ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၄/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ—နားလည်ဖို့ရည်ရွယ်သောစာအုပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ဘုရားသခင့်စကားကို ဘယ်လို နားထောင်နိုင်သလဲ
    ဘုရားသခင့်စကား နားထောင်ကာ ထာဝစဉ်အသက်ရှင်ပါ
  • ဒါဟာ နားလည်မှု လွဲမှားရုံလေးပဲလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဘုရားသခင်ဆီက ဘာကြောင့် သင်ယူရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၄/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

သမ္မာကျမ်းစာကို နားလည်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာက ဘုရားသခင်ရဲ့ တရားစကားတော်ဖြစ်ပြီး မေတ္တာရှိတဲ့ ဖခင်ဆီကလာတဲ့ စာတစ်စောင်နဲ့တူတယ်။ (၂ တိမောသေ ၃:၁၆) ဘုရားသခင့်စိတ်တော်နဲ့တွေ့အောင် ဘယ်လိုလုပ်ရမလဲ၊ ဆိုးသွမ်းမှုတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲ၊ အနာဂတ်မှာ လူသားတွေအတွက် ကိုယ်တော် ဘာတွေ လုပ်ဆောင်ပေးမလဲဆိုတာတွေကို သမ္မာကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ကျမ်းစာသွန်သင်ချက်တွေကို တစ်မျိုးတစ်ဖုံ လှည့်လိုက်ကြတယ်။ ဒီလိုနဲ့ လူများစွာဟာ ကျမ်းစာကို ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်ဘူးဆိုပြီး ထင်မြင်လာကြတယ်။—တမန်တော် ၂၀:၂၉၊ ၃၀။

ယေဟောဝါဘုရားသခင်ဟာ မိမိနဲ့ပတ်သက်တဲ့ အမှန်တရားတွေ ကျွန်ုပ်တို့ကို သိစေလိုတယ်။ ဒါကြောင့် ကျွန်ုပ်တို့နားလည်နိုင်မယ့် စာအုပ်တစ်အုပ်ကို ပေးထားတာဖြစ်တယ်။—၁ တိမောသေ ၂:၃၊ ၄ ကိုဖတ်ပါ။

သမ္မာကျမ်းစာကို သင် ဘယ်လိုနားလည်နိုင်မလဲ

ယေဟောဝါဘုရားသခင်ဟာ ကျွန်ုပ်တို့ကို သမ္မာကျမ်းစာ ပေးထားတဲ့အပြင် ကျမ်းစာကို နားလည်နိုင်အောင် အကူအညီလည်း ပေးခဲ့ပါတယ်။ အဲဒီအကူအညီကတော့ ကျွန်ုပ်တို့ကို သင်ကြားပေးဖို့ ကိုယ်တော်စေလွှတ်လိုက်တဲ့ ယေရှုပဲဖြစ်တယ်။ (လုကာ ၄:၁၆-၂၁) ယေရှုဟာ ကျမ်းချက်တွေကို ရှင်းပြခြင်းအားဖြင့် ကျမ်းစာရဲ့အဓိပ္ပာယ်ကို နားထောင်နေသူတွေ နားလည်နိုင်အောင် ကူညီပေးခဲ့တယ်။—လုကာ ၂၄:၂၇၊ ၃၂၊ ၄၅ ကိုဖတ်ပါ။

ယေရှုဟာ မိမိစတင်ခဲ့တဲ့အလုပ်ကို ဆက်လုပ်သွားဖို့ ခရစ်ယာန်အသင်းတော်ကို တည်ထောင်ခဲ့တယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ဒီနေ့ခေတ်မှာလည်း ယေရှုရဲ့ နောက်လိုက်စစ်တွေဟာ ဘုရားသခင်နဲ့ပတ်သက်တဲ့ သမ္မာကျမ်းစာ သွန်သင်ရာတွေကို လူတွေနားလည်နိုင်အောင် ကူညီပေးနေကြပါတယ်။ သမ္မာကျမ်းစာကို သင် နားလည်ချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေက လိုလိုလားလား ကူညီပေးပါလိမ့်မယ်။—တမန်တော် ၈:၃၀၊ ၃၁ ကိုဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ