ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁၀/၁ စာ. ၆
  • ၃ ဘုရားသခင်က အငြိုးကြီး—မှန်ပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၃ ဘုရားသခင်က အငြိုးကြီး—မှန်ပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သဘာဝဘေးအန္တရာယ်များသည် ဘုရားသခင်ဒဏ်ခတ်ခြင်းကြောင့်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • လူဆိုးများ ငရဲကျမည်လော
    နိုးလော့!—၂၀၀၉
  • သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁၀/၁ စာ. ၆

၃ ဘုရားသခင်က အငြိုးကြီး—မှန်ပါသလား

သင် ကြားသိထားရာ– “ဘုရားသခင်ဟာ အပြစ်တစ်ခုစီတိုင်းကို မျက်စိဒေါက်ထောက် လိုက်ကြည့်ပြီး အပြစ်လုပ်တဲ့သူတွေကို မီးငရဲထဲမှာ ထာဝစဉ် အပြစ်ဒဏ်ခံစေတယ်။”

“ဘုရားသခင်ဟာ အပြစ်လုပ်တဲ့သူတွေကို ဒဏ်ခတ်ဖို့ သဘာဝဘေးဒဏ်တွေ ကျရောက်စေတယ်။”

ကျမ်းစာသွန်သင်ရာ– ယေဟောဝါဘုရားသခင်ဟာ “မည်သူမျှ ဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှတို့သည် နောင်တရစေရန် အလိုရှိ” တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၂ ပေတရု ၃:၉) ကျွန်ုပ်တို့ရဲ့အမှားတွေကိုပဲ အာရုံစိုက်မယ့်အစား ကောင်းကွက်တွေကိုပဲ ကိုယ်တော် အာရုံစိုက်တယ်။ ‘ထာဝရဘုရားသခင်သည် စုံလင်သောစေတနာစိတ်ရှိသော သူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှာ မြေကြီးတစ်ပြင်လုံးကို အနှံ့အပြား ကြည့်ရှုလျက်ရှိတော်မူ၏။’—၆ ရာ. ၁၆:၉။

မီးငရဲဆိုတာ ကျမ်းစာသွန်သင်ချက်တစ်ခု မဟုတ်ပါဘူး။ မီးငရဲမှာ ထာဝစဉ်ညှဉ်းဆဲတယ်ဆိုတဲ့ အယူအဆကို ဘုရားသခင် စက်ဆုပ်ရွံရှာတယ်။ တကယ်ဆိုရင် ဆိုးသွမ်းတဲ့သူတွေကို ဘုရားသခင်ပေးတဲ့ အကြီးမားဆုံး ပြစ်ဒဏ်က သေခြင်းဖြစ်တယ်။ (ယေရမိ ၇:၃၁; ရောမ ၆:၇) ဒါ့အပြင် ရှိရှိသမျှအရာတွေကို သိမ်းကျုံးဖျက်ဆီးတတ်တဲ့ သဘာဝဘေးဒဏ်တွေက ဘုရားသခင်ရဲ့လုပ်ရပ်တွေ မဟုတ်ဘဲ ဘယ်သူ့ကိုမဆို ထိခိုက်စေနိုင်တဲ့ ကြိုတင်မမြင်နိုင်တဲ့ ဖြစ်ရပ်တွေပဲဖြစ်တယ်။—ဒေ. ၉:၁၁၊ ကဘ။

အမှန်တရားကို သိရှိခြင်းမှ အကူအညီရနိုင်ပုံ– ဘုရားသခင်ဟာ အပြစ်တင်မစောဘဲ “ခွင့်လွှတ်ရန် အသင့်” ရှိတယ်ဆိုတာကို ကျွန်ုပ်တို့ သိရှိထားမယ်ဆိုရင် ကိုယ်တော်နဲ့ရင်းနှီးသည်ထက် ရင်းနှီးလာမှာဖြစ်တယ်။ (ဆာလံ ၈၆:၅၊ ကဘ) ကျွန်ုပ်တို့ဟာ အပြစ်ပေးခံရမှာစိုးလို့ ဒါမှမဟုတ် အပြစ်ရှိတယ်ဆိုတဲ့ ခံစားချက်နဲ့ ဘုရားသခင်ရဲ့အမှုတော်ကို ဆောင်စရာမလိုဘူး။ အဲဒီအစား ကိုယ့်ရဲ့ယုံကြည်ခြင်းကို ဘုရားသခင်ကိုချစ်တဲ့စိတ်နဲ့ တည်ဆောက်နိုင်ပါတယ်။ အဲလိုမေတ္တာမျိုးက စိတ်တက်ကြွစေတဲ့ စွမ်းအားတစ်မျိုးဖြစ်တယ်။ အဲဒီစွမ်းအားက ကျွန်ုပ်တို့ကို ဘုရားသခင့်မျက်နှာသာရဖို့ အကောင်းဆုံး အမှုဆောင်စေတယ်။—မဿဲ ၂၂:၃၆-၃၈; ၁ ယောဟန် ၅:၃။

ဘုရားသခင်ဟာ လူတိုင်းကို ကောင်းတာတွေ လုပ်စေချင်ပေမဲ့ အများစုက လုပ်နိုင်မှာမဟုတ်ဘူးဆိုတာ ကိုယ်တော်သိထားတယ်။ မကောင်းတာတွေကိုပဲ စွဲစွဲမြဲမြဲ လုပ်ဆောင်နေတဲ့သူတွေကို ဘုရားသခင် အရေးမယူဘူးဆိုရင် ဥပဒေကိုထုတ်ပြန်ပြီး အဲဒီအတိုင်း မလိုက်နာတဲ့သူတွေကို အရေးမယူဘဲ မတရားမှုတွေနဲ့ ဆင်းရဲခက်ခဲမှုတွေကို အကန့်အသတ်မရှိ ဖြစ်ခွင့်ပြုထားတဲ့ အုပ်စိုးရှင်တစ်ဦးနဲ့ တူသွားမှာဖြစ်တယ်။ (ဒေ. ၈:၁၁) ဘုရားသခင်ဟာ ဆိုးသွမ်းမှုကို ထာဝစဉ် ခွင့်ပြုထားမှာ မဟုတ်ဘူးဆိုတာကို ကျွန်ုပ်တို့ သိထားတဲ့အတွက် ကျွန်ုပ်တို့ရဲ့ အနာဂတ်မျှော်လင့်ချက်က ခိုင်မာနေတယ်။ “စိတ်နှိမ့်ချ” တဲ့သူတွေ ဘုရားသခင်ရဲ့ မူလရည်ရွယ်ချက်အတိုင်း ကမ္ဘာမြေကြီးပေါ် ထာဝစဉ် နေထိုင်နိုင်ဖို့ မကောင်းမှုတွေကို တစိုက်မတ်မတ် ပြုလုပ်နေတဲ့သူတွေကို ဖျက်ဆီးပစ်ဖို့ ကိုယ်တော် ကတိပြုပြီးသားဖြစ်တယ်။—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉။a

[အောက်ခြေမှတ်ချက်]

a ကမ္ဘာမြေကြီးကို သာယာလှပတဲ့ဥယျာဉ် ပရဒိသုဖြစ်အောင် ဘုရားသခင် ဘယ်လိုလုပ်ပေးမလဲဆိုတာကို ပိုပြီးသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်ရဲ့ အခန်း ၃ နဲ့ ၈ မှာ ဖတ်ကြည့်နိုင်ပါတယ်။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

အပြစ်ပေးခံရမှာစိုးလို့ ဝတ်ပြုတာမျိုးကို ဘုရားသခင် နှစ်သက်ပါ့မလား

[Picture Credit Line on page 6]

Engravings by Doré

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ