ့သူတွေကို ကျမ်းစာ ဘာအကြံပေးထားသလဲ။

အရက် အလွန်အကျွံသောက်တာ၊ သောက်စားမူးယစ်တာကို ယေဟောဝါ တားမြစ်ထားတယ်။ (ဂလာတိ ၅:၂၁) ‘စပျစ်ဝိုင် သောက်ကြူးသူတွေထဲမှာ မပါစေနဲ့’ လို့ ကျမ်းစာက ဆိုတယ်။ (ပညာအလိမ္မာ ၂၃:၂၀) တစ်ယောက်တည်း သောက်ရင်တောင် စဉ်းစားနိုင်စွမ်း၊ အပြောအဆို၊ အပြုအမူ၊ ကျန်းမာရေးကိုပါ ထိခိုက်တဲ့အထိ မသောက်သင့်ဘူး။ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ရင် မသောက်တာ ပိုကောင်းတယ်။

၃။ အရက်နဲ့ပတ်သက်ပြီး တခြားသူရဲ့ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။

အရက်သောက်မလား၊ မသောက်ဘူးလားဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ တော်သင့်ရုံ သောက်တဲ့သူကို မဝေဖန်သင့်သလို မသောက်ချင်တဲ့သူကိုလည်း ဖိအားမပေးသင့်ဘူး။ (ရောမ ၁၄:၁၀) ကိုယ်အရက်သောက်လို့ တခြားသူကို ထိခိုက်စေမယ်ဆိုရင် မသောက်တာ ကောင်းတယ်။ (ရောမ ၁၄:၂၁ ကို ဖတ်ပါ။) ကျွန်တော်တို့က “ကိုယ့်အကျိုးကို မရှာဘဲ သူတစ်ပါးအကျိုးကို ရှာကြ” တယ်။​—၁ ကောရိန္သု ၁၀:​၂၃၊ ၂၄ ကို ဖတ်ပါ။

ရှာဖွေလေ တွေ့ရှိလေ

အရက်သောက်မလား၊ ဘယ်လောက်သောက်မလဲဆိုတာ ဆုံးဖြတ်ရာမှာ ကူညီပေးမယ့် ကျမ်းစာမူတွေကို သုံးသပ်ပါ။ အရက်သောက်တာကို ထိန်းဖို့ခက်နေရင် ဘာလုပ်နိုင်သလဲ ရှာဖွေပါ။

၄။ သောက်မလား၊ မသောက်ဘူးလား ဆုံးဖြတ်ပါ

အရက်သောက်တာကို ယေရှု ဘယ်လို သဘောထားသလဲ။ ယေရှု ဦးဆုံးလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုမှာ အဖြေတွေ့နိုင်တယ်။ ယောဟန် ၂:၁-၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • ဒီအံ့ဖွယ်အမှုအရ အရက်နဲ့ အရက်သောက်တဲ့သူတွေကို ယေရှု ဘယ်လို သဘောထားသလဲ။

  • အရက်သောက်တာကို ယေရှု မတားမြစ်တဲ့အတွက် သောက်တဲ့သူတွေကို ခရစ်ယာန်တွေ ဘယ်လို သဘောထားသင့်သလဲ။

အရက်သောက်လို့ရတယ်ဆိုတိုင်း အချိန်မရွေး သောက်နိုင်တယ်လို့ မဆိုလိုဘူး။ ပညာအလိမ္မာ ၂၂:၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် အောက်ပါအခြေအနေမျိုးမှာ သောက်သင့်မသင့် သုံးသပ်ပါ။

  • ယာဉ်မောင်းတဲ့အခါ၊ စက်ကိရိယာတွေနဲ့ အလုပ်လုပ်တဲ့အခါ။

  • ကိုယ်ဝန်ရှိတဲ့အခါ။

  • အရက်မသောက်ဖို့ ဆရာဝန် ညွှန်ကြားတဲ့အခါ။

  • သောက်တဲ့ပမာဏကို မထိန်းနိုင်တဲ့အခါ။

  • အရက်သောက်တာကို ဥပဒေက တားမြစ်တဲ့အခါ။

  • သောက်တဲ့အခါ မထိန်းနိုင်လို့ အရက်ဖြတ်ထားတဲ့သူနဲ့ အတူရှိနေတဲ့အခါ။

မင်္ဂလာပွဲတွေ၊ စုဆုံပွဲတွေမှာ အရက်နဲ့ ဧည့်ခံသင့်သလား သိနိုင်ဖို့ ဗီဒီယို ဖွင့်ပါ။

ဗီဒီယို။ အရက် တည်ခင်းသင့်သလား (၂:၄၁)

ရောမ ၁၃:၁၃ နဲ့ ၁ ကောရိန္သု ၁၀:၃၁၊ ၃၂ တို့ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဒီကျမ်းစာမူက ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက် ချဖို့ ဘယ်လို ကူညီနိုင်သလဲ။

စားသောက်ဆိုင်မှာ ဝိုင်သောက်ဖို့ ငြင်းနေတဲ့ ညီအစ်ကို။ အတူထိုင်နေတဲ့ ညီအစ်မနှစ်ယောက်က ဝိုင်သောက်နေ။

အရက်သောက်မသောက် ကိုယ်တိုင် ဆုံးဖြတ်ရမယ်။ သောက်တတ်ပေမဲ့ မသောက်ဘဲ နေတဲ့အခါလည်း ရှိနိုင်တယ်

၅။ ဘယ်လောက်သောက်မလဲ ဆုံးဖြတ်ပါ

အရက်သောက်တာကို ယေဟောဝါ မတားမြစ်ပေမဲ့ အလွန်အကျွံ သောက်တာကိုတော့ တားမြစ်ထားကြောင်း အမှတ်ရပါ။ ဘာကြောင့် တားမြစ်သလဲ။ ဟောရှေ ၄:၁၁၊ ၁၈ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • သောက်တာ များသွားရင် ဘာဖြစ်နိုင်သလဲ။

အလွန်အကျွံ မသောက်မိအောင် ဘယ်လို ရှောင်နိုင်သလဲ။ ကျိုးနွံမှုရှိဖို့၊ ကိုယ့်အကန့်အသတ်ကို သိဖို့ လိုတယ်။ ပညာအလိမ္မာ ၁၁:၂ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • ဘယ်လောက်ပဲ သောက်မယ်ဆိုပြီး ကန့်သတ်ထားတာ ဘာကြောင့် ကောင်းသလဲ။

၆။ အလွန်အကျွံ မသောက်မိအောင် ထိန်းနိုင်ပုံ

အရက်သမားတစ်ဦး အရက် ပြတ်သွားပုံကို ကြည့်လိုက်ပါ။ ဗီဒီယို ဖွင့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို သုံးသပ်ပါ။

ဗီဒီယို။ ‘ဘဝကို စိတ်ကုန်ခဲ့’ (၆:၃၂)

ပုံ။ ‘ဘဝကို စိတ်ကုန်ခဲ့’ ဗီဒီယိုထဲက ပြကွက်များ။ ၁။ ဒီမီထရီ အရက်ပုလင်းကို ကြည့်နေ။ ၂။ ဒီမီထရီ၊ ဇနီး၊ သမီး ကျမ်းစာ အတူလေ့လာနေ။
  • ဒီဗီဒီယိုမှာ ဒီမီထရီ အရက်မူးလာရင် ဘာလုပ်သလဲ။

  • သူ ချက်ချင်း အရက်ဖြတ်နိုင်ခဲ့သလား။

  • အရက်စွဲနေတာကို ဘယ်လို ဖြတ်နိုင်ခဲ့သလဲ။

၁ ကောရိန္သု ၆:၁၀၊ ၁၁ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းတွေကို သုံးသပ်ပါ။

  • အရက်မူးတာ ဘယ်လောက် အပြစ်ကြီးသလဲ။

  • အရက်သမားတွေ ပြောင်းလဲနိုင်ကြောင်း ဘယ်လို သိရသလဲ။

မဿဲ ၅:၃၀ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • လက်ကို ဖြတ်တယ်ဆိုတာ ယေဟောဝါ နှစ်သက်မှုရဖို့ တစ်ခုခု စွန့်လွှတ်တာကို ဆိုလိုတယ်။ သင် အရက်စွဲနေရင် ဘာလုပ်နိုင်သလဲ။a

၁ ကောရိန္သု ၁၅:၃၃ ကို ဖတ်ပါ။ ပြီးတဲ့နောက် ဒီမေးခွန်းကို သုံးသပ်ပါ။

  • အရက်သောက်ကြူးသူတွေနဲ့ ပေါင်းရင် ဘာဖြစ်နိုင်သလဲ။

လူတချို့ အမေး။ “အရက်သောက်တာ မှားသလား။”

  • သင် ဘယ်လို ဖြေမလဲ။

အနှစ်ချုပ်

ယေဟောဝါက လူတွေ စိတ်ပျော်စေဖို့ အရက်ကို ပေးထားပေမဲ့ သောက်ကြူးတာ၊ မူးယစ်တာကိုတော့ တားမြစ်တယ်။

ပြန်လည်သုံးသပ်ခြင်း

  • အရက်နဲ့ပတ်သက်ပြီး ကျမ်းစာ ဘာပြောသလဲ။

  • သောက်ကြူးခြင်းရဲ့ အန္တရာယ်တွေက ဘာလဲ။

  • အရက်နဲ့ပတ်သက်ပြီး တခြားသူရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။

ရည်မှန်းပန်းတိုင်

လေ့လာစရာ ထပ်ဖွေရှာ

ဆယ်ကျော်သက်တွေ အရက်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ဘယ်လို ချနိုင်သလဲ။

မသောက်ခင် စဉ်းစားပါ (၂:၃၁)

အရက်စွဲနေရင် ဘာလုပ်နိုင်သလဲ ဖတ်ကြည့်ပါ။

“အရက်ယမကာကို မှန်ကန်သောအမြင် ထားရှိခြင်း” (ကင်းမျှော်စင် ဇန်နဝါရီ ၁၊ ၂၀၁၀)

ခရစ်ယာန်တွေ အရက်ခွက်မြှောက်ပြီး ဆုမွန်ကောင်း တောင်းသင့်သလား။

“စာရှုသူများထံမှ မေးခွန်းလွှာ” (ကင်းမျှော်စင် ဖေဖော်ဝါရီ ၁၅၊ ၂၀၀၇)

အရက်သောက်တာ ထိန်းနိုင်ခဲ့သူအကြောင်း “ကျွန်တော်က အရက်ချိုး” ဆောင်းပါးမှာ ဖတ်ကြည့်ပါ။

“ကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေး” (ကင်းမျှော်စင် မေ ၁၊ ၂၀၁၂)

a အရက်စွဲနေသူတွေဟာ အရက်ဖြတ်ဖို့ တတ်ကျွမ်းသူတွေရဲ့ အကူအညီ လိုနိုင်တယ်။ သောက်တာ မထိန်းနိုင်ရင် လုံးဝ မသောက်သင့်ဘူးလို့ ဆရာဝန်တွေ အကြံပေးကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ