ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၆/၁ စာ. ၆-၇
  • သိပ္ပံပညာမှာ အကန့်အသတ်ရှိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သိပ္ပံပညာမှာ အကန့်အသတ်ရှိ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သိပ္ပံပညာက သင့်ဘဝကို အကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • စကြဝဠာနှင့် သက်ရှိတို့အစ ဘယ်ဆီက
    နိုးလော့!—၂၀၀၃
  • သိပ္ပံနှင့် ဘာသာတရားတို့ကို ရင်ကြားစေ့ပေးခြင်း
    နိုးလော့!—၂၀၀၃
  • ယေဟောဝါသက်သေတွေ သိပ္ပံပညာကို ဘယ်လို သဘောထားသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၆/၁ စာ. ၆-၇
လေ့လာစမ်းသပ်နေတဲ့ သိပ္ပံပညာရှင်

မျက်နှာဖုံးဆောင်းပါး | သိပ္ပံပညာကြောင့် ကျမ်းစာ ခေတ်နောက်ကျသွားပြီလား

သိပ္ပံပညာမှာ အကန့်အသတ်ရှိ

အခုခေတ် ဘုရားမဲ့ဝါဒီတွေရဲ့ ရှုမြင်ချက်ကို ရှင်းပြထားတဲ့ စာအုပ်တွေ အရောင်းသွက်လာပါတယ်။ လူအတော်များများက အဲဒီစာအုပ်တွေကို စိတ်ဝင်စားလာပြီး ဆွေးနွေးပွဲတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာတယ်။ အဲဒါနဲ့ပတ်သက်ပြီး နျူကလီးယားသိပ္ပံပညာရှင် ဒေဗစ် အီဂဲလ်မဲန်က ဒီလိုရေးခဲ့တယ်– ‘သိပ္ပံပညာရှင်တွေဟာ အကုန်လုံးသိတယ်လို့ လူတချို့ထင်ကြတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်ကြီးတွေက သူတို့ရဲ့ ရှာဖွေလေ့လာမှုကို ဘောင်ခတ်မထားဘဲ ရှာဖွေလာလေလေ အသစ်သောအရာတွေကို တွေ့ရှိလာလေလေပဲလို့ လက်ခံထားကြတယ်။’

အဝေးကြည့်မှန်ပြောင်း ကြည့်နေတဲ့ နက္ခတ္တဗေဒပညာရှင်

ခေတ်အဆက်ဆက်မှာ သဘာဝတရားနဲ့ပတ်သက်တဲ့ ရှုပ်ထွေးနေတဲ့အရာတွေကို သိပ္ပံပညာရှင်ကြီးတွေ ရှာဖွေတွေ့ရှိတဲ့အခါ အံ့သြမှင်တက်သွားတယ်။ ဒါပေမဲ့ တချို့သိပ္ပံပညာရှင်ကြီးတွေရဲ့ ရှာဖွေတွေ့ရှိချက်တွေက တက်တက်စင်အောင် မှားတာတွေလည်းရှိပါတယ်။ အဲဒီလိုမှားခဲ့တဲ့သူတွေထဲမှာ အထင်ရှားဆုံးသိပ္ပံပညာရှင်ဖြစ်တဲ့ အိုင်ဇက် နယူတန်လည်း ပါတယ်။ ဆွဲငင်အားကြောင့် စကြဝဠာမှာ ဂြိုဟ်တွေ၊ ကြယ်တွေ၊ ဂလက်ဆီတွေ သူ့နေရာနဲ့သူ ရှိနေကြတယ်လို့ သူပြောပြခဲ့တယ်။ အဲဒီအပြင် သင်္ချာဘာသာရပ်ခွဲတစ်မျိုးဖြစ်တဲ့ ကဲကုလကို နယူတန် တီထွင်ခဲ့ပြီး ကွန်ပျူတာဒီဇိုင်းထုတ်လုပ်မှု၊ အာကာသခရီး၊ နျူကလီးယားရူပဗေဒတို့မှာ အသုံးပြုကြတယ်။ ဒါပေမဲ့ သူလွဲမှားခဲ့တဲ့အရာတစ်ခုကတော့ အဂ္ဂိရတ်ပညာရပ်ကို လိုက်စားခဲ့ပြီး နက္ခတ်ဗေဒင်၊ မှော်အတတ်ပညာတို့နဲ့ ခဲသတ္ထုအပါအဝင် တခြားသတ္ထုတွေကို ရွှေဖြစ်အောင် ကြိုးစားခဲ့တာဖြစ်တယ်။

အိုင်ဇက် နယူတန် မတိုင်ခင် နှစ်ပေါင်း ၁,၅၀၀ ကျော်က ဂရိနက္ခတ္တဗေဒပညာရှင်ဖြစ်တဲ့ တော်လမီက ဘာကိရိယာမှမပါဘဲ သာမန်မျက်စိနဲ့ အာကာသကို စူးစမ်းလေ့လာခဲ့တယ်။ ညအချိန် ကောင်းကင်ယံမှာ မြင်တွေ့နေရတဲ့ ဂြိုဟ်တွေကို လေ့လာတယ်၊ မြေပုံဆွဲပညာရပ်မှာလည်း ကျွမ်းကျင်လာတယ်။ ဒါပေမဲ့ ကမ္ဘာကြီးဟာ စကြဝဠာရဲ့ အလယ်ဗဟိုမှာရှိတယ်လို့ တော်လမီ ယူဆခဲ့တယ်။ နက္ခတ္တရူပဗေဒပညာရှင်ဖြစ်တဲ့ ကာလ် ဆာဂျင်က တော်လမီနဲ့ပတ်သက်ပြီး ဒီလိုရေးသားခဲ့တယ်– ‘ဉာဏ်ပညာထက်မြက်သူရဲ့စကားက တက်တက်စင်အောင် မှားတတ်မှန်း နှစ်ပေါင်း ၁,၅၀၀ အထိ မှန်တယ်လို့လက်ခံထားတဲ့ တော်လမီရဲ့ယူဆချက်အမှားက သက်သေပြလိုက်တာပဲ။’

ကျမ်းစာဖတ်နေတဲ့ သိပ္ပံပညာရှင်

ဒီနေ့ခေတ်သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေလေ့လာမှုတွေမှာ အဲဒီအတိုင်း လွဲမှားတတ်ကြတယ်။ စကြဝဠာကြီးအကြောင်းကို သူတို့ အပြီးသတ် ရှင်းပြနိုင်မှာလား။ သိပ္ပံပညာ တိုးတက်လာပြီး လူတွေကို အကျိုးပြုတာမှန်ပေမဲ့ အရာခပ်သိမ်းကို ရှင်းပြနိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း မှတ်သားထားပါ။ ရူပဗေဒပညာရှင် ပေါလ် ဒေဗီစ် ဒီလိုပြောပြတယ်– ‘စကြဝဠာကြီးအကြောင်းကို ရှေ့နောက်ညီညွတ်စွာ အကုန်အစင် ရှင်းပြဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။’ အဲဒီစကားက ငြင်းလို့မရနိုင်တဲ့ အမှန်တရားဖြစ်ပါတယ်။ အကြောင်းက သဘာဝလောကကြီးကို ဘယ်လူသားကမှ ခရေစေ့တွင်းကျ နားလည်နိုင်မှာမဟုတ်လို့ပါ။ သိပ္ပံပညာက တည်ရှိနေတဲ့အရာတွေကို ရှင်းပြနိုင်စွမ်းရှိတယ်လို့ လူတွေ အခိုင်အမာပြောနေကြပေမဲ့ သူတို့ရဲ့ရှင်းပြချက်တွေကို မျက်စိစုံမှိတ်ယုံဖို့တော့ မဖြစ်နိုင်ပါဘူး။

ကျွန်ုပ်တို့ဘဝအတွက် လိုအပ်တဲ့လမ်းညွှန်ချက်တွေကို သိပ္ပံပညာကနေမဟုတ်ဘဲ သမ္မာကျမ်းစာကနေ ရရှိနိုင်

အံ့သြမိန်းမောဖွယ်ကောင်းတဲ့ သဘာဝတရားနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “ဤအမှုအရာများသည် ဘုရားသခင်တန်ခိုးတော်၏ အရိပ်အယောင်မျှသာဖြစ်၏။” (ယောဘ ၂၆:၁၄၊ ခမ) လူတွေရဲ့သိရှိနားလည်မှုက ဘုရားသခင်ရဲ့တန်ခိုးနဲ့ နှိုင်းယှဉ်လိုက်ရင် နှမ်းစေ့လောက်တောင်မရှိဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်က ကျမ်းရေးသူပေါလုရဲ့ ဒီစကားက အခုအချိန်အထိ မှန်ကန်နေဆဲပါ– “ဘုရားသခင်၏ချမ်းသာ၊ ဉာဏ်ပညာ၊ အသိပညာတို့သည် အလွန်နက်နဲလှပေစွ။ စီရင်တော်မူချက်များကို စိစစ်၍မရနိုင်။ နည်းလမ်းတော်များကို လိုက်၍မမီနိုင်ပါတကား။”—ရောမ ၁၁:၃၃။

သိပ္ပံပညာကနေမရနိုင်တဲ့ လမ်းညွှန်ချက်များ

သိပ္ပံပညာက သဘာဝလောကရဲ့နိယာမတရားကို ဖော်ပြပေးတာမှန်ပေမဲ့ လူသားချင်းသင့်မြတ်နိုင်ဖို့၊ ကျေနပ်ပျော်ရွှင်စွာ အသက်ရှင်နိုင်ဖို့ သမ္မာကျမ်းစာ ကပဲ လမ်းညွှန်ပေးနိုင်ပါတယ်။ ဖော်ပြထားတဲ့အချက်တွေကို သုံးသပ်ကြည့်ရအောင်။

  • ‘ရပ်’ ဆိုင်းဘုတ်

    ရာဇဝတ်မှုကို ကာကွယ်ပါ

    အသက်ကို တန်ဖိုးထားပါ

    “လူအသက်ကိုမသတ်နှင့်။” —ထွက်မြောက်ရာ ၂၀:၁၃။

    “မိမိညီအစ်ကိုကို မုန်းသောသူတိုင်း လူ့အသက်ကို သတ်သောသူဖြစ်၏။” —၁ ယောဟန် ၃:၁၅။

    ငြိမ်းချမ်းသင့်မြတ်စွာ နေထိုင်ပါ

    “ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကို ပြုလော့။ သူတစ်ပါးနှင့်အသင့်အတင့် နေခြင်းကိုရှာ၍ မီအောင်လိုက်လော့။” —ဆာလံ ၃၄:၁၄။

    “ဖြောင့်မတ်ခြင်းအသီးသည် သင့်မြတ်စေသူများအတွက် ငြိမ်သက်သောအခြေအနေတွင် မိမိ၏မျိုးစေ့ကို ကြဲထား၏။” —ယာကုပ် ၃:၁၈။

    အကြမ်းဖက်မှုကိုရှောင်ပါ

    “ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၍ ဆိုးသောသူနှင့် ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို မုန်းတော်မူ၏။”—ဆာလံ ၁၁:၅၊ သမ္မာ။

    “ကြမ်းကြုတ်သောသူကို မငြူစူနှင့်။ သူလိုက်သောလမ်း တစ်စုံတစ်ရာကိုမျှ မရွေးမလိုက်နှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သဘောကောက်ကျစ်သူကို စက်ဆုပ်ရွံရှာတော်မူ၏။” —သုတ္တံ ၃:၃၁၊ ၃၂၊ သမ္မာ။

  • မိသားစု

    မိသားစု ပျော်ရွှင်မှု

    မိဘစကား နားထောင်ပါ

    “သားသမီးဖြစ်သူတို့၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ မိဘတို့ကို နာခံကြလော့။ အကြောင်းမူကား ထိုသို့ပြုခြင်းသည် ဖြောင့်မှန်သောကြောင့် ဖြစ်၏။ ‘မိဘကို ရိုသေသမှုပြုလော့’ ဟူသောပညတ်သည် ကတိတော်နှင့်ဒွန်တွဲသော ပထမပညတ်ဖြစ်၏။ ‘သို့ပြုလျှင် သင်သည် ကောင်းစား၍ မြေကြီးပေါ်တွင် အသက်ရှည်နိုင်မည်။’”—ဧဖက် ၆:၁-၃။

    သားသမီးတွေကို နည်းမှန်လမ်းကျ သွန်သင်ပေးပါ

    “အဖဖြစ်သူတို့၊ သားသမီးများကို စိတ်ဆိုးစေရန် မပြုကြနှင့်။ ယေဟောဝါဘုရား၏ ဆုံးမပဲ့ပြင်ခြင်းနှင့် စိတ်သဘောတော်အတိုင်း မွေးမြူလျက် နေကြလော့။”—ဧဖက် ၆:၄။

    “အဖဖြစ်သူတို့၊ သားသမီးများ ဒေါသထွက်ရန် မပြုကြနှင့်။ ထိုသို့ ပြုလျှင် သူတို့သည် စိတ်ပျက်အားငယ် ကြလိမ့်မည်။”—ကောလောသဲ ၃:၂၁။

    ကိုယ့်အိမ်ထောင်ဖက်ကို ချစ်မြတ်နိုးပြီး လေးစားပါ

    “သို့ဖြစ်၍ သင်တို့အသီးသီးသည် ကိုယ့်ကိုယ်ကိုယ် ချစ်သကဲ့သို့ ကိုယ့်ဇနီးကို ချစ်ကြလော့။ ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏။”—ဧဖက် ၅:၃၃။

  • သစ်ပင်

    သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပါ

    ရှေးခေတ်အစ္စရေးပြည်မှာ ညစ်ညမ်းပစ္စည်း စွန့်ပစ်သူတွေနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “ပြည်က သူတို့ကြောင့် ညစ်ညူးသွားပြီ။ ဒါကြောင့် ပြည်က ကျိန်စာသင့်နေပြီ။” (ဟေရှာယ ၂၄:၅၊ ၆၊ ကဘ) သဘာဝပတ်ဝန်းကျင်ကို တမင်တကာ ဖျက်ဆီးနေတဲ့သူတွေကို ဘုရားသခင် မကြာမီအရေးယူပါတော့မယ်။ ဘုရားသခင်က “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” ပစ်တော့မှာဖြစ်တယ်။ (ဗျာဒိတ် ၁၁:၁၈) သူတို့ရဲ့ လုပ်ရပ်အတွက် ရှောင်ပြေးလို့မရဘဲ သေချာပေါက် ဖျက်ဆီးခံရပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ