သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၁၊ ဧပြီ ၂၅ ရက်အပတ် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာ သုံးသပ်ကြပါမယ်။ ကျောင်းကြီးကြပ်မှူးက ၂၀၁၁၊ မတ် ၇ အပတ်ကနေ ဧပြီ ၂၅ အပတ်အထိ တာဝန်တွေမှာ သုံးသပ်ခဲ့တဲ့အကြောင်းအရာတွေအပေါ်အခြေပြုပြီး မိနစ် ၂၀ ပြန်လည်သုံးသပ်ပါမယ်။
၁။ ဘယ်လိုနည်းနဲ့ “ပြည်သူပြည်သားအများတို့သည် . . . ယုဒဘာသာကိုဝင်ကြ” သလဲ။ (ဧသ. ၈:၁၇) [က၀၆ ၃/၁ စ. ၁၁ ပိုဒ်. ၃]
၂။ ယေဟောဝါရဲ့ရှေ့မှောက်ကို စာတန် ဘာကြောင့် ဝင်ခွင့်ရခဲ့သလဲ။ (ယောဘ ၁:၆; ၂:၁) [က၀၆ ၃/၁၅ စ. ၁၃ ပိုဒ်. ၆; it-2-E စ. ၁၆ ပိုဒ်. ၄]
၃။ “ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကိုပြုသလော” ဆိုတဲ့စာတန့်မေးခွန်းက ဘာကိုပြောချင်တာလဲ။ (ယောဘ ၁:၉) [က၉၄ ၁၁/၁၅ စ. ၁၁ ပိုဒ်. ၆]
၄။ ယေဟောဝါဟာ “ထူးဆန်းသောဉာဏ်၊ ကြီးစွာသောတန်ခိုးနှင့်ပြည့်စုံတော်မူ” ကြောင်းသိထားခြင်းက ကိုယ်တော့်ကို ဘာကြောင့် ယုံကြည်စိတ်ချစေသလဲ။ (ယောဘ ၉:၄) [က၀၇ ၅/၁၅ စ. ၂၅ ပိုဒ်. ၁၆; it-2-E စ. ၁၁၉၀ ပိုဒ်. ၃]
၅။ “ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကိုသောက်လျက်” ဆိုတဲ့ ဧလိဖတ်ရဲ့စကားက စာတန့်အတွေးအခေါ်ကို ဘယ်လိုနည်းနဲ့ရောင်ပြန်ဟပ်သလဲ။ (ယောဘ ၁၅:၁၆) [က၁၀ ၂/၁၅ စ. ၂၀ ပိုဒ်. ၁-၂]
၆။ ယောဘ ၁၉:၂ ပါ ယောဘရဲ့ပြင်းပြစွာအော်ဟစ်ခြင်းကနေ ကျွန်ုပ်တို့ဘာသင်ယူနိုင်သလဲ။ [က၉၄ ၁၀/၁ စ. ၃၂ ပိုဒ်. ၁-၅]
၇။ သမာဓိဆက်စောင့်ထိန်းနိုင်ဖို့ ယောဘကို ဘာကကူညီပေးခဲ့သလဲ။ (ယောဘ ၂၇:၅) [က၀၉ ၄/၁၅ စ. ၆ ပိုဒ်. ၁၇]
၈။ တခြားသူတွေလိုအပ်နေချိန်မှာ ယောဘကို ကျွန်တော်တို့ဘယ်လိုတုပနိုင်သလဲ။ (ယောဘ ၂၉:၁၂၊ ၁၃) [က၀၂ ၅/၁၅ စ. ၂၂ ပိုဒ်. ၁၉; က၉၄ ၉/၁၅ စ. ၂၄ ပိုဒ်. ၂]
၉။ ဧလိဟုရဲ့သွန်သင်ချက်က ယောဘရဲ့တခြားအဖော်သုံးဦးနဲ့ ဘယ်လိုကွာခြားပါသလဲ။ (ယောဘ ၃၃:၁၊ ၆) [က၉၅ ၂/၁၅ စ. ၂၉ ပိုဒ်. ၃]
၁၀။ ယေဟောဝါရဲ့အံ့သြဖွယ်လက်ရာတွေကို ပြန်ပြောင်းစဉ်းစားခြင်းက ကျွန်တော်တို့အပေါ် ဘယ်လိုသက်ရောက်မှုရှိသင့်ပါသလဲ။ (ယောဘ ၃၇:၁၄) [က၀၆ ၃/၁၅ စ. ၁၆ ပိုဒ်. ၄]