ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ မတ် စာ. ၁၄
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဖြစ်နိုင်ပုံပေါက်သည့် ဗောဇနှင့် ရုသတို့၏လက်ထပ်မင်္ဂလာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • “မွန်မြတ်တဲ့ အမျိုးသမီး”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ရုသဝတ္ထုမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ‘မွန်မြတ်သော အမျိုးသမီး’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ မတ် စာ. ၁၄

စာရှုသူများထံမှ မေးခွန်းလွှာ

“မိတ်ဆွေ” ဆိုတဲ့ လူက ရုသကို လက်ထပ်ရင် “အမွေမြေ ဆုံးရှုံး မှာ စိုး” တယ်လို့ ဘာကြောင့် ပြောသလဲ (ရုသ ၄:၁၊ ၆)

ကျမ်းစာခေတ်မှာ အိမ်ထောင်သည် အမျိုးသားတစ်ယောက် ကလေး မရဘဲ သေဆုံးသွားတဲ့အခါ ‘သူ ပိုင်တဲ့ မြေ ဘာဖြစ်သွားမလဲ။ မိသားစုနာမည် အပြီး ပျောက်သွားမလား’ စတဲ့ မေးခွန်းတချို့ ပေါ်လာတယ်။ မောရှေပညတ်မှာ ဒီမေးခွန်းတွေကို အဖြေပေးထားပါတယ်။

လူတစ်ယောက် သေဆုံးသွားရင် ဒါမှမဟုတ် ဆင်းရဲသွားလို့ မြေ ရောင်းလိုက်ရရင် သူ ပိုင်တဲ့ မြေ ဘာဖြစ်သွားမလဲ။ အဲဒီမြေကို ညီအစ်ကို ဒါမှမဟုတ် ဆွေမျိုးနီးစပ်သူက ပြန်ဝယ်ခွင့် ရှိတယ်။ ဒီနည်းအားဖြင့် မြေဟာ မိသားစုအပိုင် ဆက်ဖြစ်နေမယ်။—ဝတ်. ၂၅:၂၃-၂၈။ တော. ၂၇:၈-၁၁။

ဒါက သေဆုံးသူရဲ့ မိသားစုနာမည် မပျောက်ဖို့ ဘယ်လို ကူညီပေးသလဲ။ ရုသအဖြစ်မှာလိုမျိုး မရီး-မတ် ယူရမယ့် အစီအစဉ်အားဖြင့်ပါ။ မုဆိုးမ ဖြစ်သွားတဲ့ မရီးကို ပြန်ယူမှ သေဆုံးသူရဲ့ နာမည်နဲ့ မြေကို ဆက်ခံမယ့် ကလေး ရနိုင်မှာ။ ဒီမေတ္တာပါ အစီအစဉ်ကနေ မုဆိုးမတွေလည်း အကျိုးရကြတယ်။—တရား. ၂၅:၅-၇။ မ. ၂၂:၂၃-၂၈။

နောမိအကြောင်း စဉ်းစားကြည့်ပါ။ ခင်ပွန်း ဧလိမလက်နဲ့ သားနှစ်ယောက် ဆုံးသွားတော့ သူ့ကို စောင့်ရှောက်မယ့် ယောက်ျားသား မရှိတော့ဘူး။ (ရု. ၁:၁-၅) ယုဒပြည် ပြန်ရောက်တော့ ဗောဇကို မြေပြန်ဝယ်ခိုင်းဖို့ ချွေးမ ရုသကို ပြောတယ်။ ဗောဇက ဧလိမလက်ရဲ့ အမျိုး ဖြစ်တယ်။ (ရု. ၂:၁၊ ၁၉၊ ၂၀။ ၃:၁-၄) ဒါပေမဲ့ နောက်ထပ် အမျိုးပိုနီးတဲ့သူ ရှိနေတယ်။ ကျမ်းစာမှာ “မိတ်ဆွေ” လို့ ဖော်ပြထားတယ်။ မြေပြန်ဝယ်မဝယ် အဲဒီလူ အရင်ဆုံး ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။—ရု. ၃:၉၊ ၁၂၊ ၁၃။

အစပိုင်းမှာတော့ “မိတ်ဆွေ” လို့ ခေါ်တဲ့ အဲဒီလူ ကူညီပေးချင်တယ်။ (ရု. ၄:၁-၄) ငွေရင်းရမယ် ဆိုပေမဲ့ ဧလိမလက်ရဲ့ မြေကို အမွေဆက်ခံမယ့် ကလေး မွေးဖို့ နောမိ အရွယ်လွန်သွားပြီကိုး။ ဒီတော့ အဲဒီလူ မြေပိုင်သွားမယ်။ သူ့အမွေမြေ ဖြစ်လာမယ်။ ဒါကြောင့် အကျိုးအမြတ် ရှိမယ့် ရင်းနှီးမြှုပ်နှံမှု ဖြစ်နိုင်တယ်။

ဒါပေမဲ့ ရုသကို ပြန်ယူရမယ်ဆိုတာလည်း သိရော စိတ်ပြောင်းသွားတယ်။ “ကျွန်တော့်အမွေမြေ ဆုံးရှုံးမှာ စိုးလို့ ပြန်မဝယ်တော့ဘူး” လို့ ပြောတယ်။ (ရု. ၄:၅၊ ၆) ဘာကြောင့် စိတ်ပြောင်းသွားသလဲ။

အဲဒီလူဖြစ်ဖြစ်၊ တခြားတစ်ယောက်ဖြစ်ဖြစ် ရုသကို လက်ထပ်လို့ သား မွေးလာရင် ဧလိမလက်ရဲ့ မြေကို အဲဒီသား အမွေရမှာ။ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး ပြန်ဝယ်သူရဲ့ “အမွေမြေ ဆုံးရှုံး” မလဲ။ ကျမ်းစာမှာ ဖော်ပြမထားပေမဲ့ ဖြစ်နိုင်ချေတချို့ ကြည့်ရအောင်။

  • ပထမ၊ ဧလိမလက်ရဲ့ မြေကို သူ မဟုတ်ဘဲ ရုသရဲ့ သား အမွေရမှာ ဖြစ်လို့ မြေဝယ်ဖို့ ရင်းထားတဲ့ ငွေ အလဟဿ ဖြစ်သွားမယ်။

  • ဒုတိယ၊ နောမိကိုကော ရုသကိုပါ တင်ကျွေးထားရမယ်။

  • တတိယ၊ ရုသနဲ့ နောက်ထပ် သားသမီးတွေ ထွန်းကားရင် ရှိပြီးသား သားသမီးတွေ အမွေ ခွဲပေးရမယ်။

  • စတုတ္ထ၊ တကယ်လို့ အဲဒီလူမှာ သားသမီး မရှိရင် ရုသနဲ့ ရတဲ့ သားဟာ ဧလိမလက်ရဲ့ မြေကိုကော အဲဒီလူရဲ့ မြေကိုပါ အမွေဆက်ခံခွင့် ရှိတယ်။ အဲဒီလိုသာဆိုရင် သူ သေဆုံးသွားတဲ့အခါ မြေဟာ သူ့နာမည်နဲ့ မဟုတ်ဘဲ ဧလိမလက်နာမည် ဆက်ခံထားတဲ့ ကလေးရဲ့ နာမည်နဲ့ ကျန်နေခဲ့မှာ။ ဒါကြောင့် နောမိကို ကူညီဖို့အရေး အမွေမြေကို မရင်းရဲဘူး ဖြစ်နေတာ။ ပြန်ဝယ်ခွင့်ရှိသူ နောက်တစ်ယောက် ဖြစ်တဲ့ ဗောဇကို အခွင့်အရေး ပေးလိုက်တယ်။ “အမွေမြေကို [ကွယ်လွန်သူရဲ့] နာမည်နဲ့ ဆက်ရှိစေ” ချင်လို့ ဗောဇ လက်ခံလိုက်တယ်။—ရု. ၄:၁၀။

မိတ်ဆွေဆိုတဲ့ လူဟာ ကိုယ့်နာမည်နဲ့ အမွေမြေကို ထိန်းသိမ်းဖို့ပဲ စိတ်ဝင်စားတာ ထင်ရှားတယ်။ တစ်ကိုယ်ကောင်းဆန်သူပါပဲ။ ဒါပေမဲ့ နာမည် ထိန်းသိမ်းဖို့ ကြိုးစားခဲ့သလောက် သူ ဘယ်သူလဲဆိုတာတောင် ဒီနေ့ ကျွန်တော်တို့ မသိကြဘူး။ မေရှိယရဲ့ ဘိုးဘေး ဖြစ်ခွင့်ဆိုတဲ့ ဗောဇ ရတဲ့ အခွင့်ထူးကို သူ လက်လွတ်သွားတယ်။ အကူအညီ လိုအပ်သူကို မကူညီဘဲ တစ်ကိုယ်ကောင်းဆန်ဆန် ခေါင်းရှောင်မှုရဲ့ ရလဒ်ပါပဲ။—မ. ၁:၅။ လု. ၃:၂၃၊ ၃၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ