ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၀၉ စာ. ၄
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းဆိုတာ ဘာလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • အုပ်ချုပ်ရေးအဖွဲ့နှင့် တရားဝင်ကော်ပိုရေးရှင်း ခြားနားပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အထူးကြေညာချက်တစ်ရပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဝတ်ပြုရာနေရာများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၄/၀၉ စာ. ၄

မေးခွန်းသေတ္တာ

◼ ယေဟောဝါသက်သေများအသုံးပြုသော တရားဝင်ကော်ပိုရေးရှင်းများ၏ အမှတ်တံဆိပ်များ (logos) ကို အသင်းတော်အနေနှင့်ဖြစ်စေ၊ တစ်ဦးချင်းအနေနှင့်ဖြစ်စေ အသုံးပြုခြင်းသည် သင့်လျော်ပါသလော။

အမှတ်တံဆိပ်ဟူသည် အလွယ်တကူနှင့် ရှင်းလင်းတိကျစွာ အသိအမှတ်ပြုနိုင်ရန်အတွက် ပုံစံပြုဖန်တီးထားသော အမည်တစ်ခု၊ သင်္ကေတတစ်ခု သို့မဟုတ် ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုဖြစ်သည်။ ကင်းမျှော်စင်အမှတ်တံဆိပ်သည် ပဲင်စီလ်ဘေးနီးယားမှ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းနှင့် အဖွဲ့အစည်းအသုံးပြုသော အခြားကော်ပိုရေးရှင်းများကို ကိုယ်စားပြုသည်။ ယေဟောဝါသက်သေများ၏ ခရစ်ယာန်အသင်းတော်သည် ၎င်း၏စာခေါင်းထိပ်တွင် ဖွင့်ထားသောသမ္မာကျမ်းစာပုံ အမှတ်တံဆိပ်တစ်ခုကို အသုံးပြုသည်။ ယေဟောဝါသက်သေများအသုံးပြုသော အခြားကော်ပိုရေးရှင်းများတွင် အမှတ်တံဆိပ်အမျိုးမျိုးရှိသည်။

အသင်းတော်များ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးစီသည် အဖွဲ့အစည်း၏တရားဝင်အသင်းအဖွဲ့များ၏ အမှတ်တံဆိပ်များ သို့မဟုတ် နာမည်များ၊ ယင်းနှင့်အလွန်ဆင်တူသော အမှတ်တံဆိပ်များ သို့မဟုတ် နာမည်များကို နိုင်ငံတော်ခန်းမများ၊ နိုင်ငံတော်ခန်းမဆိုင်းဘုတ်များ၊ စာခေါင်း၊ ကိုယ်ပိုင်ဒီဇိုင်းပုံစံများနှင့် အစရှိသည်တို့တွင် အသုံးမပြုသင့်ပါ။ အဖွဲ့အစည်း၏အမှတ်တံဆိပ်များကို ယင်းသို့အသုံးပြုခြင်းက အစိုးရအရာရှိများ၊ ကြေညာသူများနှင့် အဖွဲ့အစည်း၏တရားဝင်အသင်းအဖွဲ့များနှင့်သက်ဆိုင်သော အသင်းတော်၏ တရားဥပဒေရေးရာကိစ္စများကို ဆောင်ရွက်သူများအား စိတ်ရှုပ်ထွေးသွားစေနိုင်ပါသည်။ အလားတူ၊ စာများကိုလည်း ဌာနချုပ် သို့မဟုတ် ဌာနခွဲရုံးမှ အတည်ပြုထားသော သို့မဟုတ် ပေးပို့လိုက်သောစာများအဖြစ် လွဲမှားစွာ ယူမှတ်သွားစေနိုင်ပါသည်။

အနာဂတ်နိုင်ငံတော်ခန်းမစီမံကိန်းများတွင် နိုင်ငံတော်ခန်းမကို ကင်းမျှော်စင်အသင်းအဖွဲ့က ပိုင်ဆိုင်လျှင်ပင် မျှော်စင်ပုံအမှတ်အသား သို့မဟုတ် ယင်းနှင့်ဆင်တူရာကို အသုံးမပြုသင့်ပါ။ အမှတ်တံဆိပ်တစ်ခုရှိထားနှင့်သော နိုင်ငံတော်ခန်းမများရှိသည့် အသင်းတော်များသည် ဆိုင်းဘုတ်များ သို့မဟုတ် ဒီဇိုင်းပုံစံများကို ချက်ချင်းပြောင်းလဲလိုက်ရန် မလိုအပ်ပါ၊ အကြောင်းမှာ ထိုသို့သောအပြောင်းအလဲများတွင် ကြီးမားသောပြောင်းလဲပြင်ဆင်မှုများ၊ အချိန်၊ ခွန်အားနှင့် အကုန်အကျများစွာ ပါဝင်နိုင်သောကြောင့်ဖြစ်သည်။ သို့သော်၊ အသေးအမွှားဖြစ်ကာ အကြီးအကျယ်လုပ်ဆောင်ရန် မလိုအပ်လျှင် အပြောင်းအလဲလုပ်ဖို့ စဉ်းစားသင့်ပါသည်။ အသေးအမွှားပြောင်းလဲခြင်းမဟုတ်ပါက အဆောက်အအုံ သို့မဟုတ် ဆိုင်းဘုတ်ကို ပြန်လည်ပြုပြင်မွမ်းမံဖို့ အစီအစဉ်ရေးဆွဲသောအခါ ထိုအပြောင်းအလဲကို ထည့်သွင်းရေးဆွဲနိုင်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ