ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၈၉
  • လိင်ကိစ္စအကြောင်း မတွေးမိအောင် ဘယ်လို လုပ်နိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လိင်ကိစ္စအကြောင်း မတွေးမိအောင် ဘယ်လို လုပ်နိုင်သလဲ
  • လူငယ်များအမေး
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် အရေးကြီးသလဲ
  • ဘာကြောင့် ဒီလောက် ခက်သလဲ
  • လုပ်ဆောင်နိုင်ရာ
  • အချစ်နယ်ကျွံဖို့ ရွယ်တူတွေ ဖိအားပေးတဲ့အခါ ဘယ်လို တွန်းလှန်နိုင်မလဲ
    လူငယ်များအမေး
  • သင့်သားသမီးတွေကို လိင်အကြောင်း ပြောပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • လိင်ကိစ္စနဲ့ပတ်သက်ပြီး ငါ့ရဲ့သဘောထားအမြင်ကို ဘယ်လိုရှင်းပြနိုင်မလဲ
    လူငယ်များအမေး
  • ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကို ဘယ်လိုရှုမြင်သင့်ပါသလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၈၉
ဆယ်ကျော်သက်ကောင်လေးရဲ့ ပတ်ပတ်လည်မှာ လိင်အသားပေး ကြော်ငြာတွေကို တွေ့ရစဉ်။ ဆယ်ကျော်သက်ကောင်မလေးက အချစ်ဇာတ်ကားပိုစတာ ကပ်ထားတဲ့ ရုပ်ရှင်ရုံရှေ့က အတွဲကို ကြည့်နေစဉ်။

လူငယ်များအမေး

လိင်ကိစ္စအကြောင်း မတွေးမိအောင် ဘယ်လို လုပ်နိုင်သလဲ

“လိင်ကိစ္စအကြောင်း ခေါင်းထဲ ဝင်လာတာနဲ့ တခြား ဘာမှ မစဉ်းစားတော့ဘူး။ အဲဒါကိုပဲ အတွေးနယ်ချဲ့နေမိတယ်။ တစ်ယောက်ယောက်က ကျွန်မ ဦးနှောက်ကို ထိန်းချုပ်ထားသလိုပဲ။”—ဗီရာ။

“လိင်ကိစ္စအကြောင်း မတွေးမိဘဲ မနေနိုင်ဘူး။ ငှက်လို ပျံခိုင်းတာကမှ လွယ်ဦးမယ်။”—ဂျွန်။

ဗီရာနဲ့ ဂျွန်လို ခံစားနေရသလား။ ခံစားနေရရင် ဒီဆောင်းပါးက ကူညီပေးနိုင်ပါတယ်။

  • ဘာကြောင့် အရေးကြီးသလဲ

  • ဘာကြောင့် ဒီလောက် ခက်သလဲ

  • လုပ်ဆောင်နိုင်ရာ

  • ရွယ်တူတွေ အဆို

ဘာကြောင့် အရေးကြီးသလဲ

“ဘုရားက လိင်ဆန္ဒ ပေးထားမှတော့ ဖြည့်ဆည်းစေချင်လို့ပေါ့ဆိုပြီး ကျွန်တော့်ဦးလေး ပြောတယ်” လို့ လူငယ် အဲလက် ဆိုတယ်။

အဲလက်ရဲ့ ဦးလေး ပြောတာ တစ်စိတ်တစ်ပိုင်းတော့ မှန်ပါတယ်။ လိင်ဆန္ဒကို ဘုရားပေးရတဲ့ အကြောင်းကောင်း ရှိတယ်။ အဲဒီဆန္ဒရှိလို့သာ ယနေ့အချိန်အထိ လူသားမျိုးနွယ် တည်ရှိနေတာပါ။ ဒါဆိုရင် လိင်ကိစ္စအကြောင်း တွေးမနေအောင် ဘာကြောင့် ထိန်းချုပ်သင့်သလဲ။ ဒီအကြောင်းရင်း နှစ်ခုကြောင့် ဖြစ်တယ်–

  • လိင်မှုကိစ္စဟာ လက်ထပ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးအတွက်ပဲ ဘုရားသခင် ရည်ရွယ်တယ်လို့ ကျမ်းစာက သွန်သင်တယ်။—ကမ္ဘာဦး ၁:၂၈။ ၂:၂၄။

    သင်ဟာ တစ်ကိုယ်ရေ ဖြစ်ပြီး ဘုရားသခင် ချမှတ်ထားတဲ့ ကိုယ်ကျင့်တရားစံနှုန်းကို လေးစားသူဆိုရင် လိင်ကိစ္စအကြောင်း စဉ်းစားနေတာက စိတ်ပျက်စေရုံပဲ အဖတ်တင်မယ်။ လိင်ကိစ္စ သွေးဆောင်ခံရတဲ့အခါ အလျှော့ပေးမိသွားနိုင်တယ်။ နောက်မှ နောင်တရကြတယ်လို့ လူအများ ဆိုကြတယ်။

  • လိင်ကိစ္စအကြောင်း မတွေးမိအောင် ထိန်းချုပ်နိုင်ရင် ချုပ်တည်းခြင်းကို မွေးမြူရာ ရောက်တယ်။—၁ ကောရိန္သု ၉:၂၅။

ချုပ်တည်းခြင်းဟာ အခုရော၊ နောင်အနာဂတ်မှာပါ အောင်မြင်စေတဲ့ အဓိက အရည်အသွေး ဖြစ်တယ်။ လေ့လာမှုတစ်ခုအရ ချုပ်တည်းတတ်တဲ့ ကလေးတွေဟာ ကြီးလာတဲ့အခါ ကျန်းမာရေးပြဿနာ၊ ငွေကြေးအခက်အခဲ၊ ဥပဒေမလိုက်နာခြင်း အဖြစ်နည်းကြတယ်။a

ဘာကြောင့် ဒီလောက် ခက်သလဲ

လိင်ကိစ္စ စွဲလမ်းတဲ့ လောကမှာ နေထိုင်နေရတဲ့အပြင် လူငယ်ဘဝ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်လည်း လိင်ကိစ္စအကြောင်း မတွေးမိအောင် နေဖို့ ခက်တယ်။

“တီဗီအစီအစဉ် အားလုံးလိုလိုမှာ လက်မထပ်ဘဲ လိင်ဆက်ဆံတာကို ဘာဆိုးကျိုးမှ မရှိသယောင် အကောင်းဘက်ကနေ တင်ဆက်နေကြတယ်။ ဆိုးကျိုးမရှိတဲ့ပုံမျိုး တင်ဆက်ထားလို့ မတော်လျော်တာတွေကို အလွယ်တကူ တွေးမိသွားတယ်။”—ရုသ်။

“အလုပ်မှာ လိင်ကိစ္စအကြောင်း ပေါ့ပျက်ပျက် ပြောဆိုနေကြတာ ကြားရဖန်များတော့ ကိုယ်လည်း စပ်စုချင်လာတယ်။ လက်မထပ်ဘဲ လိင်ဆက်ဆံတာကို သာမန်ကိစ္စလို့ မြင်လာတယ်၊ မှားတယ်လို့ မမြင်တော့ဘူး။”—နီကိုးလ်။

“လူမှုမီဒီယာမှာ တင်ထားတဲ့ ပုံတွေကို ကြည့်နေတဲ့အခါ သတိလက်လွတ် ဖြစ်သွားတတ်တယ်။ လိင်ကိစ္စ ရုပ်ပုံတစ်ပုံ မြင်လိုက်တာနဲ့ ဦးနှောက်ထဲမှာ စွဲသွားပြီး မေ့ပျောက်ပစ်ဖို့ ခက်သွားပြီ။”—မာရီယာ။

အဲဒီအကြောင်းရင်းတွေကြောင့် တမန်တော်ပေါလု ပြောသလို ခံစားရနိုင်တယ်။ သူ ဒီလိုရေးခဲ့တယ်– “မှန်တာကို လုပ်ချင်တဲ့အခါ မကောင်းတာလုပ်ချင်စိတ်က ကျွန်တော့်ဆီမှာ ရှိနှင့်နေတယ်။”—ရောမ ၇:၂၁။

မကောင်းတဲ့အတွေးတွေက ဆယ်ကျော်သက် လူငယ်အများစုရဲ့ ခေါင်းပေါ်မှာ ငှက်သိုက်တွေလို ရှိနေကြတယ်။ လူငယ်တစ်ယောက်ကတော့ ငှက်သိုက် လာဆောက်တာကို လက်မခံဘူး။

မကောင်းတဲ့ အတွေးတွေ အသိုက်အမြုံ ဖြစ်လာခွင့် မပြုပါနဲ့

လုပ်ဆောင်နိုင်ရာ

တခြားအကြောင်းအရာ ပြောင်းပြီး စဉ်းစားပါ။ လိင်ကိစ္စ မဟုတ်ဘဲ တခြားအရာကို အာရုံစိုက်ဖို့ ကြိုးစားပါ။ ဝါသနာ၊ အားကစား၊ လေ့ကျင့်ခန်း၊ စိတ်ဝင်စားတဲ့အရာတစ်ခုခု လုပ်နိုင်ပါတယ်။ “ကျမ်းစာ ဖတ်ခြင်းက အကူအညီ ဖြစ်စေတယ်။ ဘုရားနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ပါတဲ့အတွက် ဘုရားအကြောင်း စဉ်းစားလာတဲ့အခါ တခြားအရာကို မစဉ်းစားမိတော့ဘူး” လို့ မိန်းမငယ် ဗယ်လရီ ပြောတယ်။

လိင်ကိစ္စအကြောင်း ခေါင်းထဲ ဝင်လာနိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီအတွေးတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ သင့်အပေါ်ပဲ မူတည်တယ်။ ဆန္ဒရှိရင် လိင်ကိစ္စကို အတွေးထဲကနေ ဖျောက်ဖျက်ပစ်နိုင်ပါတယ်။

“လိင်ကိစ္စအကြောင်း အတွေးဝင်လာတာနဲ့ တခြားအကြောင်းအရာကို ပြောင်းတွေးဖို့ ကြိုးစားတယ်။ ဘယ်အရာက လိင်ကိစ္စအတွေး ပေါ်စေသလဲဆိုတာ သိအောင်လုပ်တယ်။ သီချင်းကြောင့်ဆိုရင် သီချင်းကို ဖျက်ပစ်တယ်။ ရုပ်ပုံကြောင့်ဆိုရင် ရုပ်ပုံကို ဖျက်ပစ်တယ်။”—ဟယ်လီနာ။

ကျမ်းစာအခြေခံမူ။ “ဖြောင့်မတ်တဲ့အရာ၊ စင်ကြယ်တဲ့အရာ ... မှန်သမျှကို အမြဲ ဆင်ခြင်သုံးသပ်နေကြပါ။”—ဖိလိပ္ပိ ၄:၈။

ကောင်းတဲ့ အပေါင်းအသင်းတွေ ရွေးချယ်ပါ။ သူငယ်ချင်းတွေက လိင်ကိစ္စအကြောင်းပဲ တစ်ချိန်လုံး ပြောနေရင် သန့်ရှင်းတဲ့အတွေး တွေးဖို့ ခက်ပါလိမ့်မယ်။

“ဆယ်ကျော်သက်အရွယ်တုန်းက မကောင်းတာတွေ မတွေးမိအောင် မနည်းကြိုးစားရတယ်။ ပြဿနာကတော့ ကျွန်မရဲ့ အပေါင်းအသင်းတွေပေါ့။ မကောင်းတဲ့ဆန္ဒကို အားပေးသူတွေနဲ့ ပေါင်းသင်းနေမယ်ဆိုရင် မီးလောင်ရာလေပင့်သလို ဖြစ်သွားတတ်တယ်။”—စယ်ရာ။

ကျမ်းစာ အခြေခံမူ။ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာရှိလာမယ်။ လူမိုက်နဲ့ ပေါင်းဖော်ရင်တော့ ဒုက္ခလှလှ တွေ့လိမ့်မယ်။”—ပညာအလိမ္မာ ၁၃:၂၀။

မတော်လျော်တဲ့ ဖျော်ဖြေမှုကို ရှောင်ပါ။ ဖျော်ဖြေမှုတိုင်းလိုလိုမှာ လိင်ကိစ္စအကြောင်း တင်ဆက်တတ်ကြတယ်။ “ကျွန်မအတွက် အဓိကပြဿနာက တေးသီချင်းပဲ။ ဆန္ဒတွေ ပြင်းထန်လာစေနိုင်တယ်” လို့ နီကိုးလ် ပြောတယ်။

“လိင်ကိစ္စ အသားပေးတဲ့ ရုပ်ရှင်တွေ၊ တီဗီအစီအစဉ်တွေကို ကျွန်မ စကြည့်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သတိမထားမိလိုက်ခင်မှာပဲ လိင်ကိစ္စအကြောင်း အတော်တွေးနေမိပြီ။ အဲဒီလိုတွေးမိတာ ခြေရာခံဖို့ လွယ်ပါတယ်။ အဲဒီရုပ်ရှင်တွေ၊ တီဗီအစီအစဉ်တွေ ဖြတ်လိုက်တဲ့အခါ လိင်ကိစ္စအကြောင်း သိပ်မတွေးဖြစ်တော့ဘူး။ ဖျော်ဖြေမှုကို စိစစ်လိုက်တာက မတော်လျော်တာတွေ မတွေးဖို့ လွယ်သွားတယ်။”—ဂျိုအန်း။

ကျမ်းစာအခြေခံမူ။ “လိင်အကျင့်ယိုယွင်းခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်း၊ လောဘကြီးခြင်းအကြောင်းတွေကို စကားနဲ့တောင် မပြောကြနဲ့။”—ဧဖက် ၅:၃။

အဓိကအချက်။ တချို့သူတွေက လိင်ဆန္ဒတွေကို မထိန်းချုပ်သင့်ဘူး၊ မထိန်းချုပ်နိုင်ဘူးလို့ ထင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ အဲဒီလို မဆိုထားဘူး။ အတွေးတွေကို ထိန်းချုပ်နိုင်တယ်ဆိုပြီး ကျွန်တော်တို့ကို ဂုဏ်တင်ထားတယ်။

ကျမ်းစာအခြေခံမူ။ “စိတ်သဘောကို အသစ်ဖြစ်အောင် အမြဲပြုပြင်နေရမယ်။”—ဧဖက် ၄:၂၃။

ရွယ်တူတွေ အဆို

တိုင်လာ

“ဖျော်ဖြေမှုတွေက မတော်လျော်တာတွေ တွေးဖို့ ရည်ရွယ်ထုတ်လုပ်ထားပုံ ရတယ်။ ကိုယ့်ပတ်ဝန်းကျင်၊ ကြည့်ရှုတဲ့အရာတွေကို အတတ်နိုင်ဆုံး စိစစ်သင့်တယ်။ မတော်လျော်တဲ့ ဆန္ဒတွေ ကြီးထွားစေတဲ့ အခြေအနေတွေကို ရှောင်သင့်တယ်။”—တိုင်လာ။

ရတီ

“ဆုတောင်းပြီး ကျမ်းစာ မှန်မှန် ဖတ်ရှုလေ့လာမယ်ဆိုရင် ချုပ်တည်းတတ်လာမယ်။ ဒီလိုမှ မဟုတ်ရင် မတော်လျော်တဲ့ အတွေးတွေနဲ့ပဲ နစ်မွန်းနေမှာ။”—ရတီ။

ပြန်လည်သုံးသပ်ချက်။ လိင်ကိစ္စအကြောင်း မတွေးမိအောင် ဘယ်လို လုပ်နိုင်သလဲ

  1. ၁။ တခြားအကြောင်းအရာ ပြောင်းပြီး စဉ်းစားပါ။

  2. ၂။ ကောင်းတဲ့ အပေါင်းအသင်းတွေ ရွေးချယ်ပါ။

  3. ၃။ မတော်လျော်တဲ့ ဖျော်ဖြေမှုကို ရှောင်ပါ။

စဉ်းစားကြည့်ပါ။ ဘယ်ကဏ္ဍမှာ တိုးတက်ဖို့ လိုနေသလဲ။

a အိမ်ထောင်ပြုပြီးနောက်မှာလည်း ချုပ်တည်းခြင်းရှိဖို့ လိုတယ်။ ဒါကြောင့် အခု တစ်ကိုယ်ရေဘဝမှာ ချုပ်တည်းခြင်းကို မွေးမြူထားသင့်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ