ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁၂/၁ စာ. ၃
  • ဘုရားသခင် ဒဏ်ခတ်နေတာလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် ဒဏ်ခတ်နေတာလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သဘာဝဘေးအန္တရာယ်များသည် ဘုရားသခင်ဒဏ်ခတ်ခြင်းကြောင့်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သဘာဝဘေးဒဏ်များ ဘုရားသခင်ကြောင့်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁၂/၁ စာ. ၃

ဘုရားသခင် ဒဏ်ခတ်နေတာလား

၂၀၁၁၊ မတ်လက ဂျပန်နိုင်ငံမှာ ၉.၀ ပြင်းအားရှိတဲ့ ငလျင်လှုပ်ပြီး ဆူနာမီရေလှိုင်း ကျရောက်သွားပြီးတဲ့နောက် အထင်ကရ နိုင်ငံရေးသမားတစ်ယောက်က ဒီလိုပြောခဲ့တယ်– “ငလျင်ဒဏ် ခံလိုက်ရတဲ့သူတွေအတွက် ဝမ်းနည်းပေမဲ့ ဒါဟာ ဘုရားသခင် ဒဏ်ခတ်တာပဲလို့ ကျွန်တော်ထင်တယ်။”

၂၀၁၀၊ ဇန်နဝါရီလက ဟေတီနိုင်ငံမှာ မြေငလျင် လှုပ်ခတ်သွားတုန်းက လူ ၂၂၀,၀၀၀ ကျော် သေဆုံးသွားတယ်။ ဒီဖြစ်ရပ်ဆိုးနဲ့ပတ်သက်ပြီး ကျော်ကြားတဲ့ တီဗွီဧဝံဂေလိ တရားဟောဆရာတစ်ယောက်က သေသွားတဲ့သူတွေဟာ “စာတန်နဲ့ သဘောတူညီချက်ယူ” ထားတဲ့အတွက် “ဘုရားသခင်ဘက် ပြန်လှည့်” လာဖို့ လိုအပ်နေတယ်လို့ ပြောခဲ့တယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ လူတွေ အလန့်တကြား စုပြုံတိုးဝှေ့မှုကြောင့် လူ ၇၉ ဦး သေဆုံးခဲ့တုန်းက “ကျွန်တော်တို့ရဲ့ ထုံထိုင်းပြီး ခံစားချက်မဲ့နေတဲ့ သိစိတ်ကို ဘုရားသခင်က လှုပ်နှိုးချင်နေတာ” လို့ ကက်သလစ်ဘုန်းတော်ကြီးတစ်ဦးက ပြောသွားတယ်။ မကြာခဏ ဖြစ်ပွားနေတဲ့ “မြေပြိုမှုတွေ၊ တိုင်ဖွန်းမုန်တိုင်းတွေ၊ တခြားသဘာဝကပ်ဘေးတွေက ဘုရားသခင် အမျက်ထွက်တာကို ပြတဲ့ အမှတ်လက္ခဏာတွေ ဖြစ်တယ်ဆိုပြီး အရွယ်ရောက်သူ နှစ်ဆယ့်တစ် ရာခိုင်နှုန်းက ယုံကြည်ကြတယ်” လို့ အဲဒီနိုင်ငံထုတ် သတင်းစာတစ်စောင်မှာ ဖော်ပြထားတယ်။

လူဆိုးတွေကို ဒဏ်ခတ်ဖို့ သဘာဝကပ်ဘေးတွေကို ဘုရားသခင် ဖြစ်ပေါ်စေတယ်ဆိုတဲ့ ယုံကြည်ချက်က အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၁၇၅၅ ခုနှစ်က ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာ မြေငလျင်၊ မီးလောင်မှုနဲ့ ဆူနာမီရေလှိုင်းကြောင့် လူ ၆၀,၀၀၀ ခန့် သေဆုံးသွားပြီးနောက် နာမည်ကြီး အတွေးအခေါ်ပညာရှင် ဗော်လ်တဲယားက ဒီလိုမေးခွန်းထုတ်ခဲ့တယ်– “အဲဒီတုန်းက လစ္စဘွန်းမြို့မှာရှိတဲ့ မကောင်းမှုတွေဟာ စည်းလွတ်ဝါးလွတ် အပျော်လွန်ကြူးတဲ့ ပါရီမြို့ထက် ပိုများနေတာလား။” ဘုရားသခင်ဟာ သဘာဝကပ်ဘေးတွေကို အသုံးပြုပြီး လူတွေကို ဒဏ်ခတ်နေတာလားဆိုတာ လူသန်းပေါင်းများစွာ သိချင်နေကြတယ်။ နိုင်ငံအတော်များများမှာ အဲဒီလိုကပ်ဘေးတွေ ကြုံရပြီဆိုရင် အဲဒါက ဘုရားသခင်ရဲ့ လုပ်ရပ်တွေလို့ ယူမှတ်ထားကြတယ်။

ဒီဖြစ်ရပ်အားလုံးကို ကြည့်ပြီး မေးစရာ ပေါ်လာပါတယ်။ ဘုရားသခင်ဟာ တကယ်ပဲ သဘာဝကပ်ဘေးတွေကို အသုံးပြုပြီး လူတွေကို ဒဏ်ခတ်တာလား။ ဖြစ်ပြီးသွားတဲ့ ကပ်ဘေး တစ်သီတစ်တန်းကြီးက ဘုရားသခင်ဆီကလာတဲ့ အပြစ်ဒဏ်တွေလား။

လူတချို့ဟာ ဘုရားသခင်ကို မဆင်မခြင် အပြစ်ဖို့ချင်တဲ့အတွက် သဘာဝအင်အားစုတွေကို သုံးပြီး ဘုရားသခင် ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ်တွေ ပါရှိတဲ့ ကျမ်းစာမှတ်တမ်းတွေကို ထောက်ပြကြတယ်။ (ကမ္ဘာဦး ၇:၁၇-၂၂; ၁၈:၂၀; ၁၉:၂၄၊ ၂၅; တောလည်ရာ ၁၆:၃၁-၃၅) ဒါပေမဲ့ အဲဒီကျမ်းစာမှတ်တမ်းတွေကို အသေအချာ ဆန်းစစ်ကြည့်ရင် သူတို့ပြောတာတွေနဲ့ ဆန့်ကျင်ကွဲလွဲနေတဲ့ အဓိကအချက် သုံးချက်ကို တွေ့ရမှာဖြစ်တယ်။ ပထမ၊ ကြိုတင်သတိပေးတာရှိတယ်။ ဒုတိယ၊ ကနေ့ခေတ်မှာ ဖြစ်ပွားတဲ့ သဘာဝကပ်ဘေးတွေက လူကောင်းလူဆိုးမရွေး သိမ်းကျုံးဖျက်ဆီးလိုက်ပေမဲ့ ဘုရားသခင်ကတော့ ခေါင်းမာတဲ့လူဆိုးတွေ ဒါမှမဟုတ် သတိပေးချက်တွေကို နားမထောင်တဲ့သူတွေကိုပဲ ရွေးပြီး ဖျက်ဆီးတယ်။ တတိယ၊ အပြစ်မရှိတဲ့သူတွေ လွတ်မြောက်အောင် ဘုရားသခင် ပြင်ဆင်ပေးတယ်။—ကမ္ဘာဦး ၇:၁၊ ၂၃; ၁၉:၁၅-၁၇; တောလည်ရာ ၁၆:၂၃-၂၇။

ကနေ့ လူသန်းပေါင်းများစွာကို အတိဒုက္ခရောက်စေတဲ့ ကပ်ဘေးပေါင်းများစွာကို ဘုရားသခင် ဖြစ်ပေါ်စေတယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ ဒါဆိုရင် ဘာကြောင့် ကပ်ဘေးတွေ ဒီလောက်တိုးများလာနေပုံရတာလဲ။ ကပ်ဘေးတွေ ကြုံရတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။ ကပ်ဘေးတွေ မရှိတော့မယ့်အချိန် ရှိပါဦးမလား။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို နောက်ဆောင်းပါးတွေမှာ ဖော်ပြထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ