ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၀/၁ စာ. ၁၀
  • ၆ အကျိုးရှိပါ့မလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၆ အကျိုးရှိပါ့မလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • မည်သူတို့၏ဆုတောင်းသံများကို နားညောင်းတော်မူသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းခြင်းသည် ကောင်းကျိုးတစ်စုံတစ်ရာပြုသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • မည်သူတို့၏ ဆုတောင်းချက်များ ဖြေကြားခြင်းခံရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၀/၁ စာ. ၁၀

၆ အကျိုးရှိပါ့မလား

ဆုတောင်းခြင်းက ကျွန်ုပ်တို့အတွက် အကျိုးရှိသလား။ အကျိုးရှိတယ်လို့ ကျမ်းစာက ဆိုတယ်။ ဘုရားသခင်အပေါ် တည်ကြည်တဲ့ ကျေးကျွန်တွေရဲ့ ဆုတောင်းချက်က တကယ်လည်း သူတို့ကို အကျိုးပြုခဲ့ပါတယ်။ (လုကာ ၂၂:၄၀။ ယာကုပ် ၅:၁၃) ဆုတောင်းခြင်းက ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိစေတဲ့အပြင် စိတ်ပိုင်းနဲ့ ကာယရေး လိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးတယ်။ ဘယ်လိုနည်းအားဖြင့်လဲ။

သင့်ကလေးကို တစ်ယောက်ယောက်က လက်ဆောင်ပေးတယ် ဆိုကြပါစို့။ သင့်ကလေးကို ကျေးဇူးတင်စိတ်ရှိ ဖို့ သွန်သင်ပေးမလား။ ဒါမှမဟုတ် ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ သွန်သင်ပေးမလား။ ခံစားချက်တွေကို စကားလုံးတွေအဖြစ် ပြောင်းလဲလိုက်တဲ့အခါ ခံစားချက်တွေက ပိုပီပြင်လာပြီး ပိုလေးနက်လာတယ်။ ဘုရားသခင်ထံ ဆုတောင်းတဲ့အခါမှာလည်း အဲဒီအတိုင်းဖြစ်လာတယ် မဟုတ်ဘူးလား။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

ကျေးဇူးတင်တဲ့ ဆုတောင်းချက်များ။ ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးထားတဲ့ ကောင်းမြတ်တဲ့ အရာတွေအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဘုရားသခင်ထံ ဆုတောင်းတဲ့အခါ ကျွန်ုပ်တို့ ရရှိထားတဲ့ ကောင်းချီးတွေကို အာရုံစိုက်လာကြတယ်။ ဒီလိုနဲ့ ပိုပြီး ကျေးဇူးတင်တတ်လာတယ်၊ ပိုပြီး ပျော်ရွှင်လာတယ်၊ ပိုပြီးတော့လည်း အပြုသဘော ရှိလာတယ်။—ဖိလိပ္ပိ ၄:၆။

ဥပမာ– မိမိဆုတောင်းတာကို ဘုရားသခင် နားညောင်းပြီး အဖြေပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ယေရှု ထုတ်ဖော်ပြောဆိုခဲ့တယ်။—ယောဟန် ၁၁:၄၁။

ခွင့်လွှတ်မှုရဖို့ တောင်းခံတဲ့ ဆုတောင်းချက်များ။ ဘုရားသခင်ရဲ့ ခွင့်လွှတ်မှုရဖို့ ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ ကျွန်ုပ်တို့ရဲ့ ကိုယ်ကိုယ်ကိုယ်သိစိတ်က ကြည်လင်လာပြီး စိတ်ရင်းမှန်နဲ့ နောင်တယူတဲ့အပြင် အပြစ်ရဲ့ ကြီးလေးမှုကိုလည်း ပိုပြီး သတိပြုမိလာတယ်။ သည့်အပြင် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်ကလည်း ပေါ့သွားတယ်။

ဥပမာ– ဒါဝိဒ်ဆုတောင်းတဲ့အခါ သူ့ရဲ့ နောင်တနဲ့ ဝမ်းနည်းမှုကို ထုတ်ဖော်ပြခဲ့တယ်။—ဆာလံ ၅၁။

လမ်းညွှန်မှုနဲ့ ဉာဏ်ပညာရဖို့ တောင်းခံတဲ့ ဆုတောင်းချက်များ။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ကျွန်ုပ်တို့ကို လမ်းညွှန်ပေးဖို့ ဒါမှမဟုတ် လိုအပ်တဲ့ ဉာဏ်ပညာပေးဖို့ ယေဟောဝါဘုရားသခင်ထံ ဆုတောင်းခြင်းက ကျွန်ုပ်တို့ကို စစ်မှန်တဲ့နှိမ့်ချမှု ရှိစေတယ်။ ပြီးတော့ ကျွန်ုပ်တို့မှာ ကန့်သတ်ချက်ရှိတယ်ဆိုတာကို သတိရစေတဲ့အပြင် ဘုရားသခင်အပေါ် ပိုပြီး ယုံကြည်ကိုးစားလာစေနိုင်တယ်။—သု. ၃:၅၊ ၆။

ဥပမာ– အစ္စရေးနိုင်ငံကို အုပ်ချုပ်နိုင်ဖို့ ဉာဏ်ပညာနဲ့ လမ်းညွှန်မှုပေးပါဆိုပြီး ဘုရင်ရှောလမုန် နှိမ့်ချစွာ ဆုတောင်းခဲ့တယ်။—၃ ဓမ္မရာဇဝင် ၃:၅-၁၂။

စိတ်သောက ရောက်တဲ့အခါ တောင်းလျှောက်တဲ့ ဆုတောင်းချက်များ။ စိတ်ဆင်းရဲနေချိန်မှာ ဘုရားသခင်ထံ ရင်ဖွင့်ဆုတောင်းလိုက်မယ်ဆိုရင် စိတ်သက်သာမှုရပြီး ကိုယ့်ကိုယ်ကိုယ်ထက် ဘုရားသခင်ကို အားကိုးလာမှာ ဖြစ်တယ်။—ဆာလံ ၆၂:၈။

ဥပမာ– ကြောက်စရာကောင်းတဲ့ ရန်သူတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဘုရင်အာသ ဆုတောင်းခဲ့တယ်။—၂ ရာဇဝင်ချုပ် ၁၄:၁၁။

အကူအညီလိုတဲ့သူတွေအတွက် တောင်းလျှောက်တဲ့ ဆုတောင်းချက်များ။ အဲလိုဆုတောင်းချက်တွေက ကျွန်ုပ်တို့ကို တစ်ကိုယ်ကောင်း မဆန်စေဘဲ သနားကြင်နာမှုနဲ့ စာနာမှုရှိစေတယ်။

ဥပမာ– နောက်လိုက်တွေအတွက် ယေရှု ဆုတောင်းပေးခဲ့တယ်။—ယောဟန် ၁၇:၉-၁၇။

ချီးမွမ်းတဲ့ ဆုတောင်းချက်များ။ ယေဟောဝါဘုရားသခင်ရဲ့ အံ့မခန်းဖွယ်လုပ်ရပ်တွေနဲ့ အရည်အသွေးတွေကို ကျွန်ုပ်တို့ ချီးမွမ်းတဲ့အခါ ကိုယ်တော့်ကို ရိုသေလေးစားတဲ့စိတ်နဲ့ ကျေးဇူးတင်လေးမြတ်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာမှာဖြစ်တယ်။ အဲလိုဆုတောင်းချက်တွေက ဘုရားသခင်နဲ့ ပိုပြီးရင်းနှီးလာစေတယ်။

ဥပမာ– ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာတွေအတွက် ဒါဝိဒ် လှိုက်လှိုက်လှဲလှဲ ချီးမွမ်းခဲ့တယ်။—ဆာလံ ၈။

ဆုတောင်းခြင်းနဲ့ ဆက်နွှယ်နေတဲ့ နောက်ကောင်းချီးတစ်ခုကတော့ “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်း” ဖြစ်ပါတယ်။ (ဖိလိပ္ပိ ၄:၇) ဆင်းရဲခက်ခဲမှု များပြားလှတဲ့ ဒီလောကမှာ စိတ်ငြိမ်သက်မှု ရရှိခြင်းက တကယ့်ကို ရှားပါးလှတဲ့ ကောင်းချီးတစ်ခုပဲ။ အဲဒါက ကျန်းမာရေးကိုတောင် ကောင်းမွန်စေတယ်။ (သု. ၁၄:၃၀) ဒါပေမဲ့ အဲဒီလို အကျိုးကျေးဇူးတွေက ကိုယ့်ရဲ့ ကြိုးစားလုပ်ဆောင်မှု တစ်ခုတည်းနဲ့ ရရှိလာတာလား။ ဒါမှမဟုတ် ဒီထက် ပိုအရေးကြီးတဲ့အရာ တစ်ခုခုကြောင့်လား။

ဆုတောင်းခြင်းက ကာယပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ ရရှိစေတဲ့အပြင် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရရှိစေ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ