ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဒီဇင်ဘာ စာ. ၁၄
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • အန္တရာယ်ပြုသော အတင်း အဖျင်းပြောဆိုခြင်းကို ရှောင်ကြဉ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • တခြားသူတွေကို ဆက်ဆံပုံနဲ့ပတ်သက်ပြီး ဝတ်ပြုရာကျမ်းထဲက သင်ခန်းစာများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • အန္တရာယ်ပြု အတင်းအဖျင်းပြောဆိုခြင်းကို မည်သို့ချေဖျက်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • စာတန်ကို အခွင့်မပေးကြနှင့်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဒီဇင်ဘာ စာ. ၁၄
အသင်းတော်ထဲက တစ်ယောက်အကြောင်း ညီအစ်မတစ်ယောက် နောက်ညီအစ်မနဲ့ အတင်းအဖျင်းပြောနေ။

စာရှုသူများထံမှ မေးခွန်းလွှာ

တခြားသူကို “သေကြောင်း မကြံစည်နဲ့” ဆိုတဲ့ ဝတ်ပြုရာ ၁၉:၁၆ ပါ မိန့်မှာချက်က ဘာကို ဆိုလိုသလဲ။ ကျွန်တော်တို့ ဘာသင်ခန်းစာ သင်ယူနိုင်သလဲ။

သန့်ရှင်းတဲ့ လူမျိုး ဖြစ်ဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။ အဲဒီလိုသန့်ရှင်းဖို့ ကူညီပေးတဲ့ အနေနဲ့ “အရပ်တကာ လည်ပြီး သွားပုပ်လေလွင့် မပြောနဲ့။ ကိုယ့်အပေါင်းအဖော်ကို သေကြောင်း မကြံစည်နဲ့။ ငါဟာ ယေဟောဝါပဲ” လို့ မှာတယ်။—ဝတ်. ၁၉:၂၊ ၁၆။

“မကြံစည်နဲ့” လို့ ပြန်ဆိုထားတဲ့ မူရင်း ဟီဘရူး စကားလုံးက ဘာကို ဆိုလိုသလဲ။ “ဒီအခန်းငယ်မှာ သုံးထားတဲ့ ဟီဘရူး အသုံးအနှုန်းဟာ ဥပစာစကား ဖြစ်တယ်။ စာသားအရဆိုရင် ‘အပေါ်မှာ၊ ဘေးမှာ၊ အနားမှာ မရပ်နဲ့’ လို့ ဆိုလိုတယ်။ အဓိပ္ပာယ် အတိအကျကိုတော့ သိဖို့ ခက်တယ်” ဆိုပြီး ဝတ်ပြုရာကျမ်းနဲ့ပတ်သက်တဲ့ ဂျူးစာအုပ်တစ်အုပ်မှာ ရေးတယ်။

ကျမ်းပညာရှင်တချို့က ဒီအခန်းငယ်ကို ရှေ့အခန်းငယ်နဲ့ ဆက်စပ်ကြတယ်။ “အမှုအခင်းတွေကို မတရား မစီရင်နဲ့။ ဆင်းရဲသားမို့လို့ဆိုပြီး မျက်နှာသာ မပေးမိစေနဲ့။ ချမ်းသာလို့ဆိုပြီး မျက်နှာမလိုက်နဲ့။ လူလူချင်း မျှမျှတတ စီရင်ပါ” လို့ ပြောထားတယ်။ (ဝတ်. ၁၉:၁၅) အဲဒီလိုသာဆိုရင် တစ်ယောက်ယောက်ကို “သေကြောင်း မကြံစည်နဲ့” ဆိုတဲ့ အခန်းငယ် ၁၆ ဟာ တရားရုံး၊ လုပ်ငန်းခွင်၊ မိသားစုမှာ မတရား မလုပ်ဖို့၊ မရိုးမသား မလုပ်ဖို့ ဆိုလိုတာ ဖြစ်မယ်။ ဆိုလိုတာ နောက်တစ်ခု ရှိနိုင်သေးတယ်။

အခန်းငယ် ၁၆ ရဲ့ အစပိုင်းကို ကြည့်ပါ။ အရပ်တကာ လည်ပြီး သွားပုပ်လေလွင့် မပြောဖို့ ဘုရား မိန့်မှာတယ်။ သွားပုပ်လေလွင့် ပြောတယ်ဆိုတာ ပြဿနာ ဖြစ်စေနိုင်တဲ့ အတင်းအဖျင်း ပြောတာလောက်ပဲ မဟုတ်ဘူး။ (ပညာ. ၁၀:၁၉။ ဒေ. ၁၀:၁၂-၁၄။ ၁ တိ. ၅:၁၁-၁၅။ ယာ. ၃:၆) တစ်ယောက်ယောက်ကို နာမည်ဖျက်ဖို့ ရည်ရွယ်ပြီး မကောင်းပြောတာ ဖြစ်တယ်။ တစ်ဖက်သား အသက်အန္တရာယ် ရှိမယ်ဆိုတာ သိသိနဲ့ မဟုတ်မမှန် သက်သေထွက်ဆိုတာ ဖြစ်နိုင်တယ်။ နာဗုတ်ဟာ အသရေဖျက်သူ နှစ်ယောက်ရဲ့ မဟုတ်မမှန် သက်သေထွက်ဆိုမှုကြောင့် မတရားသဖြင့် ကျောက်ခဲနဲ့ ပေါက်သတ်ခံရကြောင်း သတိရပါ။ (၁ ဘု. ၂၁:၈-၁၃) မှန်ပါတယ်။ သွားပုပ်လေလွင့် ပြောသူဟာ ဝတ်ပြုရာ ၁၉:၁၆ ရဲ့ ဒုတိယပိုင်းမှာ ပြောသလို လူတစ်ယောက်ကို သေကြောင်းကြံမိသလို ဖြစ်နိုင်တယ်။

အဲဒီအပြင် တစ်ယောက်ယောက်အကြောင်း သွားပုပ်လေလွင့် ပြောတာဟာ မုန်းလို့လည်း ဖြစ်နိုင်တယ်။ “ညီအစ်ကိုကို မုန်းတဲ့သူဟာ လူ့အသက်ကို သတ်တဲ့သူ ဖြစ်တယ်။ လူ့အသက် သတ်ရင် ထာဝရအသက် မရနိုင်ဘူးဆိုတာ ခင်ဗျားတို့ သိပါတယ်” လို့ ၁ ယောဟန် ၃:၁၅ မှာ ပြောထားတယ်။ ဝတ်ပြုရာ ၁၉:၁၆ မှာ ပါတဲ့ စကားတွေ ပြောပြီးနောက် “ကိုယ့်ညီအစ်ကိုကို မုန်းတဲ့စိတ် မထားနဲ့” လို့ ဆက်ပြောထားတာ မှတ်သားစရာပါပဲ။—ဝတ်. ၁၉:၁၇။

ဒါကြောင့် ဝတ်ပြုရာ ၁၉:၁၆ ထဲက မိန့်မှာချက်ဟာ ခရစ်ယာန်တွေအတွက်လည်း ပြင်းထန်တဲ့ သတိပေးချက်ပါပဲ။ တခြားသူအကြောင်း မကောင်းတွေးတာ၊ သွားပုပ်လေလွင့် ပြောတာတွေ ရှောင်ရမယ်။ မကြိုက်လို့ ဖြစ်စေ၊ မနာလိုလို့ ဖြစ်စေ သွားပုပ်လေလွင့် ပြောတာဟာ သူ့ကို မုန်းရာရောက်တယ်။ ခရစ်ယာန်တွေဟာ ဘယ်သူ့ကိုမှ မမုန်းရဘူး။—မ. ၁၂:၃၆၊ ၃၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ