၂ အာဗြံကလည်း “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ၊ ကျွန်တော့်မှာ သားသမီးမရှိတော့ ကိုယ်တော်ပေးမယ့်ဆုကို ဘယ်လိုလုပ် ရနိုင်ပါ့မလဲ။ ဒမတ်စကတ်မြို့သား ဧလျာဇာက+ ကျွန်တော့်အမွေခံ ဖြစ်ရတော့မယ်။ ၃ ကိုယ်တော်က ကျွန်တော့်ကို သားသမီးမပေးတော့+ အိမ်သားတစ်ယောက်က အမွေခံဖြစ်နေပြီ” လို့ပြောတယ်။