ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၈ ၉/၁ စာ. ၂၅
  • သင်သိပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သိပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရားသခင် တွဲဖက်ထား . . . ”
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
က၀၈ ၉/၁ စာ. ၂၅

သင်သိပါသလော

ယေရှုကို သစ္စာဖောက်သည့်အဖိုးငွေအဖြစ် ယုဒအား အဘယ်ကြောင့် ငွေ ၃၀ ပေးသနည်း။

ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံသွား၍ ယေရှုကိုအပ်နှံလျှင် အဘယ်မျှလောက်ပေးမည်နည်းဟု မေးသောအခါ သူတို့က “ငွေအကျပ်သုံးဆယ်” ပေးကြသည်။ (မဿဲ ၂၆:၁၄၊ ၁၅) ထိုငွေပမာဏသည် ယေရှုကို သူတို့မည်မျှတိုင်မုန်းတီးကြောင်းနှင့် မည်မျှတိုင်အထင်အမြင်သေးကြောင်း ဖော်ပြရန် ဖြစ်ပုံရသည်။

ထိုငွေသည် ဂျူးတို့၏ စံအဖြစ်သတ်မှတ်ထားသောငွေကြေးဖြစ်သည့် ငွေသားရှယ်ကယ်လ် ဖြစ်ဖွယ်ရှိသည်။ ငွေ ၃၀ ရှယ်ကယ်လ်ဖြင့် အဘယ်အရာဝယ်ယူနိုင်သနည်း။ မောရှေပညတ်တွင် ယင်းကို ကျွန်တစ်ဦး၏တန်ဖိုးအဖြစ် သတ်မှတ်ထားသည်။ ငွေ ၃၀ ရှယ်ကယ်လ်ဖြင့် လယ်မြေတစ်ကွက်ကိုလည်း ဝယ်ယူနိုင်သေးသည်။—ထွက်မြောက်ရာ ၂၁:၃၂; မဿဲ ၂၇:၆၊ ၇။

ပရောဖက်ဇာခရိသည် ဘုရားသခင့်လူမျိုးတော်၏ သိုးထိန်းအဖြစ် အခကို သစ္စာမဲ့ဣသရေလလူမျိုးထံမှ တောင်းသောအခါ သူတို့က “ငွေသုံးဆယ်” ကိုချိန်၍ပေးကြသည်။ ယင်းသည် တမင်တကာရှုတ်ချသည့်လုပ်ရပ်ဖြစ်ပြီး ဘုရားသခင်၏ပရောဖက်ကို ကျွန်တစ်ဦးလောက်သာတန်ဖိုးထားကြောင်း ဖော်ပြရာရောက်သည်။ ထို့ကြောင့် ယေဟောဝါသည် ဇာခရိကို ဤသို့မိန့်မှာခဲ့သည်– “ထိုငွေကို [“ဘဏ္ဍာတိုက်ထဲသို့သွင်းထား၊” သမ္မာ] လော့။ ငါ့ကိုအဖိုးပြတ်၍ ငွေများလှသည်တကား။” (ဇာခရိ ၁၁:၁၂၊ ၁၃) ဤမိန့်မှာချက်အတိုင်း ဇာခရိလုပ်ဆောင်ခဲ့ခြင်းက ဣသရေလလူမျိုး၏သိုးထိန်းအဖြစ် ယေဟောဝါခန့်အပ်ထားသူကို သစ္စာဖောက်အပ်နှံသည့်အတွက် ငွေရသောအခါ ယုဒ လုပ်ဆောင်သည့်အရာကို ကျွန်ုပ်တို့အား အမှတ်ရစေသည်။—မဿဲ ၂၇:၅။

ကျမ်းစာတွင်ဖော်ပြထားသော “ဖြတ်စာ” ကား အဘယ်အရာနည်း။

မောရှေပညတ်တွင် ဤသို့ဖော်ပြထားသည်–  “တစ်စုံတစ်ယောက်သောသူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ တစ်ဖန် အပြစ်တင်စရာအကြောင်းရှိသောကြောင့် စိတ်မတွေ့လျှင် ဖြတ်စာကိုပေး၍ သူ၌အပ်ပေးသဖြင့်  လွှတ်လိုက်ရမည်။” (တရားဟောရာ ၂၄:၁) ထိုဖြတ်စာ၏ရည်ရွယ်ချက်ကား အဘယ်နည်း။ ထိုဖြတ်စာတွင် အဘယ်အရာရေးသားထားကြောင်း ကျမ်းစာက မဖော်ပြသော်လည်း ယင်းသည် ကွာရှင်းခံရသည့်အမျိုးသမီး၏ အခွင့်အရေးနှင့်အကျိုးကို ကာကွယ်ပေးမည်မှာ သေချာသည်။

၁၉၅၁-၁၉၅၂ ခုနှစ်တွင် ယုဒသဲကန္တာရရှိ ခြောက်သွေ့သော ဝေဒီမာရောဗတ်မြစ်၏ မြောက်ဘက်ရှိဂူများတွင် ရှေးဟောင်းပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ တွေ့ရှိရသောစာမူများတွင် အေဒီ ၇၁ သို့မဟုတ် ၇၂ ခုနှစ်၌ အာရမိတ်ဘာသာစကားဖြင့် ရေးသားထားသော ဖြတ်စာတစ်စောင် ပါရှိသည်။ ယင်းတွင် ရောမကိုဂျူးတို့ပုန်ကန်သည့် ခြောက်နှစ်မြောက်၊ မာဟက်ရှ်ဗန်လ ပထမရက်တွင် ဖြစ်ပျက်ခဲ့ရာများကို ဤသို့ဖော်ပြထားသည်– မဆားဒါးခံတပ်တွင် နေထိုင်သူ နော့ခ်စန်၏သား၊ ယောသပ်သည် ဟာနာဘလာတာမှ ယောနသန်၏သမီးဖြစ်သူ မိရိအံကို ကွာရှင်းပြတ်စဲသည်။ ထို့ကြောင့် သူသည် နှစ်သက်ရာမည်သည့်ဂျူးအမျိုးသားကိုမဆို လက်ထပ်ခွင့်ရှိသည်။ ယောသပ်သည် ထိမ်းမြားလက်ထပ်စဉ်က မိရိအံဘက်မှ လက်ဖွဲ့ခဲ့သောစ္စည်းများကို ပြန်ပေးပြီး မိရိအံပိုင်ဆိုင်သော ပျက်စီးသွားသည့်ပစ္စည်းများ၏ တန်ဖိုးလေးဆ ပြန်လျော်ပေးသည်။ ထိုဖြတ်စာကို ယောသပ်ကိုယ်တိုင်လက်မှတ်ရေးထိုးထားပြီး သက်သေသုံးဦးအဖြစ် မောလ်ကာ၏သားများဖြစ်သော အဲလီယဲဇာနှင့် ယောသပ်၊ ဟာနာနာ၏သား အဲလဲယေဇာတို့က လက်မှတ်ထိုးထားသည်။

[စာမျက်နှာ ၂၅ ပါပုံ]

ဝေဒီမာရောဗတ်ရှိဂူများ

[စာမျက်နှာ ၂၅ ပါပုံ]

အေဒီ ၇၁/၇၂ ခုနှစ်၌ ရေးသားထားသော ဖြတ်စာ

[စာမျက်နှာ ၂၅ ပါပုံအသိအမှတ်ပြုစာ]

Caves: Todd Bolen/Bible Places.com; certificate: Clara Amit, Courtesy of the Israel Antiquities Authority

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ