ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၆ အမှတ် ၃ စာ. ၈
  • သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ယေဟောဝါကို မျှော်လင့်ပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • လူအိုတွေ ပြန်လည်နုပျိုလာမယ့်အချိန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • “ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး”
    သူတို့ရဲ့ ယုံကြည်ခြင်းကို တုပပါ
  • ယောဘကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကလ၁၆ အမှတ် ၃ စာ. ၈

မျက်နှာဖုံးဆောင်းပါး | ချစ်မြတ်နိုးရသူတစ်ဦး ဆုံးပါးသွားချိန်ဝယ်

သေလွန်သူတွေ အသက်ပြန်ရှင်လာမယ်

ဆောင်းပါးအစပိုင်းမှာဖော်ပြခဲ့တဲ့ ဂယ်လ်ဟာ ခင်ပွန်းသည်ရောဘတ်ဆုံးပါးသွားလို့ အရင်လို ပြန်နေသားကျနိုင်ပါ့မလားဆိုပြီး စိုးရိမ်နေတာကို သင်မှတ်မိပါလိမ့်မယ်။ ဒါပေမဲ့ သူဟာ ဘုရားသခင်ကတိပြုထားတဲ့ ကမ္ဘာသစ်မှာ ခင်ပွန်းသည်နဲ့ပြန်တွေ့ဖို့ စောင့်မျှော်နေပါတယ်။ သူ ခုလိုပြောတယ်– “ကျွန်မအကြိုက်ဆုံးကျမ်းချက်က ဗျာဒိတ် ၂၁:၃၊ ၄ ပါ။” အဲဒီကျမ်းချက်မှာ “ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ” လို့ဆိုထားတယ်။

ဂယ်လ် ခုလိုပြောတယ်– “ဒီကတိတော်က နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ပေးတယ်။ ဒါကြောင့် ချစ်မြတ်နိုးရသူတစ်ဦးဦးကို ဆုံးရှုံးလိုက်ရပြီး သူတို့နဲ့ပြန်တွေ့နိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်အကြောင်း မသိသူတွေကို ကျွန်မ တကယ်သနားတယ်။” အခုဆိုရင် ဂယ်လ်ဟာ သူယုံကြည်ထားတဲ့ “သေခြင်း ရှိတော့မည်မဟုတ်” ဆိုတဲ့ အနာဂတ်ဘုရားသခင့်ကတိတော်အကြောင်း တခြားသူတွေကိုဟောပြောရင်း ဘုရားအလုပ်ကို အချိန်ပြည့်လုပ်ဆောင်နေပါတယ်။

တစ်ကိုယ်လုံး အနာစိမ်းတွေပေါက်နေတဲ့ ယောဘ

အသက်ပြန်ရှင်လာမယ်ဆိုတာကို ယောဘ ယုံကြည်စိတ်ချခဲ့

‘ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး’ လို့ သင် ပြောကောင်းပြောပါလိမ့်မယ်။ ဒါပေမဲ့ ယောဘဆိုတဲ့ အမျိုးသားတစ်ဦးရဲ့အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူဟာ အကြီးအကျယ်ဖျားနာနေပါတယ်။ (ယောဘ ၂:၇) အဲဒါကြောင့် သေချင်လောက်တဲ့အထိ ယောဘ စိတ်ဓာတ်ကျနေပေမဲ့လည်း မြေကြီးပေါ်မှာ သူအသက်ပြန်ရှင်လာအောင် ဘုရားသခင် လုပ်ပေးနိုင်စွမ်းရှိကြောင်း ယုံကြည်စိတ်ချခဲ့တယ်။ ခုလို သူအခိုင်အမာပြောခဲ့တယ်– “ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ . . . အကျွန်ုပ်ကိုခေါ်တော်မူပါ။ အကျွန်ုပ် ပြန်လျှောက်ပါမည်။ ကိုယ်တိုင် ဖန်ဆင်းတော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ။” (ယောဘ ၁၄:၁၃၊ ၁၅) ဘုရားသခင်က သူ့ကိုတမ်းတနေမယ်၊ အသက်ပြန်ရှင်အောင်လုပ်ပေးဖို့ စိတ်ပြင်းပြနေမယ်ဆိုတာကို ယောဘ ယုံကြည်စိတ်ချခဲ့တယ်။

မကြာခင် ဘုရားသခင်က ကမ္ဘာမြေကြီးကို သာယာလှပတဲ့ကမ္ဘာအဖြစ်ပြောင်းလဲပြီးတဲ့အခါ ယောဘကိုရော မရေမတွက်နိုင်တဲ့တခြားသူတွေကိုပါ အသက်ပြန်ရှင်အောင် လုပ်ပေးပါလိမ့်မယ်။ (လုကာ ၂၃:၄၂၊ ၄၃) သေလွန်သူတွေ “ရှင်ပြန်ထမြောက်ကြလိမ့်မည်” ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (တမန်တော် ၂၄:၁၅) “ဤအမှုအရာကို မအံ့သြကြနှင့်။ အကြောင်းမူကား သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်” ဆိုပြီး ယေရှု အာမခံထားတယ်။ (ယောဟန် ၅:၂၈၊ ၂၉) အဲဒီကတိတော်ပြည့်စုံတာကို ယောဘ မြင်တွေ့ရပါလိမ့်မယ်။ ယောဘဟာ “ပျိုသောအသက်” နဲ့အသက်ရှင်ရမှာဖြစ်လို့ အမြဲတမ်း “သူငယ်ထက်အသားအရေနုထွား” နေပါလိမ့်မယ်။ (ယောဘ ၃၃:၂၄၊ ၂၅) မြေကြီးပေါ်အသက်ပြန်ရှင်ခွင့်ဆိုတဲ့ ဘုရားသခင့်ကရုဏာပါပြင်ဆင်ပေးချက်ကို ကျေးဇူးတင်စိတ်နဲ့တုံ့ပြန်သူအားလုံးလည်း ထပ်တူခံစားရမှာဖြစ်တယ်။

သင်ဟာ ချစ်မြတ်နိုးရသူတစ်ဦးကို ဆုံးရှုံးဖူးတယ်ဆိုရင် ဆွေးနွေးခဲ့တဲ့အချက်တွေက သင့်ရဲ့ဝမ်းနည်းပူဆွေးမှုတွေကို ယူပစ်လိုက်သလိုတော့ ပျောက်သွားစေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမ်းစာပါ ဘုရားသခင့်ကတိတော်တွေကို တွေးတောဆင်ခြင်မယ်ဆိုရင် မျှော်လင့်ချက်အစစ်အမှန်ကိုရှာတွေ့ပြီး ရှေ့ဆက်ဖို့ ခွန်အားတွေ ရနိုင်ပါတယ်။—၁ သက်သာလောနိတ် ၄:၁၃။

ဝမ်းနည်းပူဆွေးမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ပုံနဲ့ပတ်သက်ပြီး ထပ်ဆင့်သိလိုပါသလား။ “မကောင်းမှုနဲ့ ဆင်းရဲဒုက္ခကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုရတာလဲ” စတဲ့ မေးခွန်းတွေကိုရော သိချင်ပါသလား။ နှစ်သိမ့်မှုပေးပြီး လက်တွေ့ကျတဲ့ ကျမ်းစာအဖြေကိုသိနိုင်ဖို့ ကျေးဇူးပြု၍ ကျွန်ုပ်တို့ရဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ jw.org./mya ကိုဝင်ရောက်ကြည့်ရှုပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ