ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၉ ၁၂/၁ စာ. ၂၀
  • ဘုရားသခင်သည် ကျွန်ုပ်တို့ဘ၀ကို အောင်မြင်စေလို

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်သည် ကျွန်ုပ်တို့ဘ၀ကို အောင်မြင်စေလို
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောရှု ၁:၉—“အားယူ၍ ရဲရင့်ခြင်း ရှိလော့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ယောရှုအမှတ်ရခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ယောရှုကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ကတိများကို ပြည့်စုံစေတော်မူသောအရှင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
က၀၉ ၁၂/၁ စာ. ၂၀

ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့

ဘုရားသခင်သည် ကျွန်ုပ်တို့ဘ၀ကို အောင်မြင်စေလို

ယောရှု ၁:၆-၉၊ သမ္မာ

ချစ်ခင်ကြင်နာသော မိဘများသည် သားသမီးများ၏ဘဝကို အောင်မြင်စေလိုသည့်အပြင် အဓိပ္ပာယ်ရှိရှိ အားရကျေနပ်စွာ နေထိုင်စေလိုကြသည်။ ထိုနည်းတူ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါဘုရားသခင်သည်လည်း မြေကြီးပေါ်ရှိ သားသမီးများ၏ဘဝကို အောင်မြင်စေလိုတော်မူသည်။ ကိုယ်တော်၏ချစ်ခင်ကြင်နာမှုကို ဖော်ပြသည့်အနေဖြင့် ကျွန်ုပ်တို့၏ဘဝကို မည်သို့အောင်မြင်စေနိုင်ကြောင်း ကိုယ်တော် မိန့်ဆိုထားသည်။ ဥပမာ၊ ယောရှုကို ဘုရားသခင် မိန့်ဆိုခဲ့သော စကားများကို သုံးသပ်ကြည့်ပါ။ ထိုစကားများကို ယောရှု ၁:၆-၉ တွင်မှတ်တမ်းတင်ထား၏။

ဘေးတွင်ဖော်ပြထားသော မြင်ကွင်းကို မြင်ယောင်ကြည့်ပါ။ မောရှေ ကွယ်လွန်ပြီးနောက် ယောရှုသည် သန်းနှင့်ချီရှိသော အစ္စရေးတို့၏ ခေါင်းဆောင်သစ်ဖြစ်လာသည်။ အစ္စရေးတို့သည် မိမိတို့ဘိုးဘေးများအားပေးမည်ဟု ဘုရားသခင်ကတိပြုခဲ့သော တိုင်းပြည်ကို ဝင်ရောက်ရန် ပြင်ဆင်နေကြသည်။ ဘုရားသခင်သည် ယောရှုကို အကြံပြုချက်အချို့ ပေးခဲ့သည်။ ၎င်းကို လိုက်လျှောက်လျှင် သူ အောင်မြင်လိမ့်မည်။ သို့ရာတွင် အဆိုပါအကြံပြုချက်သည် ယောရှုအကျိုးအတွက်သာ မဟုတ်ချေ။ ယင်းကို လိုက်လျှောက်လျှင် ကျွန်ုပ်တို့လည်း အောင်မြင်နိုင်မည်။—ရောမ ၁၅:၄။

ယေဟောဝါဘုရားသခင်သည် ယောရှုကို အားယူ၍ ရဲရင့်ခြင်းရှိလော့ဟု တစ်ကြိမ်ထက်မက သုံးကြိမ်တိုင် မိန့်ဆိုခဲ့သည်။ (အခန်းငယ် ၆၊ ၇ ၉) ယောရှုသည် အစ္စရေးလူမျိုးကို ကတိထားရာပြည်သို့ အောင်မြင်စွာ ခေါ်ဆောင်သွားနိုင်ရန် ရဲစွမ်းသတ္တိနှင့် ခွန်အားရှိဖို့လိုမည်မှာ သေချာသည်။ သို့သော် သူသည် အဆိုပါအရည်အသွေးများကို မည်သို့မွေးမြူနိုင်သနည်း။

ယောရှုသည် ရဲစွမ်းသတ္တိနှင့် ခွန်အားကို စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးသားသော ကျမ်းစာစောင်များမှ ရယူနိုင်ခဲ့သည်။ ယေဟောဝါဘုရားသခင်က “ငါ၏ကျွန် မောရှေမှာထားသမျှသောတရားအတိုင်း သတိနှင့် စောင့်ရှောက်” ပါဟု မိန့်မှာတော်မူ၏။ (အခန်းငယ် ၇) ထိုအချိန်တွင် ယောရှု၌ ကျမ်းစာစောင် အနည်းငယ်သာ ရှိပေမည်။a သို့သော် သမ္မာကျမ်းစာကို ပိုင်ဆိုင်ထားရုံမျှဖြင့် အောင်မြင်မည်ဟု အာမမခံပေ။ ယောရှုသည် ၎င်းမှ အကျိုးရယူနိုင်ရန် အချက်နှစ်ချက်ကို ပြုလုပ်ဖို့လိုသည်။

ပထမ၊ ယောရှုသည် ဘုရားသခင့်စကားတော်ကို မှန်မှန်နှလုံးသွင်းရမည်။ “ကျမ်းစာကို . . . နေ့ညမပြတ် ဖတ်ရွတ်ဆင်ခြင်ရမည်” ဟု သူ့ကို ယေဟောဝါဘုရားသခင် မိန့်ဆိုသည်။ (အခန်းငယ် ၈) အကိုးအကားစာအုပ်တစ်အုပ်က ဤသို့ဖော်ပြ၏– “ပညတ္တိကျမ်းကို ‘အသံတိုးတိုးရေရွတ်ခြင်း၊’ ‘စဉ်းစားဆင်ခြင်ခြင်း’ အားဖြင့် ယင်းကို အမြဲသတိရနေပါဟု ယောရှုအား ဘုရားသခင် မိန့်မှာခဲ့သည်။” ယောရှုသည် ဘုရားသခင့်စကားတော်ကို နေ့စဉ် ဖတ်ရှုဆင်ခြင်မည်ဆိုလျှင် ရှေ့တွင်ရင်ဆိုင်ရမည့် အခက်အခဲများကို ဖြေရှင်းနိုင်မည်ဖြစ်သည်။

ဒုတိယ၊ ယောရှုသည် ဘုရားသခင့်စကားတော်မှ သိရှိလာရာများကို လိုက်နာကျင့်သုံးဖို့လိုသည်။ ‘ပညတ္တိကျမ်းစာ၌ရေးထားသမျှအတိုင်း သတိနှင့်စောင့်ရှောက်မည်ဆိုလျှင် သင်ပြုသောအမှု၌ အောင်မြင်လိမ့်မည်’ ဟု ယေဟောဝါဘုရားသခင် မိန့်တော်မူ၏။ (အခန်းငယ် ၈) ယောရှု၏အောင်မြင်မှုသည် ဘုရားသခင်၏အလိုတော် ထမ်းဆောင်ခြင်းနှင့် ဆက်စပ်လျက်ရှိသည်။ ယင်းမှလွဲ၍ အခြားနည်းမရှိနိုင်ပေ။ အကြောင်းမှာ ဘုရားသခင့်အလိုတော်သည် အမြဲအောင်မြင်သောကြောင့်ဖြစ်၏။—ဟေရှာယ ၅၅:၁၀၊ ၁၁။

ယောရှုသည် ယေဟောဝါဘုရားသခင်၏ အကြံပြုချက်ကို ဂရုတစိုက်လိုက်လျှောက်ခဲ့သည်။ ထိုသို့ပြုသောကြောင့် သူသည် ယေဟောဝါဘုရားသခင်၏ သစ္စာရှိဝတ်ပြုသူတစ်ဦးအဖြစ် အဓိပ္ပာယ်ရှိပြီး ကျေနပ်အားရသောဘဝဖြင့် နေထိုင်ခဲ့ရသည်။—ယောရှု ၂၃:၁၄; ၂၄:၁၅။

ယောရှုကဲ့သို့ သင်လည်း အဓိပ္ပာယ်ပြည့်၀သောဘဝဖြင့် နေထိုင်လိုသလော။ ယေဟောဝါဘုရားသခင်သည် သင့်ဘဝကို အောင်မြင်စေလိုသည်။ သို့သော် သမ္မာကျမ်းစာကို ပိုင်ဆိုင်ထားရုံမျှဖြင့် လုံလောက်မည်မဟုတ်ပေ။ “သမ္မာကျမ်းစာကို ဖတ်ရှုပြီး လိုက်နာကျင့်သုံးပါ” ဟု သက်တမ်းကြာ သစ္စာရှိခရစ်ယာန်တစ်ဦးက အကြံပြုသည်။ သင်လည်း သမ္မာကျမ်းစာကို မှန်မှန်ဖတ်ရှုပြီး သိရှိလာရာများကို ဘဝတွင် ကျင့်သုံးမည်ဆိုလျှင် ယောရှုကဲ့သို့ပင် ‘သင်ပြုသောအမှု၌ အောင်မြင်လိမ့်မည်။’

[အောက်ခြေမှတ်ချက်]

a ယောရှုတွင်ရှိနိုင်မည့် ကျမ်းစာစောင်များမှာ မောရှေရေးထားသည့် ကျမ်းငါးစောင် (ကမ္ဘာဦး၊ ထွက်မြောက်ရာ၊ ဝတ်ပြုရာ၊ တောလည်ရာနှင့် တရားဟောရာ)၊ ယောဘဝတ္ထုနှင့် ဆာလံတစ်ပုဒ်၊ နှစ်ပုဒ်တို့ ဖြစ်နိုင်ဖွယ်ရှိ၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ