ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၁၁/၁၅ စာ. ၁၅
  • ဘုရားသခင့်အမှုဆောင်တာက သူ့အတွက် ဆေးပဲ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်အမှုဆောင်တာက သူ့အတွက် ဆေးပဲ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • သင်အရန်ရှေ့ဆောင်နိုင်သလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • သင်ပြုလုပ်နိုင်မည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ရှေ့ဆောင်များ အပ်နှင်းခံရပြီး ကောင်းချီးများရရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၁၁/၁၅ စာ. ၁၅

ဘုရားသခင့်အမှုဆောင်တာက သူ့အတွက် ဆေးပဲ!

ကင်ညာနိုင်ငံမှာ ရှေ့ဆောင်နှစ်ယောက်ဟာ အိမ်တစ်အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ခံရလို့ အိမ်ထဲဝင်သွားတဲ့အခါ လူပုလေးတစ်ယောက် အိပ်ရာထဲမှာလဲနေတာကို မြင်လိုက်ရလို့ အံ့ဩသွားတယ်။ သူ့ခန္ဓာကိုယ်က သေးသေးညှက်ညှက်ဖြစ်နေပြီး လက်နှစ်ဖက်က တိုနေတယ်။ “ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့်မည်” ဆိုတဲ့ ဘုရားသခင့်ကတိအကြောင်း သူ့ကို ပြောပြတဲ့အခါ အဲဒီလူက အားရပါးရ ပြန်ပြုံးပြတယ်။—ဟေရှာ. ၃၅:၆။

အိုနီးစမာ့စ်ဟာ အခု အသက် ၄၀ နားကပ်နေပြီ၊ သူ့မှာ မွေးရာပါ အရိုးကြွပ်ဆတ်ရောဂါရှိတယ်။ သူ့ရဲ့အရိုးတွေက ကျိုးလွယ်တယ်၊ ဒါကြောင့် နည်းနည်းလေး ထိခိုက်တာနဲ့ သူ့အရိုးတွေက ကျိုးနိုင်တယ်။ ဒီရောဂါကို ထိထိရောက်ရောက် ကုသနိုင်တဲ့နည်းမရှိသေးလို့ အိုနီးစမာ့စ်တစ်ယောက် တစ်သက်လုံး ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ နာကျင်တဲ့ဝေဒနာခံစားရင်း နေသွားဖို့ပဲရှိတော့တယ်။

အိုနီးစမာ့စ်ဟာ ကျမ်းစာသင်အံမှုလုပ်ဖို့ လက်ခံလိုက်တယ်။ ဒါပေမဲ့ သူ့အမေက အိုနီးစမာ့စ်ထိခိုက်ပြီး ထပ်နာကျင်မှာစိုးရိမ်တဲ့အတွက် စည်းဝေးမတက်ခိုင်းဘူး။ ဒါကြောင့် ညီအစ်ကိုတွေက စည်းဝေးတွေကို အသံသွင်းထားပေးတယ်၊ အိုနီးစမာ့စ်က အဲဒါကို အိမ်မှာနားထောင်တယ်။ ငါးလလောက် ကျမ်းစာလေ့လာပြီးတဲ့အခါ အိုနီးစမာ့စ်က ထိခိုက်မိနိုင်ပေမဲ့ စည်းဝေးတွေတက်ဖို့ ဆုံးဖြတ်လိုက်တယ်။

အိုနီးစမာ့စ်တစ်ယောက် စည်းဝေးတွေတက်လို့ နာကျင်မှု ပိုခံစားရသလား။ ရလဒ်ကတော့ ပြောင်းပြန်ပဲ။ “စည်းဝေးတက်နေချိန်မှာ ကျွန်တော့်နာကျင်မှုဝေဒနာ ပျောက်သွားသလို ခံစားရတယ်” လို့ အိုနီးစမာ့စ်က ပြောပြတယ်။ အသစ်တွေ့ရှိထားတဲ့ မျှော်လင့်ချက်က သူ့ကို ပိုနေကောင်းစေတယ်လို့ သူယူဆခဲ့တယ်။ အိုနီးစမာ့စ်ရဲ့ အမေဟာ သားဖြစ်သူရဲ့ စိတ်အခြေအနေ ပြောင်းလဲသွားတာကို သတိထားမိပြီး သူလည်း ကျမ်းစာလေ့လာဖို့ သဘောတူလိုက်တယ်။ “ဘုရားသခင့်အမှုဆောင်တာက ကျွန်မသားအတွက် ဆေးပဲ” လို့ သူက ပြောတယ်။

သိပ်မကြာခင်မှာ အိုနီးစမာ့စ်ဟာ နှစ်ခြင်းမခံရသေးတဲ့ ကြေညာသူဖြစ်လာတယ်။ နောက်တော့ သူဟာ နှစ်ခြင်းခံလိုက်ပြီး အခုဆိုရင် အသင်းတော်အမှုထမ်း ဖြစ်နေပြီ။ အိုနီးစမာ့စ်ဟာ သူ့ရဲ့ခြေထောက်နှစ်ဖက်နဲ့ လက်တစ်ဖက်ကို သုံးလို့မရပေမဲ့ ယေဟောဝါရဲ့အမှုတော်မှာ သူလုပ်နိုင်သမျှ အကုန်လုပ်ချင်တဲ့ ဆန္ဒရှိတယ်။ သူက အရန်ရှေ့ဆောင်လုပ်ချင်ပေမဲ့ လျှောက်လွှာတင်ဖို့ တွန့်ဆုတ်နေတယ်။ အကြောင်းကတော့ တစ်ယောက်ယောက်က သူ့ရဲ့ဘီးတပ်ကုလားထိုင်ကို တွန်းပေးဖို့လိုလို့ပဲ။ သူက သူ့ရဲ့စိုးရိမ်မှုကို ညီအစ်ကိုတွေကို ပြောပြတဲ့အခါ သူတို့က ကူညီပေးမယ်လို့ ကတိပေးကြတယ်။ ဒီလိုနဲ့ အိုနီးစမာ့စ် အရန်ရှေ့ဆောင်လုပ်နိုင်ဖို့ ညီအစ်ကိုတွေ ကူညီပေးကြတယ်။

အိုနီးစမာ့စ်ဟာ မှန်မှန်ရှေ့ဆောင်လုပ်ချင်ပေမဲ့ အရင်ကအတိုင်း စိုးရိမ်ပြန်တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ နေ့စဉ်ကျမ်းချက်ကနေ သူလိုအပ်တဲ့ အားပေးမှုရရှိခဲ့တယ်။ အဲဒီကျမ်းချက်က ‘ယေဟောဝါသည် ကောင်းမြတ်တော်မူသည်အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့’ ဆိုတဲ့ ဆာလံ ၃၄:၈ ပဲ။ ဒီကျမ်းချက်ကို တွေးတောဆင်ခြင်ပြီးတဲ့အခါ အိုနီးစမာ့စ်က မှန်မှန်ရှေ့ဆောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အခုဆိုရင် သူဟာ တစ်ပတ်မှာလေးရက် အမှုဆောင်လုပ်ငန်းမှာပါဝင်နေပြီး တိုးတက်တဲ့ကျမ်းစာသင်အံမှုလည်း အများကြီးရှိတယ်။ ၂၀၁၀ ခုနှစ်မှာ သူ ရှေ့ဆောင်လုပ်ငန်းကျောင်း တက်ခဲ့တယ်။ ကျောင်းမှာသင်တန်းပို့ချသူတစ်ယောက်က သူ့ကို အရင်ဆုံး သတင်းကောင်းဟောခဲ့တဲ့ညီအစ်ကို နှစ်ယောက်ထဲက တစ်ယောက်ဖြစ်နေလို့ သူသိပ်ပျော်သွားတယ်။

အခုဆိုရင် အိုနီးစမာ့စ်မိဘတွေက ကွယ်လွန်သွားကြပြီ၊ ဒါပေမဲ့ အသင်းတော်က ညီအစ်ကိုညီအစ်မတွေက သူ နေ့စဉ်လိုအပ်တာတွေကို ပံ့ပိုးပေးကြတယ်။ အိုနီးစမာ့စ်ဟာ သူအခု ခံစားနေရတဲ့ကောင်းချီးတွေအတွက် ကျေးဇူးတင်နေပြီး “ပြည်သူပြည်သားတစ်ယောက်ကမှ ‘ငါနေမကောင်းဘူး’ လို့ ပြောမှာမဟုတ်” တော့မယ့်အချိန်ကို စောင့်မျှော်နေတယ်။—ဟေရှာ. ၃၃:၂၄၊ ကဘ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ