ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၃ စာ. ၁၃
  • လိုအပ်နေသူတွေကို ကူညီပေးသူတွေ ခံစားရမယ့် ကောင်းချီးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိုအပ်နေသူတွေကို ကူညီပေးသူတွေ ခံစားရမယ့် ကောင်းချီးများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာ အဆို
  • လိုအပ်နေသူတွေကို ကူညီပေးခြင်းဆိုတာ
  • ခရစ်တော်ရဲ့ ညီတွေကို သစ္စာရှိရှိ ထောက်မကူညီခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • “ကောင်းသော ရှမာရိလူ” ဆိုတာ ဘာကို ဆိုလိုသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • တဲလင့်ပုံဥပမာကနေ သင်ယူပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေဟောဝါ၏ကူညီမစမှုကို သင်ခံယူသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၃ စာ. ၁၃
အမျိုးသားတစ်ယောက်က နောက်အမျိုးသားတစ်ယောက်ကို မြေပုံ ပြပြီး လမ်းညွှန်နေစဉ်။

တခြားသူတွေရဲ့ အသက်အရွယ်၊ နိုင်ငံသား၊ ကိုးကွယ်ရာဘာသာကို ထည့်မတွက်ဘဲ ကူညီပေးနိုင်မလား

လိုအပ်နေသူတွေကို ကူညီပေးသူတွေ ခံစားရမယ့် ကောင်းချီးများ

ကမ္ဘာတစ်ဝန်းက လူတွေဟာ အစားအသောက်နဲ့ နေစရာတွေ လိုအပ်နေတယ်။ တချို့ကတော့ အနာဂတ် မျှော်လင့်ချက်လောက်ပဲ လိုအပ်ကြတယ်။ အဲဒီလိုလူတွေကို ကူညီပေးတာက ဘာကြောင့် ဘုရားသခင့် ကောင်းချီး ခံစားရစေသလဲ။

သမ္မာကျမ်းစာ အဆို

“နိမ့်ကျသူကို မျက်နှာသာပေးတဲ့သူဟာ ယေဟောဝါကို ချေးငှားပေးတဲ့သူပဲ။ သူ့လုပ်ရပ်အတွက် ဘုရား ပြန်ဆပ်ပေးလိမ့်မယ်။”—ပညာအလိမ္မာ ၁၉:၁၇။

လိုအပ်နေသူတွေကို ကူညီပေးခြင်းဆိုတာ

ဓားပြတိုက်ခံရပြီး သေလုမျောပါး ဖြစ်နေတဲ့ လူတစ်ယောက်အကြောင်း ပုံဥပမာကို ယေရှု ပြောပြခဲ့တယ်။ (လုကာ ၁၀:၂၉-၃၇) ကူညီပေးတတ်တဲ့ သူစိမ်းတစ်ယောက်က အဲဒီလူကို ဂရုစိုက် ကုသပေးခဲ့တယ်။ လူမျိုး မတူပေမဲ့ အဲဒီလိုလုပ်ပေးခဲ့တယ်။

ကြင်နာတတ်သူက ဒဏ်ရာရနေသူကို အရေးပေါ် ကုသမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပဲ ပေးခဲ့တာ မဟုတ်ဘူး။ စိတ်သက်သာရာ ရအောင် နှစ်သိမ့်ပေးခဲ့တယ်။

ဒီပုံဥပမာကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့ဟာ အကူအညီ လိုအပ်နေသူတွေကို တတ်နိုင်သလောက် ကူညီပေးသင့်တယ်ဆိုတာ သင်ယူရပါတယ်။ (ပညာအလိမ္မာ ၁၄:၃၁) မကြာခင် ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဖယ်ရှားပေးတော့မယ်လို့ သမ္မာကျမ်းစာ ပြောထားတယ်။ ဒါဆိုရင် ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ဘုရား ဖယ်ရှားပေးမလဲလို့ စဉ်းစားမိနိုင်တယ်။ မေတ္တာရှိတဲ့ ဖန်ဆင်းရှင် ပြင်ဆင်ထားတဲ့ အနာဂတ်ကောင်းချီးတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

“ကျွန်တော့်ကို ဘုရားသခင် မစွန့်ပစ်”

ဂမ်ဘီယာကနေ ပြောင်းလာသူတစ်ယောက် ပြောပြတယ်

“ကျွန်တော် ဥရောပကို ရောက်တော့ အလုပ်မရှိ၊ ပိုက်ဆံမရှိ၊ အိမ်လည်းမရှိ၊ ဘာမှ မရှိဘူး။ သမ္မာကျမ်းစာမှာပါတဲ့ လမ်းညွှန်ချက်တွေက ကြံရည်ဖန်ရည် ရှိဖို့၊ အလုပ်ကြိုးစားဖို့၊ အကူအညီပဲ တောင်းနေမယ့်အစား တခြားသူတွေကို ကူညီပေးဖို့ လမ်းညွှန်ပေးတယ်။ ကျွန်တော့်ကို ဘုရားသခင် မစွန့်ပစ်ခဲ့ဘူး။ အမြဲ ကူညီပေးခဲ့တယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ