‘သင့်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ’
ယေဟောဝါသက်သေတွေရဲ့ ခရိုင်စည်းဝေးကြီး
သောကြာနေ့ရဲ့ အဓိကအကြောင်းအရာ
‘ထာဝရဘုရားသခင်မူကား နှလုံးကို ကြည့်ရှုတတ်သည်’—၁ ရာ. ၁၆:၇။
စနေနေ့ရဲ့ အဓိကအကြောင်းအရာ
“စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏”—မဿဲ ၁၂:၃၄။
တနင်္ဂနွေနေ့ရဲ့ အဓိကအကြောင်းအရာ
‘ယေဟောဝါကို [စိတ်နှလုံးအကြွင်းမဲ့] နှင့် ဝတ်ပြုလော့’—၅ ရာ. ၂၈:၉။
သမ္မာကျမ်းစာထဲမှာ နှလုံးအကြောင်း အကြိမ်ပေါင်း တစ်ထောင်လောက် ဖော်ပြထားပါတယ်။ အများအားဖြင့် တကယ့် လူ့နှလုံးမဟုတ်ဘဲ ပုံဆောင်နှလုံးအကြောင်း ပြောနေခြင်းဖြစ်ပါတယ်။ ပုံဆောင်နှလုံးဆိုတာ ဘာလဲ။ ပုံဆောင်နှလုံးဆိုတာ လူတစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်ပုံ၊ ခံစားချက်နဲ့ လိုအင်ဆန္ဒတွေကို ပြောခြင်းဖြစ်နိုင်တယ်။
ကျွန်ုပ်တို့ရဲ့ ပုံဆောင်နှလုံးကို ဘာကြောင့် ကာကွယ်စောင့်ရှောက်သင့်သလဲ။ ဘုရားသခင်က ရှေးခေတ် အစ္စရေးဘုရင် ရှောလမုန်ကို ဒီလိုရေးခိုင်းခဲ့တယ်– “နှလုံးသည် အသက်၏အခြေအမြစ် ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။” (သု. ၄:၂၃) လက်ရှိ ကျွန်ုပ်တို့အသက်ရှင်နေထိုင်ပုံနဲ့ အနာဂတ်အတွက် ကျွန်ုပ်တို့မျှော်လင့်ရာတွေက ကျွန်ုပ်တို့ရဲ့ပုံဆောင်နှလုံး အခြေအနေပေါ်မှာ မူတည်နေပါတယ်။ ဘာကြောင့်လဲ။ အကြောင်းက ကျွန်ုပ်တို့နှလုံးထဲမှာ ဘာတွေရှိနေတယ်ဆိုတာကို ဘုရားသခင် တွေ့မြင်လို့ပါပဲ။ (၁ ရာ. ၁၆:၇) ကျွန်ုပ်တို့နဲ့ပတ်သက်ပြီး ဘုရားသခင့်ရှုမြင်ပုံကို ဆုံးဖြတ်ပေးမှာက ကျွန်ုပ်တို့ ဘယ်လိုလူစားမျိုး ဖြစ်တယ်ဆိုတဲ့အချက်၊ တစ်နည်းအားဖြင့် “စိတ်နှလုံး၏အတွင်းလူ” ပဲဖြစ်ပါတယ်။—၁ ပေတရု ၃:၄။
ကျွန်ုပ်တို့ရဲ့နှလုံးကို ဘယ်လို ကာကွယ်စောင့်ရှောက်နိုင်မလဲ။ ဒီမေးခွန်းရဲ့အဖြေကို ဒီလကစပြီး ကမ္ဘာတစ်ဝန်းမှာ ကျင်းပမယ့် ယေဟောဝါသက်သေတွေရဲ့ ခရိုင်စည်းဝေးကြီးမှာ နက်နက်နဲနဲ ဆွေးနွေးသွားမှာ ဖြစ်တယ်။ အဲဒီခရိုင်စည်းဝေးကြီးကို သုံးရက်စလုံး တက်ရောက်ဖို့ သင့်ကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ်။a စည်းဝေးကြီးမှာ သင် ကြားသိခဲ့ရာတွေက ယေဟောဝါဘုရားသခင်ရဲ့ နှလုံးကို ရွှင်လန်းစေနိုင်တဲ့နည်းနဲ့ လုပ်ဆောင်ဖို့ သင့်ကို ကူညီပေးပါလိမ့်မယ်။—သု. ၂၇:၁၁။
[အောက်ခြေမှတ်ချက်]
a သင် နေထိုင်ရာဒေသနဲ့ မဝေးတဲ့နေရာမှာ ဘယ်ခရိုင်စည်းဝေးကြီး ကျင်းပသလဲဆိုတာကို သိချင်ရင် ကျေးဇူးပြု၍ www.pr2711.com ဝက်ဘ်ဆိုက်မှာ ရှာကြည့်ပါ။ ဒါ့အပြင် သင့်ဒေသမှာ နေထိုင်တဲ့ ယေဟောဝါသက်သေတွေကို ဆက်သွယ်နိုင်တယ် ဒါမှမဟုတ် ဒီမဂ္ဂဇင်းထုတ်ဝေသူတွေဆီ စာရေးနိုင်ပါတယ်။
[Picture Credit Line on page 32]
ညာဘက်ကပုံ– Aus dem Fundus der MÜNCHNER OLYMPIAPARK GMBH, München