- 
	                        
            
            ကမ္ဘာဦး ၄၁:၂၂-၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၂၂ “နောက်တော့ အိပ်မက်ထဲမှာ ကောက်ပင်တစ်ပင်ကနေ အဆန်အောင်တဲ့ ကောက်နှံခုနစ်နှံ ထွက်လာတာကို ငါမြင်တယ်။+ ၂၃ အဲဒီနောက် အဆန်မအောင်တဲ့ ကောက်နှံခုနစ်နှံ ထွက်လာတယ်။ ကောက်နှံတွေဟာ အရှေ့လေကြောင့် ညှိုးနွမ်းပြီး ရှုံ့တွနေတယ်။ ၂၄ အဆန်မအောင်တဲ့ ကောက်နှံခုနစ်နှံက အဆန်အောင်တဲ့ ကောက်နှံခုနစ်နှံကို မျိုပစ်တယ်။ မှော်ဆရာတွေကို+ ဒီအကြောင်းပြောပြပေမဲ့ တစ်ယောက်မှ မရှင်းပြနိုင်ဘူး။”+ 
 
-