ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၃/၁ စာ. ၁၅
  • “သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သင်တို့၏ဘုရားသခင် ငါယေဟောဝါသည် သန့်ရှင်းတော်မူ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မီးလောင်နေတဲ့ ချုံပုတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ‘ငါတို့ဘုရားသခင်၏ ယုယသနားကြင်နာခြင်း’
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၃/၁ စာ. ၁၅

ဘုရားသခင်၌ ချဉ်းကပ်ကြလော့

“သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏”

ထွက်မြောက်ရာ ၃:၁-၁၀

“[ယေဟောဝါသည်] သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။” (ဟေရှာယ ၆:၃) ထိုစကားများက ယေဟောဝါဘုရားသခင်သည် အမြင့်မြတ်ဆုံးအတိုင်းအတာအထိ သန့်ရှင်းစင်ကြယ်ကြောင်း ဖော်ပြသည်။ သို့ဆိုလျှင် ‘ဘုရားသခင်က အရမ်းသန့်ရှင်းစင်ကြယ်တဲ့အတွက် အေးတိအေးစက်နိုင်ပြီး ဂရုမစိုက်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားသလား။ ဒီလောက်ထိသန့်ရှင်းတဲ့ဘုရားသခင်က အပြစ်ရှိပြီး မစုံလင်တဲ့လူသားတစ်ဦးဖြစ်တဲ့ ငါ့ကို တကယ်ဂရုစိုက်ပါ့မလား’ ဟုသင်မေးပေမည်။ ထွက်မြောက်ရာ ၃:၁-၁၀ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း မောရှေကို ဘုရားသခင်မိန့်ဆိုခဲ့သည့် အားတက်ဖွယ်ကောင်းသောစကားများကို ဆန်းစစ်ကြည့်ကြစို့။

တစ်နေ့တွင် မောရှေ သိုးထိန်းနေစဉ် အလွန်ထူးဆန်းသည့်မြင်ကွင်းကို မြင်တွေ့ခဲ့သည်။ ဆူးချုံတစ်ချုံသည် မီးလောင်နေသော်လည်း “မကျွမ်းဘဲရှိသည်ကို” တွေ့လိုက်သည်။ (အခန်းငယ် ၂) အဘယ်ကြောင့် ထိုသို့ဖြစ်ရကြောင်းသိရန် အနားတိုးသွားလိုက်၏။ ထိုအချိန်တွင် ယေဟောဝါသည် ကောင်းကင်တမန်တစ်ပါးမှတစ်ဆင့် “မချဉ်းနှင့်။ သင်၏ခြေနင်းကိုချွတ်လော့။ သင်နင်းသောအရပ်ကား သန့်ရှင်းသောမြေဖြစ်သည်” ဟူ၍မီးထဲမှမိန့်ဆိုလေ၏။ (အခန်းငယ် ၅) သန့်ရှင်းသောဘုရားသခင်သည် ထိုချုံပုတ်တွင် ပုံဆောင်သဘောအရ ရောက်ရှိနေသောကြောင့် ထိုမြေသည် သန့်ရှင်းသွားရကြောင်း စဉ်းစားကြည့်ပါလေ။

သန့်ရှင်းသောဘုရားသခင်သည် မောရှေနှင့်စကားပြောရသည့် အကြောင်းရင်းရှိသည်။ “[အီဂျစ်]ပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏” ဟုဘုရားသခင်မိန့်ဆို၏။ (အခန်းငယ် ၇) ဘုရားသခင်သည် ကိုယ်တော့်လူမျိုးတော်၏ ဆင်းရဲဒုက္ခများကို မတွေ့မြင်ဘဲမနေသကဲ့သို့ သူတို့၏အော်ဟစ်တောင်းပန်သံများကိုလည်း မကြားဘဲမနေပါ။ သူတို့၏ဆင်းရဲဝေဒနာသည် ကိုယ်တော်၏ဆင်းရဲဝေဒနာပင်ဖြစ်သည်။ “သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏” ဟုဘုရားသခင်မိန့်ဆိုကြောင်း သတိပြုပါ။ “ငါသိ၏” ဟူသောအသုံးအနှုန်းနှင့်ပတ်သက်၍ စာအုပ်တစ်အုပ်က “ထိုအသုံးအနှုန်းသည် လူတစ်ဦး၏ခံစားချက်၊ သနားကရုဏာ၊ ထောက်ထားစာနာမှုတို့ကို ရည်ညွှန်းသည်” ဟုဆိုသည်။ မောရှေကို မိန့်ဆိုသည့် ယေဟောဝါ၏စကားများက ကိုယ်တော်သည် မိမိလူတို့ကို အလွန်စိုးရိမ်ပူပန်ပြီး ဂရုစိုက်သောဘုရားသခင်ဖြစ်ကြောင်း ဖော်ပြသည်။

သို့ဆိုလျှင် ဘုရားသခင် အဘယ်အရာပြုလုပ်မည်နည်း။ သနားစိတ်ဖြင့်ကြည့်နေရုံ သို့မဟုတ် ထောက်ထားစာနာစွာ နားထောင်ရုံသာ မပြုခဲ့ပါ။ ကိုယ်တော်ကြားရသော၊ မြင်တွေ့ရသောအရာများက တစ်စုံတစ်ခုလုပ်ဆောင်ပေးရန် ကိုယ်တော့်ကိုလှုံ့ဆော်သည်။ သို့နှင့် မိမိလူမျိုးကို အီဂျစ်ပြည်မှကယ်နုတ်ပြီး “နို့နှင့်ပျားရည်စီးတတ်သောပြည်သို့” ပို့ဆောင်ပေးရန် ကိုယ်တော်ဆုံးဖြတ်ခဲ့သည်။ (အခန်းငယ် ၈) နောက်ဆုံး၊ “ငါ၏လူ . . . တို့ကို [အီဂျစ်]ပြည်မှ နုတ်ဆောင်” ခဲ့ဟုမောရှေကို ယေဟောဝါမိန့်မှာ၏။ (အခန်းငယ် ၁၀) ထိုမိန့်မှာချက်အတိုင်း မောရှေသည် ဘီစီ ၁၅၁၃ တွင် အစ္စရေးလူတို့ကို အီဂျစ်ပြည်မှဦးဆောင်ခေါ်ထုတ်ခဲ့သည်။

ယေဟောဝါသည် မပြောင်းလဲပါ။ ယနေ့လည်း ကိုယ်တော်သည် မိမိအားဝတ်ပြုကိုးကွယ်နေသူများ၏ ဆင်းရဲခက်ခဲမှုများကို တွေ့မြင်ပြီး သူတို့၏အော်ဟစ်အကူအညီတောင်းသံများကို ကြားတော်မူကြောင်း စိတ်ချနိုင်ပါသည်။ သူတို့၏နာကျင်မှုဝေဒနာကို ကိုယ်တော်ကောင်းစွာသိပါသည်။ သို့သော် ယေဟောဝါသည် ထိုသစ္စာနှံကျေးကျွန်များအတွက် ထောက်ထားစာနာပေးရုံသာ မဟုတ်ပါ။ သနားကြင်နာတတ်သောဘုရားသခင်သည် သူတို့ကို “ဂရုစိုက်တော်မူသောကြောင့်” ယင်းက သူတို့ကိုကူညီပေးရန် ကိုယ်တော့်ကိုလှုံ့ဆော်ပေးသည်။—၁ ပေတရု ၅:၇။

ဘုရားသခင်၏ထောက်ထားစာနာမှုက ကျွန်ုပ်တို့ကို မျှော်လင့်ချက်ရှိစေသည်။ မစုံလင်သောလူသားများသည် ကိုယ်တော်၏ကူညီမစမှုဖြင့် အတိုင်းအတာတစ်ခုအထိ သန့်ရှင်းစင်ကြယ်နိုင်ပြီး ဘုရားသခင်နှစ်သက်လက်ခံနိုင်ဖွယ်အနေအထား ရရှိနိုင်သည်။ (၁ ပေတရု ၁:၁၅၊ ၁၆) စိတ်ဓာတ်ကျမှုကို တွန်းလှန်နေရသော ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ချုံပုတ်တွင် တွေ့ကြုံခဲ့ရသော မောရှေ၏အထက်ပါဖြစ်ရပ်မှ နှစ်သိမ့်မှုရရှိခဲ့သည်။ “ယေဟောဝါက ညစ်ညမ်းတဲ့မြေကိုတောင် သန့်ရှင်းစေနိုင်တယ်ဆိုတော့ ကျွန်မအတွက် မျှော်လင့်ချက်နည်းနည်းရှိလာတယ်။ အဲဒီအချက်က ကျွန်မကို အရမ်းထောက်ကူပေးတယ်” ဟုသူဆိုသည်။

သန့်ရှင်းသောဘုရားသခင် ယေဟောဝါအကြောင်း သင် ပို၍သင်ယူလိုပါသလော။ ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရရှိနိုင်ပါသည်။ အကြောင်းမှာ ကိုယ်တော်သည် ‘[ကျွန်ုပ်တို့၏]ကိုယ်ခန္ဓာကို သိတော်မူပြီး [ကျွန်ုပ်တို့] သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ’ သောကြောင့်တည်း။—ဆာလံ ၁၀၃:၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ