ဆာလံ
ချီတက်သီချင်း။ ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။
၁၂၂ “ယေဟောဝါရဲ့ အိမ်တော်ကို သွားကြစို့” လို့
ပြောကြတဲ့အခါ ငါပျော်လိုက်တာ။+
၂ အို ဂျေရုဆလင်၊
အခု မင်းရဲ့မြို့တံခါးတွေထဲ ငါတို့ ရောက်နေပြီ။+
၃ ဂျေရုဆလင်ဟာ တစ်စုတစ်စည်းတည်း ဖြစ်အောင်
တည်ဆောက်ထားတဲ့မြို့ပဲ။+
၄ အစ္စရေးတွေကို ပေးထားတဲ့ သတိပေးချက်အတိုင်း
ယေဟောဝါရဲ့ မျိုးနွယ်တွေက
ယေဟောဝါရဲ့နာမည်ကို ကျေးဇူးတင်ချီးမွမ်းဖို့
မြို့ကို တက်သွားကြတယ်။+
၆ ဂျေရုဆလင် ငြိမ်းချမ်းဖို့ ဆုတောင်းကြပါ။+
အို မြို့တော်၊ မင်းကို ချစ်မြတ်နိုးသူတွေ ဘေးကင်းလုံခြုံလိမ့်မယ်။
၇ မင်းရဲ့ ခံစစ်ကုန်းရိုးတွေမှာ ငြိမ်သက်ခြင်း အမြဲရှိနေပါစေ။
ခံတပ်မျှော်စင်တွေမှာ ဘေးကင်းလုံခြုံမှု အမြဲရှိနေပါစေ။
၈ “မင်းဆီမှာ ငြိမ်သက်ခြင်း ရှိပါစေ” လို့
ညီအစ်ကိုတွေ၊ အပေါင်းအသင်းတွေရဲ့ အကျိုးအတွက် ငါပြောမယ်။
၉ ငါတို့ရဲ့ဘုရား ယေဟောဝါရဲ့ အိမ်တော်ကို ထောက်ထားပြီး+
မင်းရဲ့ကောင်းကျိုးအတွက် ငါ ဆုတောင်းပေးနေမယ်။