ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၄၁
  • ငါ့ဒေါသကို ဘယ်လိုထိန်းနိုင်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါ့ဒေါသကို ဘယ်လိုထိန်းနိုင်မလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမေးပုစ္ဆာ
  • ဘာကြောင့်အရေးအကြီး
  • လုပ်ဆောင်နိုင်ရာ
  • ငါ့ရဲ့ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲ
    နိုးလော့!—၂၀၀၉
  • ဒေါသကို ချိုးနှိမ်နိုင်ပုံ
    နိုးလော့!—၂၀၁၅
  • ဒေါသနဲ့ပတ်သက်ပြီး ကျမ်းစာ ဘာဆိုထားသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သင့်စိတ်ဓာတ်ကိုထိန်းချုပ်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၄၁
ဆယ်ကျော်သက်လူငယ်လေးရဲ့ မျက်နှာက ၁။ အေးဆေးတည်ငြိမ်၊ ၂။ စိတ်အနှောင့်အယှက်ဖြစ်၊ ၃။ ဒေါသထွက်နေတာကို ဖော်ပြ

လူငယ်များအမေး

ငါ့ဒေါသကို ဘယ်လိုထိန်းနိုင်မလဲ

  • အမေးပုစ္ဆာ

  • ဘာကြောင့်အရေးကြီး

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူချင်းတွေပြောဆိုရာ

အမေးပုစ္ဆာ

  • သင့်ရဲ့ ဒေါသထွက်တတ်တဲ့ အခြေအနေကို ဘယ်လိုဖော်ပြမလဲ

    • ဒေါသမထွက်သလောက်

    • တစ်ခါတလေ

    • နေ့တိုင်း

  • ဘယ်လောက်အတိုင်းအတာအထိ ဒေါသထွက်တတ်သလဲ

    • စိတ်အနှောင့်အယှက်ဖြစ်

    • စိတ်တို

    • ဒေါသပေါက်ကွဲ

  • ဘယ်သူတွေကို စိတ်ဆိုးလေ့ရှိသလဲ

    • မိဘ

    • မွေးချင်း

    • သူငယ်ချင်း

ဒေါသကိုထိန်းချုပ်ဖို့ လိုအပ်တဲ့အကူအညီကို ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။ အရင်ဆုံး၊ ဒေါသထွက်စရာအခြေအနေ ကြုံရတဲ့အခါ ဘာကြောင့် စိတ်အေးအေးထားဖို့ အရေးကြီးတာလဲဆိုတဲ့ အကြောင်းရင်းတချို့ကို သုံးသပ်ကြည့်ရအောင်။

ဘာကြောင့်အရေးအကြီး

ကိုယ်တိုင်ရဲ့ ကောင်းကျိုးအတွက်ပါ။ သုတ္တံ ၁၄:၃၀ (ကဘ) မှာ ဒီလိုပြောထားတယ်- ‘အေးဆေးတည်ငြိမ်တဲ့စိတ်နှလုံးက ကိုယ်ခန္ဓာကို အသက်ရှင်စေတယ်။’ အဲဒါနဲ့ဆန့်ကျင်ဘက်ကတော့ “ဒေါသကြီးတဲ့သူကတော့ နှလုံးရောဂါတွေ ရတတ်တယ်” လို့ စာအုပ်တစ်အုပ် (Journal of Medicine and Life) မှာ ဆိုထားတယ်။

သူငယ်ချင်းတွေဆုံးရှုံးနိုင်တယ်။ “စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့်အတူ မလိုက်နှင့်” လို့ ကျမ်းစာမှာ ပြောထားတယ်။ (သုတ္တံ ၂၂:၂၄) ကိုယ်က ဒေါသထွက်လွယ်တဲ့သူဖြစ်လို့ လူတွေက ကိုယ့်ကို အပေါင်းအသင်းမလုပ်ချင်ကြဘူးဆိုရင် မအံ့ဩပါနဲ့။ “ဒေါသကို မထိန်းတတ်ဘူးဆိုရင် တကယ်ကောင်းတဲ့ အပေါင်းအသင်းတွေ ဆုံးရှုံးသွားနိုင်တယ်” လို့ ဂျက်စမင်လို့ခေါ်တဲ့ မိန်းမငယ်လေးက ပြောတယ်။

နာမည်ပျက်နိုင်တယ်။ “ကိုယ်က ဒေါသထွက်လွယ်တဲ့သူ ဖြစ်မယ်ဆိုရင် အဲဒါကို လူတွေမြင်ပြီး ကိုယ်ဘယ်လိုလူစားလဲဆိုတာကို သတ်မှတ်လိမ့်မယ်” လို့ ၁၇ နှစ်အရွယ် အီသန် ကပြောတယ်။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ- “ကိုယ့်ကို ရန်ငြိမ်းစေတဲ့သူအဖြစ် လူသိစေချင်သလား၊ ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးနဲ့တူတဲ့သူလို့ သိစေချင်သလား။ ‘ဒေါသထွက်နှေးသူဟာ ပိုင်းခြားသိမြင်မှုကြွယ်ဝသူဖြစ်တယ်။ စိတ်မရှည်သူကတော့ ကိုယ့်မိုက်မဲမှုကို ဖော်ပြတတ်တယ်’ လို့ ကျမ်းစာမှာ ပြောထားတယ်။​—သုတ္တံ ၁၄:၂၉၊ ကဘ။

ဆယ်ကျော်သက်လူငယ်လေး ဒေါသထွက်တဲ့အခါ သူ့သူငယ်ချင်းတွေ ရှောင်ထွက်သွား

ဒေါသပေါက်ကွဲလွယ်တဲ့ လူတစ်ယောက်နားမှာ ဘယ်သူကမှ မနေချင်ဘူး

လုပ်ဆောင်နိုင်ရာ

အောက်ပါကျမ်းချက်တွေနဲ့ မှတ်ချက်တွေကိုဖတ်ပြီး ဖော်ပြထားတဲ့ မေးခွန်းတွေကို ဖြေပါ။

  • သုတ္တံ ၂၉:၂၂၊ ခမ– “ဒေါသကြီးတတ်သောသူသည် ခိုက်ရန်ဖြစ်ပွားစေတတ်၏။ အမျိုးမျိုးသောကျူးလွန်မှုကိုလည်း ပြုတတ်လေသည်။”

    “ဆယ်ကျော်သက်တုန်းကဆိုရင် ကျွန်မဒေါသကို ထိန်းဖို့ တကယ်ခက်တယ်။ ကျွန်မအဖေဘက်က အမျိုးတွေလည်း အဲဒီလိုပဲ။ ကျွန်မတို့အားလုံး မျိုးရိုးလိုက်တယ်လို့ ထင်တယ်။ ကျွန်မတို့တွေ ဒေါသကို ဘယ်လိုမှ မထိန်းချုပ်နိုင်ကြဘူး။”​—ကယ်ရီ။

    ငါက အလွယ်တကူ ဒေါသထွက်တတ်သူလား။ ကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးအတွက်တော့ ဂုဏ်ယူပြီး မကောင်းတဲ့အကျင့်တွေအတွက် မျိုးရိုးလိုက်ပါတယ်လို့ အပြစ်ဖို့တာက သင့်တော်ရဲ့လား။

  • သုတ္တံ ၁၅:၁၊ ကဘ– ‘နူးညံ့သိမ်မွေ့စွာ ပြန်ပြောတဲ့စကားက ဒေါသကိုပြေစေတယ်။ ကြမ်းတမ်းတဲ့စကားကတော့ ဒေါသကိုဆွပေးတယ်။’

    “အဓိက,ကတော့ ကိုယ့်ရဲ့ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းရှိဖို့ပဲ။ ကိုယ်က နူးညံ့သိမ်မွေ့မှုပြမယ်၊ အကောင်းမြင်ဖို့ ကြိုးစားမယ်ဆိုရင် ဒေါသထွက်လွယ်မှာ မဟုတ်သလို အမှားလုပ်မိမှာလည်း မဟုတ်တော့ဘူး။”​—ဒါယဲလ်။

    ရန်စခံရတဲ့အခါ ငါ့ရဲ့တုံ့ပြန်ပုံက ဘာကြောင့် အရေးကြီးသလဲ။

  • သုတ္တံ ၂၆:၂၀၊ ခမ– “ထင်းမရှိလျှင် မီးသေတတ်၏။”

    “ကျွန်မဘက်က ကြင်နာစွာပြန်တုံ့ပြန်တဲ့အခါ တစ်ဖက်သားပါ အေးအေးဆေးဆေး ဖြစ်သွားတယ်။ စိတ်ဆိုးရန်ဖြစ်ကြမယ့်အစား အေးအေးဆေးဆေး ဖြေရှင်းနိုင်သွားတယ်။”​—ဂျက်စမင်။

    ငါ့ရဲ့အပြောအဆိုနဲ့လုပ်ရပ်က ဒေါသကို ပိုပြီး ထွက်စေသလား။

  • သုတ္တံ ၂၂:၃၊ ခမ– “စဉ်းစားဉာဏ်ရှိသူတို့သည် မိမိတို့ကြုံတွေ့ရမည့်ဒုက္ခကို ကြိုတင်တွေ့မြင်၍ ရှောင်ရှားတတ်ကြ၏။ စဉ်းစားဉာဏ်မဲ့သူတို့မူကား ဒုက္ခနှင့် ထိပ်တိုက်ဝင်၍ တိုးပြီးကာမှ နောင်တရတတ်ကြလေသည်။”

    “တစ်ခါတလေ အဲဒီနေရာကနေ ရှောင်ထွက်သွားပြီး ဖြစ်ခဲ့တာတွေကို အချိန်ပေးစဉ်းစားတယ်။ စိတ်တည်ငြိမ်သွားတဲ့နောက်ပိုင်းမှ အဲဒါကို ကောင်းကောင်းဖြေရှင်းနိုင်တယ်။”​—ဂယ်ရီ။

    တခြားသူကို မသိကျိုးကျွန်ပြုပြီး ထွက်သွားတဲ့ပုံစံမျိုးမပေါက်စေဘဲ တင်းမာနေတဲ့ အခြေအနေကနေ ရှောင်ထွက်သွားဖို့ ဘယ်အချိန်က အကောင်းဆုံးဖြစ်မလဲ။

  • ယာကုပ် ၃:၂– “ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။”

    “အမှားတွေအတွက် နောင်တရသင့်သလို သင်ခန်းစာလည်း ယူသင့်တယ်။ ဒေါသထွက်မိသွားပြီဆိုရင်လည်း နောက်တစ်ခေါက် ဒေါသကို ဘယ်လို ထိန်းမလဲဆိုတာ ကြိုတင်ဆုံးဖြတ်ထားသင့်တယ်။”​—ကယ်ရီ။

အကြံပြုချက်– တစ်လလောက် ဒေါသကို ထိန်းနိုင်အောင် ကြိုးစားမယ်လို့ ပန်းတိုင်ချကြည့်ပါ။ တိုးတက်မှုရှိမရှိ စာအုပ်ထဲမှာ မှတ်ထားပြီး မကြာမကြာ စစ်ဆေးကြည့်ပါ။

ရွယ်တူချင်းတွေပြောဆိုရာ

အယ်လစ်ဆာ

“စိတ်မဆိုးဘဲ နေနိုင်သူတွေဟာ ပျော့ညံ့တဲ့သူလို့ ကျွန်မထင်ခဲ့တာ။ အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေး ဖြစ်တဲ့ နှိမ့်ချမှုကို သူတို့ တင်ပြနေကြတယ်ဆိုတာ အခုတော့ သိလိုက်ရတယ်။ ဒေါသမထွက်အောင် ထိန်းချုပ်ရတာ မလွယ်ပေမဲ့ ကြိုးစားရကျိုးနပ်ပါတယ်။”​—အယ်လစ်ဆာ။

အဲရစ်ခ်

“အသက်ဝဝရှူသွင်းလိုက်တာက ကျွန်တော့်ကို စဉ်းစားဖို့ အချိန်ရစေတဲ့အပြင် နောင်တရစေတဲ့ လုပ်ရပ်မျိုး မလုပ်မိအောင် ကူညီပေးတယ်။ ဒေါသထွက်လို့ ပြဿနာ ဖြေရှင်းနိုင်တာ မဟုတ်ပါဘူး။ အဲဒီအစား အခြေအနေကို ပိုဆိုးစေတယ်။”​—အဲရစ်ခ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ