ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ အောက်တိုဘာ စာ. ၃၂
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရားမျက်နှာသာရသူ၊ တန်ခိုးတော်နဲ့ ပြည့်စုံသူ” သတေဖန်
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • သတေဖန် ကျောက်ခဲနဲ့ပေါက်သတ်ခံရတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေဟောဝါအား ခန့်ညားကြောက်ရွံ့ခြင်း၌လိုက်လျှောက်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ အောက်တိုဘာ စာ. ၃၂

သင် သိပါသလား

သတေဖန် နှိပ်စက်ခံရချိန်မှာ ဘာကြောင့် ဒီလောက်တောင် တည်ငြိမ်နိုင်တာလဲ။

ဂျူးတရားရုံးချုပ်မှာ သတေဖန် တည်ငြိမ်စွာ ရပ်နေ

ရန်လိုနေတဲ့ လူအုပ်ရှေ့ သတေဖန် ရောက်နေတယ်။ တရားရုံးချုပ် အဖွဲ့ဝင် ၇၁ ယောက်ဟာ အစ္စရေးမှာ သြဇာအာဏာအရှိဆုံးပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ပုရောဟိတ်မင်း ကယာဖက သူတို့ကို ဆင့်ခေါ်ထားတယ်။ ကယာဖဟာ အစောပိုင်း လအနည်းငယ်တုန်းက ယေရှုကို သေဒဏ်စီရင်ရာမှာ ဦးဆောင်ခဲ့သူဖြစ်တယ်။ (မ. ၂၆:၅၇၊ ၅၉။ တ. ၆:၈-၁၂) မမှန်တဲ့သက်သေ တစ်ယောက်ပြီးတစ်ယောက် ခေါ်ထုတ်လာချိန်မှာ အံ့သြစရာတစ်ခုကို သူတို့ သတိထားမိကြတယ်။ သတေဖန်ရဲ့ မျက်နှာဟာ “ကောင်းကင်တမန်ရဲ့ မျက်နှာလို ဖြစ်နေ” တယ်။—တ. ၆:၁၃-၁၅။

ထိတ်လန့်ဖွယ် အခြေအနေမှာ သတေဖန် ဘာကြောင့် ဒီလောက် တည်ငြိမ်နိုင်တာလဲ။ တရားရုံးချုပ် မရောက်ခင်ကတည်းက သတေဖန်ဟာ ဘုရားသခင့် စွမ်းအားတော်ရပြီး ဘုရားအမှုတော်မှာ အပြည့်အဝ ပါဝင်နေသူဖြစ်တယ်။ (တ. ၆:၃-၇) အဲဒီစွမ်းအားတော်က သတေဖန် စစ်ဆေးမေးမြန်းခံရချိန်မှာ ကူညီပေးပြီး ပြန်အမှတ်ရစေခဲ့တယ်။ (ယော. ၁၄:၁၆) တမန်တော် အခန်းကြီး ၇ မှာ ပါတဲ့အတိုင်း သတေဖန် ရဲရဲရင့်ရင့် ထုချေတဲ့အခါ သန့်ရှင်းသော စွမ်းအားတော်က ဟီဘရူးကျမ်းစောင်ထဲက ကျမ်းချက် ၂၀ ကျော်ကို ပြန်အမှတ်ရစေခဲ့တယ်။ (ယော. ၁၄:၂၆) ဘုရားရဲ့ ညာဘက်မှာ ယေရှု ရပ်နေတဲ့ စိတ်အာရုံ မြင်ရတဲ့အခါ သတေဖန်ရဲ့ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။—တ. ၇:၅၄-၅၆၊ ၅၉၊ ၆၀။

ကျွန်တော်တို့လည်း အနာဂတ်မှာ ခြိမ်းခြောက်ခံရ၊ နှိပ်စက်ညှဉ်းပန်း ခံရနိုင်တယ်။ (ယော. ၁၅:၂၀) ကျမ်းစာ ပုံမှန်ဖတ်ပြီး အမှုဆောင်မှာ တက်တက်ကြွကြွ ပါဝင်နေရင် ယေဟောဝါရဲ့ စွမ်းအားတော် ရရှိပါလိမ့်မယ်။ ဆန့်ကျင်မှု ကြုံရချိန်မှာ တည်တည်ငြိမ်ငြိမ် ခံရပ်ဖို့ ခွန်အားရရှိပါလိမ့်မယ်။—၁ ပေ. ၄:၁၂-၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ