-
ကမ္ဘာဦး ၄၁:၄၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၄ ပြီးတော့ ဖာရောက “ငါဟာ ဖာရောမင်းဖြစ်ပေမဲ့ အီဂျစ်တစ်ပြည်လုံးမှာ မင်းရဲ့ခွင့်ပြုချက်မရှိရင် ဘာမှမလုပ် ရဘူး” လို့ ယောသပ်ကို ထပ်ပြောတယ်။+
-
-
ကမ္ဘာဦး ၄၅:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ဒီတော့ ကျွန်တော့်ကို ဒီပြည်လွှတ်လိုက်တာ အစ်ကိုတို့ မဟုတ်ပါဘူး။ စစ်မှန်တဲ့ဘုရားသခင်ပါ။ ကျွန်တော့်ကို ဖာရောမင်းရဲ့ အကြံပေးအရာရှိ၊ နန်းတွင်းသားတွေရဲ့သခင်၊ အီဂျစ်တစ်ပြည်လုံးကို အုပ်ချုပ်သူအဖြစ် ခန့်အပ်ချင်လို့ပါ။+
-
-
ဆာလံ ၁၀၅:၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ နန်းတော်အုပ်အဖြစ်၊
ပိုင်ဆိုင်ရာမှန်သမျှကို စီမံကွပ်ကဲသူအဖြစ် သူ့ကိုခန့်တယ်။+
-
-
တမန်တော် ၇:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ဘိုးဘေးတွေက ညီယောသပ်ကို မနာလိုဖြစ်ပြီး+ အီဂျစ်ပြည်ဆီ ရောင်းစားလိုက်ကြတယ်။+ ဒါပေမဲ့ ဘုရားသခင်ဟာ ယောသပ်နဲ့အတူရှိတဲ့အတွက်၊+ ၁၀ ဒုက္ခဆင်းရဲ အမျိုးမျိုးထဲကနေ သူ့ကို ကယ်တင်ခဲ့တယ်။ အီဂျစ်ဘုရင် ဖာရောမင်းရှေ့မှာ မျက်နှာသာရစေပြီး ဉာဏ်ပညာကိုပေးတဲ့အတွက် ဖာရောမင်းက ယောသပ်ကို အီဂျစ်ပြည်နဲ့ နန်းတော်တစ်ခုလုံး အုပ်ချုပ်ဖို့ ခန့်အပ်ခဲ့တယ်။+
-