ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၇/၁ စာ. ၂၈
  • ဘုရားသခင်တွင် အစရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်တွင် အစရှိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ကို ဘယ်သူဖန်ဆင်းတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ထာဝရဘုရင်ကို ချီးမွမ်းလေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဘုရားသခင်နှင့်လျှောက်လှမ်းခြင်း—ထာဝရကာလကိုရည်မျှော်လျက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဘုရားသခင်ကို ရှာတွေ့နိုင်မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၇/၁ စာ. ၂၈

စာရှုသူများအမေး . . .

ဘုရားသခင်တွင် အစရှိသလော

▪ သမ္မာကျမ်းစာ၏အဖြေမှာ ဘုရားသခင်တွင် အစမရှိ ဟူ၍ဖြစ်သည်။ ဘုရားသခင်သည် အမြဲတည်ရှိတော်မူ၏။ ဘုရားသခင် ထာဝစဉ်တည်ရှိသည်ဟူသော အယူအဆကို ကျွန်ုပ်တို့ အပြည့်အ၀နားမလည်နိုင်ပေ။ သို့သော် ထိုအယူအဆကို အပြည့်အ၀ နားမလည်သည့်အတွက် မှားသည်ဟု မဆိုသင့်ချေ။

ဘုရားသခင့်နည်းလမ်းတော် ရှိရှိသမျှကို နားလည်ရန် မျှော်လင့်ခြင်းသည် အကျိုးသင့်အကြောင်းသင့်မရှိချေ။ တမန်တော်ပေါလုက ဤသို့ဖော်ပြခဲ့၏– “ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ။ စီရင်တော်မူချက်များကို စိစစ်၍မရနိုင်။ နည်းလမ်းတော်များကို လိုက်၍မမီနိုင်ပါတကား။” (ရောမ ၁၁:၃၃) မွေးကင်းစကလေးတစ်ဦးသည် မိဘလုပ်သမျှကို အကုန်အစင်နားမလည်နိုင်သကဲ့သို့ ကျွန်ုပ်တို့လည်း ဘုရားသခင်၏ နက်နဲသော ဉာဏ်ပညာနှင့်အသိပညာတို့ကို အပြည့်အဝ နားလည်နိုင်မည်မဟုတ်ချေ။ ဤတွင် တမန်တော်ပေါလုသည် ဘုရားသခင်၏ ထူးခြားသော ဉာဏ်ပညာနှင့် သနားကြင်နာမှုအကြောင်း အဓိက ပြောနေခြင်းဖြစ်သည်။ သို့သော် ယေဟောဝါဘုရားသခင်အကြောင်း၊ ကိုယ်တော်၏ လုပ်ဆောင်ပုံများအကြောင်းကို နားလည်ရန် အလွန်ခက်ခဲသည်ဟုလည်း ဖော်ပြနေခြင်းဖြစ်သည်။ ယင်းတို့အထဲတွင် ဘုရားသခင်၌ အစမရှိဟူသော အယူအဆလည်း ပါ၀င်၏။ သို့တိုင် ဘုရားသခင်နှင့်ပတ်သက်၍ သမ္မာကျမ်းစာသွန်သင်ရာကို ကျွန်ုပ်တို့ လုံးလုံးယုံကြည်စိတ်ချနိုင်ပါသည်။ သမ္မာကျမ်းစာနှင့်ပတ်သက်၍ ယေရှုခရစ်က “ကိုယ်တော်၏တရားစကားတော်သည် အမှန်တရားဖြစ်ပါ၏” ဟုမိန့်ဆိုခဲ့သည်။—ယောဟန် ၁၇:၁၇။

ယေဟောဝါဘုရားသခင်ထံ မောရှေ ဤသို့ဆုတောင်းခဲ့သည်– “ကိုယ်တော်သည် အမြဲတည်ရှိတော်မူခဲ့ပြီး အမြဲတည်ရှိတော်မူမည်။” (ဆာလံ ၉၀:၂၊ The Holy Bible, New Century Version) ဘုရားသခင့်တည်ရှိမှုသည် ဦးတည်ရာလမ်းကြောင်းနှစ်ခုဖြင့် ဆန့်ထွက်သွားသကဲ့သို့ မောရှေ ဖော်ပြနေခြင်းဖြစ်သည်။ လမ်းကြောင်းတစ်ခုသည် အနာဂတ်ကာလသို့ ဦးတည်သွားသည်။ ယေဟောဝါဘုရားသခင်သည် “အစဉ်ထာဝရ အသက်ရှင်သောအရှင်” ဖြစ်တော်မူ၏။ (ဗျာ. ၄:၁၀) ဤသို့ဖြင့် ဘုရားသခင့်တည်ရှိမှုသည် အဆုံးမရှိသော အနာဂတ်ကာလသို့ ဦးတည်ဆန့်ထွက်သွားလေသည်။ နောက်လမ်းကြောင်းတစ်ခုမှာ အတိတ်ကာလသို့ ဦးတည်သွားသည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို ဖန်ဆင်းထားခြင်းမဟုတ်သကဲ့သို့ ကိုယ်တော်တည်ရှိလာခြင်းလည်း မဟုတ်ချေ။ ယင်းအစား ဘုရားသခင့်တည်ရှိမှုသည် အတိုင်းမသိသည့် အတိတ်ကာလထဲသို့ ရောက်ရှိသွားခြင်းဖြစ်သည်။

ကျွန်ုပ်တို့အများစုအတွက် လက်ဆုပ်လက်ကိုင်မပြနိုင်သော ယူဆချက်များသည် နားလည်ရခက်၏။ သို့တိုင် တစ်ခါတစ်ရံ အပေါင်းကိန်းများနှင့် အနုတ်ကိန်းများကဲ့သို့သော ခက်ခဲသည့် ယူဆချက်တချို့ကို လက်ခံဖို့လိုသည်။ ကိန်းဂဏန်းများကို အပေါင်းဘက်ဖြစ်စေ၊ အနုတ်ဘက်ဖြစ်စေ ဘယ်တော့မျှ ရေတွက်၍ ကုန်ဆုံးနိုင်မည်မဟုတ်ပေ။ ဤဥပမာကို အသုံးပြု၍ ဖန်ဆင်းရှင်၏အသက် နှစ်ပေါင်းမည်မျှရှိသည်ကို ရေတွက်၍ရနိုင်ပါမည်လော။

ထို့ကြောင့် ဘုရားသခင်တစ်ပါးတည်းသာလျှင် “ထာဝရဘုရင်” ဟူသော ဘွဲ့နာမကို ခံယူထားခြင်းက သင့်လျော်လှပေသည်။ (၁ တိမောသေ ၁:၁၇) ဤအချက်ကို စဉ်းစားကြည့်ပါ။ ယေရှုခရစ်၊ မရေမတွက်နိုင်အောင် များပြားလှသည့် ကောင်းကင်တမန်များနှင့် လူသားတို့သည် အစရှိကြ၏။ အကြောင်းမှာ သူတို့အားလုံးကို ဖန်ဆင်းထားသောကြောင့်ဖြစ်သည်။ (ကောလောသဲ ၁:၁၅၊ ၁၆) ဘုရားသခင်မူကား ထိုသို့မဟုတ်ချေ။ ဘုရားသခင်ကို ဖန်ဆင်းထားခြင်းဖြစ်ရမည်ဟု မရမကပြောဆိုနေခြင်းက အဓိပ္ပာယ်မရှိသည့်အပြင် ဖန်ဆင်းရှင်ကို မည်သူ ဖန်ဆင်းသနည်းဟူ၍ လိုရင်းမရောက်တော့ဘဲ တဝဲလည်လည် ဖြစ်နေပေတော့မည်။ ယေဟောဝါဘုရားသခင်တစ်ပါးတည်းသာ “ထာဝရကာလမှ ထာဝရကာလတိုင်” တည်ရှိတော်မူသည်။ (ဆာလံ ၉၀:၂၊ The New American Bible) တစ်နည်းအားဖြင့် ယေဟောဝါဘုရားသခင်သည် “ရှေးကာလအဆက်ဆက်” တည်ရှိတော်မူခဲ့သည်။—ယုဒ ၂၅။

သို့သော် ဘုရားသခင်၏ ထာဝရတည်ရှိမှုသည် ခံစားမှုမဲ့သော အချက်မျှသာမဟုတ်ကြောင်း မှတ်သားထားပါ။ မောရှေ၏ဆုတောင်းချက်ကို အသေအချာ သုံးသပ်ကြည့်လျှင် ဘုရားသခင်၏ ထာဝရတည်ရှိမှုသည် ကျွန်ုပ်တို့ကို ထာဝရအသက်ပေးမည်ဟူသော မေတ္တာပါသည့်ကတိတော်ကို အာမခံပေးကြောင်း သိရှိရ၏။ ကျွန်ုပ်တို့၏ လက်ရှိတိုတောင်းသောအသက်တာနှင့်မတူဘဲ ဘုရားသခင်သည် “ကာလအစဉ်အဆက် ကျွန်ုပ်တို့ခိုလှုံရာ” ဖြစ်ကြောင်း ဖော်ပြ၏။ ယေဟောဝါဘုရားသခင်သည် မိမိအားကိုးကွယ်သူတို့၏ မေတ္တာရှင်ခမည်းတော်အဖြစ် တည်ရှိတော်မူခဲ့ပြီး တည်ရှိနေဆဲဖြစ်ကာ အမြဲတည်ရှိသွားမည်ဖြစ်သည်။ အလွန်ကောင်းမြတ်သော ထိုအမှန်တရားမှ နှစ်သိမ့်မှုရရှိနိုင်ပါစေ။—ဆာလံ ၉၀:၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ