ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၁ စာ. ၁၆
  • သမ္မာကျမ်းစာ သွန်သင်ရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာ သွန်သင်ရာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆင်းရဲဒုက္ခတွေဖြစ်နေတာ ဘုရားသခင်ကြောင့်လား
  • ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား
  • ဆင်းရဲဒုက္ခ
    နိုးလော့!—၂၀၁၅
  • မေးခွန်း ၃– ကျွန်ုပ်ကို ဘာဖြစ်လို့ ဆင်းရဲဒုက္ခတွေ ခံစားစေတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဖန်ဆင်းရှင် ဂရုစိုက်စောင့်ရှောက်ရိုးမှန်လျှင် အဘယ်ကြောင့် ဆင်းရဲဒုက္ခ ဤမျှများပြားရသနည်း
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၁ စာ. ၁၆
စစ်ပွဲအတွင်း ကလေးကို ဖက်ထားတဲ့ အမျိုးသမီး

ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခတွေ ပြည့်နှက်နေတယ်။ အဲဒီလိုဖြစ်ရတာ ဘုရားသခင်ကြောင့်လား။

သမ္မာကျမ်းစာ သွန်သင်ရာ

ဆင်းရဲဒုက္ခတွေဖြစ်နေတာ ဘုရားသခင်ကြောင့်လား

ဘယ်လိုထင်ပါသလဲ

  • ဟုတ်တယ်

  • မဟုတ်ဘူး

  • ဖြစ်ကောင်းဖြစ်နိုင်တယ်

သမ္မာကျမ်းစာ သွန်သင်ရာ

“ဒုစရိုက်သည် ဘုရားသခင်နှင့်လည်းကောင်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်လည်းကောင်း ဝေးပါစေ။” (ယောဘ ၃၄:၁၀) ကမ္ဘာပေါ်မှာ မြင်တွေ့နေရတဲ့ မကောင်းမှုနဲ့ ဆင်းရဲဒုက္ခတွေဟာ ဘုရားသခင်ကြောင့် လုံးဝ မဟုတ်ပါဘူး။

ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ

  • “ဤလောကကိုအစိုးရသောမင်း” ဖြစ်တဲ့ စာတန်မာရ်နတ်ကသာ ဆင်းရဲဒုက္ခတွေရဲ့ အဓိကတရားခံပါ။—ယောဟန် ၁၄:၃၀။

  • လူတွေရဲ့ ရွေးချယ်မှုအမှားတွေကြောင့် ဆင်းရဲဒုက္ခနဲ့ မကောင်းမှုတွေ ဖြစ်လာတယ်။—ယာကုပ် ၁:၁၄၊ ၁၅။

ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား

လူတချို့ ယုံကြည်တာက

လူသားအားလုံးပူးပေါင်းပြီး ဆင်းရဲဒုက္ခတွေကို အဆုံးတိုင်စေမယ်။ တချို့ကျတော့ ကမ္ဘာ့အခြေအနေတွေ ကြီးကြီးမားမားတိုးတက်ပြောင်းလဲလာမယ်လို့ မထင်ကြဘူး။ သင်ကော ဘယ်လိုယုံကြည်ပါသလဲ။

သမ္မာကျမ်းစာ သွန်သင်ရာ

ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဖယ်ရှားပေးတော့မယ်။ “သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။”—ဗျာဒိတ် ၂၁:၃၊ ၄။

ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ

  • ဘုရားသခင်က ယေရှုကို အသုံးပြုပြီး စာတန်မာရ်နတ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခတွေကို ဖယ်ရှားပေးလိမ့်မယ်။—၁ ယောဟန် ၃:၈။

  • လူကောင်းတွေဟာ ကမ္ဘာပေါ်မှာ ငြိမ်သက်အေးချမ်းစွာ ထာဝစဉ်နေထိုင်ရမယ်။—ဆာလံ ၃၇:၉–၁၁၊ ၂၉။

ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုထားတာလဲဆိုတာကို သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၁ ကို ဖတ်ကြည့်ပါ

www.pr2711.com/mya ဝက်ဘ်ဆိုက်ကနေလည်း ကူးယူနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ