ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၃ စာ. ၈-၉
  • ဘာကြောင့် အိုရသေရကြသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာကြောင့် အိုရသေရကြသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာဒံနဲ့ ဧဝ သေရတဲ့အကြောင်းရင်း
  • ကျွန်တော်တို့ မစုံလင်ရတဲ့အကြောင်းရင်း
  • ယေရှုရဲ့ သေခြင်းနဲ့ အသက်ပြန်ရှင်လာခြင်း—သင့်အတွက် ဘာအကျိုးရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ပထမဆုံး ယောက်ျားနဲ့ မိန်းမကို ဘုရားသခင် ဖန်ဆင်း
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ပထမလူသားမောင်နှံထံမှ ကျွန်ုပ်တို့သင်ယူနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၃ စာ. ၈-၉
တားမြစ်ထားတဲ့အသီးကို အာဒံ စားနေစဉ်။ သက်ကြီးရွယ်အို အာဒံ။ အာဒံရဲ့ သင်္ချိုင်းတွင်းနား လူတွေ ရပ်နေစဉ်

ဘာကြောင့် အိုရသေရကြသလဲ

လူသားတွေ သေဖို့ ဘုရား မရည်ရွယ်ဘူး။ ကနဦးမိဘ အာဒံနဲ့ ဧဝဟာ စိတ်ရော ကိုယ်ပါ ပြီးပြည့်စုံလင်စွာ ဖန်ဆင်းခံရတယ်။ ဒီနေ့အထိ အသက်ရှင်နိုင်တဲ့သဘောပဲ။ ဧဒင်ဥယျာဉ်က အပင်တစ်ပင်နဲ့ပတ်သက်ပြီး အာဒံကို ယေဟောဝါ မိန့်ဆိုတဲ့စကားကို ကြည့်ရင် သိနိုင်တယ်။

“စားတဲ့နေ့မှာ မင်း သေကိုသေရမယ်” လို့ အာဒံကို ဘုရား မိန့်ဆိုခဲ့တယ်။ (ကမ္ဘာဦး ၂:၁၇) အာဒံဟာ အိုပြီး သေသွားဖို့ ဖန်ဆင်းခံရရင် အဲဒီလိုမိန့်မှာစရာအကြောင်း မရှိဘူး။ အဲဒီအပင်ရဲ့အသီးကို မစားရင် သေမှာ မဟုတ်ဘူးဆိုတာ အာဒံ သိထားတယ်။

ဘုရားရည်ရွယ်ချက်က လူသားတွေ သေဖို့ မဟုတ်ဘူး

အာဒံနဲ့ ဧဝတို့ အသက် ဆက်နိုင်ဖို့ အဲဒီအပင်ရဲ့ အသီးကို စားစရာ မလိုဘူး။ ဥယျာဉ်ထဲမှာ သီးပင်စားပင်တွေ အပြည့်ရှိနေပါတယ်။ (ကမ္ဘာဦး ၂:၉) အဲဒီအပင်ရဲ့အသီးကို မစားရင် အသက်ပေးရှင်ရဲ့ စကားကို နာခံကြောင်း ပြရာရောက်ပါမယ်။ ဘုရားရဲ့ လမ်းညွှန်ပိုင်ခွင့်ကို အသိအမှတ်ပြုရာလည်း ရောက်တယ်။

အာဒံနဲ့ ဧဝ သေရတဲ့အကြောင်းရင်း

အာဒံနဲ့ ဧဝ သေရတဲ့အကြောင်းရင်းကို နားလည်ဖို့ ကျွန်တော်တို့အပေါ် သက်ရောက်မှုရှိတဲ့ စကားတွေကို ဆန်းစစ်ကြည့်ဖို့ လိုတယ်။ စာတန်မာရ်နတ်က မြွေတစ်ကောင်ကို သုံးပြီး မလိုတမာ လိမ်လည်လှည့်စားခဲ့တယ်။ “မြွေဟာ ယေဟောဝါဘုရား ဖန်ဆင်းတဲ့ တိရစ္ဆာန်တွေထဲမှာ သတိအကြီးဆုံးပဲ။ မြွေက မိန်းမကို ‘ဥယျာဉ်ထဲမှာရှိတဲ့ အပင်အားလုံးရဲ့အသီးကို မစားနဲ့လို့ ဘုရားသခင် တကယ်ပဲပြောသလား’ ဆိုပြီး မေးတယ်” လို့ ကျမ်းစာမှတ်တမ်းမှာ ဖော်ပြထားတယ်။—ကမ္ဘာဦး ၃:၁။

ဒါနဲ့ ဧဝက “‘ဥယျာဉ်ထဲမှာရှိတဲ့ အပင်တွေရဲ့အသီးကို ကျွန်မတို့ စားလို့ရပါတယ်။ ဥယျာဉ်ထဲက အပင်တစ်ပင်ရဲ့ အသီးကိုတော့ “မစားနဲ့၊ မထိနဲ့။ စားမယ်၊ ထိမယ်ဆိုရင် သေရမယ်” ဆိုပြီး ဘုရားသခင် မှာထားတယ်’ လို့ ပြန်ဖြေတယ်။” ဒါနဲ့ မြွေက “မင်းတို့ လုံးဝ သေမှာ မဟုတ်ဘူး။ တကယ်တော့ အဲဒီအသီးကို စားတဲ့နေ့မှာပဲ မျက်စိပွင့် လာမယ်၊ အကောင်းအဆိုးကို သိလာပြီး ဘုရားလို ဖြစ်လာမယ်ဆိုတာ ဘုရားသခင် သိတယ်” လို့ ပြောတယ်။ ဒီနည်းနဲ့ အာဒံနဲ့ ဧဝအတွက် ကောင်းမွန်ရာကို ယေဟောဝါ လှည့်စားထိမ်ချန်ထားတယ်လို့ စာတန် အခိုင်အမာ ဆိုတယ်။—ကမ္ဘာဦး ၃:၂-၅။

ဧဝက ယုံလိုက်တယ်။ အပင်ကို ကြည့်ရင်းကြည့်ရင်းနဲ့ စားချင်စရာ ကောင်းလာတယ်။ ဒါနဲ့ အသီးကို ခူးစားလိုက်တယ်။ “လူယောက်ျားကို ပေးတော့ သူလည်း စားတယ်” လို့ ကျမ်းစာက ဆိုတယ်။—ကမ္ဘာဦး ၃:၆။

“စားတဲ့နေ့မှာ မင်း သေကိုသေရမယ်” လို့ အာဒံကို ဘုရား မိန့်ဆိုတယ်။—ကမ္ဘာဦး ၂:၁၇

ချစ်မြတ်နိုးရတဲ့ သားသမီးတွေ မိမိစကား နားမထောင်တာကို မြင်ရတဲ့အခါ ဘုရား ဘယ်လောက် ဝမ်းနည်းလိုက်လေမလဲ။ ယေဟောဝါဘုရား ဘာလုပ်ခဲ့သလဲ။ “မြေကြီးက ဖြစ်လာတဲ့မင်းဟာ မြေကြီးကို ပြန်သွား” ရမယ်ဆိုပြီး အာဒံကို ပြောလိုက်တယ်။ (ကမ္ဘာဦး ၃:၁၇-၁၉) ဒါကြောင့် “အသက် ၉၃၀ မှာ အာဒံ သေဆုံးသွားတယ်။” (ကမ္ဘာဦး ၅:၅) အာဒံ ကောင်းကင် မတက်သလို နာမ်ဝိညာဉ်ဘုံတစ်ခုခုမှာလည်း အသက်ဆက်ရှင်မနေပါဘူး။ မြေကြီးကနေ ယေဟောဝါ မဖန်ဆင်းခင် အာဒံ မတည်ရှိဘူး။ ဒါကြောင့် အာဒံ သေသွားတဲ့အခါ ဖန်ဆင်းခံရတဲ့မြေမှုန့်ဘဝ ပြန်ရောက်သွားတယ်။ အာဒံ မရှိတော့ဘူး။ ဝမ်းနည်းစရာပါပဲ။

ကျွန်တော်တို့ မစုံလင်ရတဲ့အကြောင်းရင်း

အာဒံနဲ့ ဧဝ တမင်တကာ မနာခံတဲ့အတွက် စုံလင်ခြင်းနဲ့ ထာဝစဉ် အသက်ရှင်မယ့် အလားအလာကို ဆုံးရှုံးသွားကြတယ်။ ကာယပိုင်း အပြောင်းအလဲ ကြုံရတယ်။ မစုံလင်တဲ့ အပြစ်သားတွေ ဖြစ်လာကြတယ်။ ဒါပေမဲ့ မနာခံတဲ့အပြစ်က သူတို့ကိုပဲ ထိခိုက်တာ မဟုတ်ဘူး။ အပြစ်သားဘဝကို သားစဉ်မြေးဆက်ဆီ လက်ဆင့်ကမ်းပေးလိုက်ကြတယ်။ ဒါကြောင့် ရောမ ၅:၁၂ မှာ ဒီလိုဆိုထားတယ်– “အပြစ်ဟာ လူတစ်ယောက် [အာဒံ] ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်။”

အပြစ်နဲ့ သေခြင်းဟာ “လူအားလုံးကို အုပ်ထားတဲ့ ခြုံထည်၊ လူမျိုးအားလုံးကို လွှမ်းထားတဲ့ ရက်ထည်” ပမာ ဖြစ်တယ်လို့ ကျမ်းစာက ဖော်ပြထားတယ်။ (ဟေရှာယ ၂၅:၇) အဲဒီခြုံထည်ဟာ အဆိပ်သင့်စေတဲ့မြူခိုးလိုပဲ လူသားအားလုံးကို အုပ်လွှမ်းထားတယ်။ မှန်ပါတယ်၊ “အာဒံကြောင့် လူအားလုံး သေဆုံးရ” တယ်။ (၁ ကောရိန္သု ၁၅:၂၂) တမန်တော်ပေါလု ပြောခဲ့သလို “သေဆုံးစေမယ့် ကိုယ်ခန္ဓာကနေ လွတ်မြောက်အောင် ဘယ်သူ ကယ်တင်ပေးမလဲ” လို့ မေးစရာ ပေါ်လာတယ်။ ကယ်တင်ပေးနိုင်မယ့်သူ ရှိသလား။—ရောမ ၇:၂၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ