ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၄/၁၅ စာ. ၃၂
  • ခုတ်လှဲခံရတဲ့ သစ်ပင် အညှောက် ပြန်ပေါက် နိုင်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခုတ်လှဲခံရတဲ့ သစ်ပင် အညှောက် ပြန်ပေါက် နိုင်သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်၏ အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ရှင်ပြန်ထမြောက်ခြင်းကို ယောဘ ယုံကြည်စိတ်ချခဲ့
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၆
  • ‘ဘုရားသခင်၏ဉာဏ်ပညာသည် အလွန်နက်နဲလှပေစွ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • မြေထဲပင်လယ်ဒေသမှ ရွှေဝါရောင်ဆီ
    နိုးလော့!—၂၀၀၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၄/၁၅ စာ. ၃၂
ခုတ်လှဲခံရတဲ့သစ်ပင် အညှောက်ပြန်ပေါက်

ခုတ်လှဲခံရတဲ့ သစ်ပင် အညှောက် ပြန်ပေါက် နိုင်သလား

လက်ဘနွန်တောင်ပေါ်က လှပတဲ့စီဒါထင်းရှူးပင်နဲ့ယှဉ်ရင် ဖုထစ်လိမ်ကျစ်နေတဲ့ သံလွင်ပင်ဟာ ဘာမှအထင်ကြီးစရာရှိပုံမရဘူး။ ဒါပေမဲ့ သံလွင်ပင်ဟာ အဆိုးဝါးဆုံးအခြေအနေမှာတောင် ဆက်ရှင်သန်နိုင်စွမ်းရှိတယ်။ တချို့အပင်တွေဆိုရင် နှစ်ပေါင်း ၁,၀၀၀ လောက် ရှင်သန်တယ်။ သံလွင်ပင်ရဲ့ အမြစ်တွေဟာ မြေကြီးအောက်ပိုင်းထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်တယ်။ ဒါကြောင့် ပင်စည်ကို ခုတ်လှဲလိုက်ရင်တောင် အညှောက်ပြန်ထွက်နိုင်တယ်။ အမြစ်တွေ ရှင်သန်နေသရွေ့ အပင်ပြန်ပေါက်နိုင်တယ်။

ရှေးသစ္စာရှိ ဘိုးဘေးယောဘက သူသေဆုံးသွားတဲ့အခါ အသက်ပြန်ရှင်မယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ (ယောဘ ၁၄:၁၃-၁၅) လူသေတွေကို ထမြောက်ပေးနိုင်တဲ့ ဘုရားသခင့်အစွမ်းအစကို ယုံကြည်စိတ်ချတယ်ဆိုတာ ဖော်ပြဖို့ အပင်ဥပမာကို သူအသုံးပြုခဲ့တယ်။ သံလွင်ပင်ကို အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်။ ‘သစ်ပင်မှာတောင် မျှော်လင့်ချက်ရှိသေးတာပဲ။ ခုတ်လှဲလိုက်ရင် အညှောက်ပြန်ပေါက်လာလိမ့်မယ်’ လို့ သူပြောတယ်။ ခြောက်သွေ့ရာသီပြီးနောက် မိုးပြန်ရွာလာတဲ့အခါ ခြောက်သွေ့နေတဲ့ သံလွင်ပင်အငုတ်ဟာ ပြန်ရှင်လာပြီး “အပင်ပေါက်လေးလို အခက်အလက်တွေ ထွက်လာ” နိုင်တယ်။—ယောဘ ၁၄:၇-၉၊ ကဘ။

ခြံပိုင်ရှင်ဟာ ခုတ်လှဲခံရတဲ့သံလွင်ပင် ပြန်ရှင်လာတာကို တွေ့မြင်ချင်စိတ် ပြင်းပြသလို ယေဟောဝါဘုရားသခင်လည်း သူ့ကျေးကျွန်တွေနဲ့ တခြားသူတွေကို ထမြောက်ပေးချင်စိတ် ပြင်းပြနေတယ်။ (မ. ၂၂:၃၁၊ ၃၂; ယော. ၅:၂၈၊ ၂၉; တ. ၂၄:၁၅) သေဆုံးသွားသူတွေ အသက်ပြန်ရှင်လာတာကို မြင်ရတဲ့အခါ၊ သူတို့ကို ပြန်ကြိုဆိုရတဲ့အခါ ဘယ်လောက်ဝမ်းသာစရာကောင်းမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ