ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁၀/၁ စာ. ၁၄
  • “သူတို့ကို လေးစားထိုက်ပါတယ်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သူတို့ကို လေးစားထိုက်ပါတယ်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရဲရင့်စွာတည်ကြည်သူများ နာဇီနှိပ်စက်ညှဉ်းပန်းမှုကို အောင်မြင်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁၀/၁ စာ. ၁၄

“သူတို့ကို လေးစားထိုက်ပါတယ်”

ဂျာမနီနိုင်ငံရဲ့ အဓိပတိ (ဝန်ကြီးချုပ်) ဖြစ်တဲ့ အဒေါ့ဖ် ဟစ်တလာဟာ ဩဇာအာဏာ ကျဆင်းချိန်အတွင်းမှာပဲ ပေးစာပေါင်း ထောင်နဲ့ချီ ရရှိလိုက်တယ်။ ဘာလင်မြို့အနီးတစ်ဝိုက်ကို ရုရှားတွေ ဝင်ရောက်သိမ်းပိုက်ပြီးတဲ့နောက် ၁၉၄၅ ခုနှစ်မှာ စာပေါင်း များစွာကို မော်စကိုမြို့ကို ယူသွားပြီး ထိန်းသိမ်းထားခဲ့ကြတယ်။ အဲဒီပေးစာတွေကို ဘယ်သူတွေက ဘာကြောင့် ရေးပို့ခဲ့တယ်ဆိုတာကို လေ့လာဖို့ သမိုင်းပညာရှင် ဟန်ရစ်ခ် အေဘာလီက မော်စကိုမော်ကွန်းတိုက်မှာ ထားရှိတဲ့ စာထောင်ပေါင်းများစွာကို စစ်ဆေးခဲ့တယ်။ သူ့ရဲ့သုံးသပ်ချက်တွေကို ဟစ်တလာသို့ ပေးစာများ (Briefe an Hitler) လို့ခေါင်းစဉ်တပ်ထားတဲ့ စာအုပ်ထဲမှာ ရေးသားဖော်ပြထားတယ်။

“ဟစ်တလာဆီ စာရေးခဲ့ကြတဲ့သူတွေကတော့ ဆရာ/ဆရာမတွေနဲ့ ကျောင်းသား/သူတွေ၊ ခရစ်ယာန်မယ်သီလရှင်တွေနဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ အလုပ်လက်မဲ့တွေနဲ့ ထိပ်တန်း စီးပွားရေးသမားတွေ၊ ရေတပ်ဗိုလ်ချုပ်ကြီးတွေနဲ့ စစ်သည်တော်တွေ ဖြစ်ပါတယ်။ တချို့က သူ့ကို တစ်ဖန်မွေးဖွားလာတဲ့ မေရှိယ (ကယ်တင်ရှင်) အဖြစ် ကြည်ညိုလက်ခံကြတယ်။ တချို့ကျတော့ ဆိုးသွမ်းမှုတွေကို ဖြစ်ပေါ်စေတဲ့ အဓိကပုဂ္ဂိုလ်လို့ ရှုမြင်ကြတယ်” ဆိုပြီး ဒေါက်တာ အေဘာလီက ပြောတယ်။ အမျိုးသားဆိုရှယ်လစ် ဒါမှမဟုတ် နာဇီတွေ ကျူးလွန်ခဲ့တဲ့ ရက်စက်ရမ်းကားမှုတွေနဲ့ပတ်သက်ပြီး ချာ့ချ်အာဏာပိုင်တွေကကော ဟစ်တလာဆီ ကန့်ကွက်စာတွေ ပေးပို့ခဲ့ပါသလား။ တချို့ ပေးပို့ခဲ့ကြပေမဲ့ နည်းနည်းလေးပါပဲ။

ဒါပေမဲ့ နာဇီတွေရဲ့ လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဟစ်တလာဆီကို ဂျာမနီနိုင်ငံ ဒေသအသီးသီးက ယေဟောဝါသက်သေတွေ ပေးပို့လိုက်တဲ့စာ အတော်များများ ပါရှိတဲ့ ဖိုင်တစ်ဖိုင်ကို မော်စကိုမော်ကွန်းတိုက်မှာ အေဘာလီ တွေ့ရှိခဲ့တယ်။ တကယ်တော့ ယေဟောဝါသက်သေတွေကို မညှာမတာနှိပ်စက်တာကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံပေါင်း ၅၀ လောက်က သက်သေခံတွေဟာ ဟစ်တလာဆီကို စာနဲ့ကြေးနန်းစာပေါင်း ၂၀,၀၀၀ ခန့် ပေးပို့ခဲ့ကြတယ်။ သက်သေခံ ထောင်ပေါင်းများစွာ အဖမ်းခံရပြီး အသတ်ခံလိုက်ရသူ ဒါမှမဟုတ် နာဇီတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသွားသူက ရာနဲ့ချီရှိတယ်။ ဒေါက်တာ အေဘာလီက ဒီလိုမှတ်ချက်ချတယ်– “နာဇီအစိုးရရဲ့ သားကောင်ဘဝ ရောက်ခဲ့ရသူ သန်းပေါင်းများစွာနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် [သက်သေခံ] အရေအတွက်က အနည်းငယ်ပဲ ရှိပုံရတယ်။ သူတို့ အဲလိုဘဝရောက်ခဲ့ရတဲ့ အကြောင်းရင်းက သူတို့ဟာ နာဇီအစိုးရကို အလျှော့မပေးဘဲ စည်းစည်းလုံးလုံးနဲ့ ကြံ့ကြံ့ခံခဲ့လို့ပါ။ ဒါကြောင့် သူတို့ကို လေးစားထိုက်ပါတယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ