ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၆/၁ စာ. ၃
  • ကမ္ဘာချီပျံ့နှံ့နေတဲ့ရောဂါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာချီပျံ့နှံ့နေတဲ့ရောဂါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆေးလိပ်သောက်တာကို ဘုရား လက်ခံသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သင့်စိတ်လှုံ့ဆော်မှုကို ပြင်းပြစေပါ
    နိုးလော့!—၂၀၁၀
  • ဆေးလိပ်သောက်တာ အပြစ်လား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၆/၁ စာ. ၃
ဆေးလိပ်တွေနဲ့ ပုံဖော်ထားတဲ့ ကမ္ဘာ့မြေပုံ

မျက်နှာဖုံးဆောင်းပါး | ဆေးလိပ်သောက်တာကို ဘုရား လက်ခံသလား

ကမ္ဘာချီပျံ့နှံ့နေတဲ့ရောဂါ

ဆေးလိပ်က ညှာတာမှုမရှိတဲ့ လူသတ်သမားဖြစ်တယ်။

  • လွန်ခဲ့တဲ့ရာစုနှစ်အတွင်းမှာ လူပေါင်းသန်း ၁၀၀ ရဲ့အသက်ကို ချွေယူသွားတယ်။

  • ဆေးလိပ်ကြောင့် ဒီရာစုနှစ်မှာ ၁ နှစ်ကို လူ ၆ သန်းလောက် သေဆုံးနေတယ်။

  • ပျမ်းမျှအားဖြင့် ၆ စက္ကန့်တိုင်းမှာ လူ ၁ ယောက် သေဆုံးနေတယ်။

အခြေအနေတွေက ဆိုးသည်ထက်ဆိုးလာမယ့်ပုံပဲ။

လက်ရှိအခြေအနေအတိုင်း ဖြစ်နေမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်ရောက်တဲ့အခါ ဆေးလိပ်ကြောင့် သေဆုံးသူဦးရေ တစ်နှစ်ကို ၈ သန်းကျော်သွားမယ်လို့ အာဏာပိုင်တွေ ခန့်မှန်းတယ်။ ၂၁ ရာစုအကုန်မှာ ဆေးလိပ်ကြောင့် လူသန်း ၁,၀၀၀ သေဆုံးနိုင်ဖွယ်ရှိတယ်လို့လည်း သူတို့ ကြိုတွက်ထားကြတယ်။

ဆေးလိပ်ကြောင့် ဒုက္ခရောက်တာ ဆေးလိပ်သောက်တဲ့သူတွေလောက်ပဲ မဟုတ်ဘူး။ ဆေးလိပ်သောက်သူရဲ့ မိသားစုဝင်တွေဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ငွေကြေးအခက်အခဲ ကြုံတွေ့နေရတယ်။ ဆေးလိပ်မသောက်သူ ၆ သိန်းက တစ်ဆင့်ခံဆေးလိပ်ငွေ့ ရှူနေရတဲ့အတွက် နှစ်စဉ် သေဆုံးနေကြတယ်။ နိုင်ငံအတော်များများမှာ ဆေးလိပ်ကြောင့် ကျန်းမာရေးစရိတ် မြင့်တက်လာတဲ့ဒဏ်ကို လူတိုင်း ခံနေရတယ်။

ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်လာရင် ဖြေရှင်းနည်းကို ရှာဖွေရပေမဲ့ ဆေးလိပ်ကြောင့်ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးပြဿနာတွေအတွက်တော့ ဖြေရှင်းနည်းရှိပြီးသားပဲ။ ဖြေရှင်းနည်းကိုလည်း လူတိုင်း သိကြတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာမာဂရက်ချန်က “ဆေးလိပ်သောက်လို့ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေဟာ လူတွေကြောင့်ပဲ။ အစိုးရနဲ့ လူ့အဖွဲ့အစည်းတွေကသာ တားဆီးလိုတဲ့ဆန္ဒရှိမယ်ဆိုရင် တားဆီးနိုင်တယ်” လို့ ပြောတယ်။

ကမ္ဘာတစ်ခွင်ပျံ့နှံ့နေတဲ့ ဒီကျန်းမာရေးပြဿနာကို နိုင်ငံတကာက တစ်ခါမှမလုပ်ဖူးသေးတဲ့ အတိုင်းအတာနဲ့ တိုက်ဖျက်လာကြတယ်။ ၂၀၁၂၊ ဩဂုတ်လကနေစပြီး နိုင်ငံပေါင်း ၁၇၅ နိုင်ငံလောက်က ဆေးလိပ်သောက်ခြင်းကို နည်းအမျိုးမျိုးနဲ့ တားဆီးဖို့ လုပ်ဆောင်လာကြတယ်။a ဒါပေမဲ့ လူတွေ ဆေးလိပ်ဆက်သောက်အောင် လှုံ့ဆော်ပေးတဲ့အရာတွေ ရှိတယ်။ နှစ်စဉ် ဆေးလိပ်လုပ်ငန်းတွေက ဒေါ်လာသန်းပေါင်းထောင်နဲ့ချီ အကုန်အကျခံပြီး လူတွေ ဆေးလိပ်သောက်ချင်စိတ်ဖြစ်ပေါ်လာအောင် ကြော်ငြာနေကြတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဆွဲဆောင်နေတယ်။ စွဲတတ်တဲ့ဆေးလိပ်ရဲ့ သတ္တိကြောင့်လည်း လူတွေဟာ ဆေးလိပ်စွဲနေကြပြီ။ ဆေးလိပ်စွဲနေတဲ့ လူသန်း ၁,၀၀၀ ကြားမှာ သေဆုံးမှုနှုန်းက မြင့်တက်လာမှာဖြစ်တယ်။ လက်ရှိသောက်သုံးသူတွေက ဆေးလိပ်မဖြတ်ဘူးဆိုရင် နောင်နှစ်ပေါင်း ၄၀ ကျော်မှာ သေဆုံးမှုနှုန်း ပိုတိုးလာမှာဖြစ်တယ်။

ဆေးလိပ်သောက်သုံးသူ များစွာဟာ ဆေးလိပ်ဖြတ်ချင်ပေမဲ့ ကြော်ငြာတွေနဲ့ ဆေးလိပ်စွဲနေမှုကြောင့် မဖြတ်နိုင်ကြဘူး။ နာအိုကိုလည်း အဲဒီလိုကြုံခဲ့ရတယ်။ နာအိုကိုဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ဆေးလိပ်စသောက်ခဲ့တယ်။ ရုပ်ရှင်၊ တီဗွီနဲ့ ကြော်ငြာတွေထဲမှာ ဖော်ပြထားသလို ဆေးလိပ်သောက်တာက ခေတ်မီတယ်လို့ သူ ထင်ခဲ့တယ်။ မိဘတွေ အဆုတ်ကင်ဆာနဲ့ သေသွားတာ တွေ့တဲ့အပြင် သမီး ၂ ယောက်ရှိနေတာတောင်မှ ဆေးလိပ်သောက်နေတုန်းပဲ။ “အဆုတ်ကင်ဆာရမှာ၊ ကလေးတွေရဲ့ ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်မိပေမဲ့ ကျွန်မ ဆေးလိပ်မဖြတ်နိုင်ခဲ့ဘူး။ ဘယ်တော့မှ ဖြတ်နိုင်တော့မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်” ဆိုပြီး နာအိုကို ဝန်ခံတယ်။

ဒါပေမဲ့ နာအိုကို ဆေးလိပ်ဖြတ်နိုင်ခဲ့ပါတယ်။ လူသန်းပေါင်းများစွာကို ဆေးလိပ်ဖြတ်စေနိုင်ခဲ့တဲ့ အကြောင်းရင်းက နာအိုကို,ကိုလည်း ဆေးလိပ်ဖြတ်နိုင်ဖို့ ကူညီပေးခဲ့တယ်။ အဲဒီအကြောင်းရင်းက ဘာလဲ။ ဆက်ဖတ်ကြည့်ပါ။

a ဒီလိုလုပ်ဆောင်မှုတွေမှာ လူတွေကို ဆေးလိပ်အန္တရာယ်အကြောင်း ပညာပေးခြင်း၊ ဆေးလိပ်စျေးကွက်ကို ကန့်သတ်ခြင်း၊ ဆေးလိပ်အခွန်ကို တိုးမြှင့်လိုက်ခြင်းနဲ့ လူတွေ ဆေးလိပ်ဖြတ်နိုင်ဖို့ ကူညီပေးတဲ့ အစီအစဉ်တွေပြုလုပ်ထားခြင်း ပါဝင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ