ဆာလံ
၁၁၄ အီဂျစ်ပြည်ကနေ အစ္စရေး ထွက်လာတဲ့အခါ၊+
တိုင်းတစ်ပါးစကား ပြောသူတွေထဲကနေ ယာကုပ်အမျိုး ထွက်လာတဲ့အခါ၊
၂ ယုဒဟာ သန့်ရှင်းရာဌာနတော် ဖြစ်လာတယ်။
အစ္စရေးဟာ ဘုရားရဲ့ပိုင်နက် ဖြစ်လာတယ်။+
၃ ဒါကိုမြင်တော့ ပင်လယ်က ထွက်ပြေးတယ်။+
ဂျော်ဒန်မြစ်ကလည်း ပြန်လှည့်သွားတယ်။+
၄ တောင်တန်းတွေက သိုးထီးတွေလို၊
တောင်ကုန်းတွေက သိုးသငယ်တွေလို ခုန်ပေါက်တယ်။+
၅ အို ပင်လယ်၊ ဘာလို့ ထွက်ပြေးတာလဲ။+
အို ဂျော်ဒန်မြစ်၊ ဘာလို့ ပြန်လှည့်သွားတာလဲ။+
၆ တောင်တန်းတို့၊ သိုးထီးတွေလို ဘာလို့ ခုန်ပေါက်နေတာလဲ။
တောင်ကုန်းတို့၊ သိုးသငယ်တွေလို ဘာလို့ ခုန်ပေါက်နေတာလဲ။
၇ အို ကမ္ဘာမြေ၊ ယာကုပ်ရဲ့ ဘုရားသခင်ကြောင့်၊
ငါတို့ရဲ့သခင်ကြောင့် တုန်လှုပ်ပါ။+
၈ ဘုရားက ကျောက်ဆောင်ကို ကျူပင်ပေါတဲ့ရေအိုင် ဖြစ်စေတယ်။
မီးခတ်ကျောက်ကို စမ်းရေ ဖြစ်စေတယ်။+