-
တရားဟောရာ ၂:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ အမ္မုန်လူမျိုးရဲ့ပြည်နား ရောက်တဲ့အခါ သူတို့ကို မနှောင့်ယှက်နဲ့။ မင်းတို့ကို အမ္မုန်ပြည် ငါမပေးဘူး။ အဲဒီပြည်ကို လောတရဲ့ သားမြေးတွေအတွက် ငါအပိုင်ပေးထားတယ်။+
-
-
တရားသူကြီး ၁၁:၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ မကြာခင်မှာ အမ္မုန်လူတွေက အစ္စရေးတွေကို တိုက်ခိုက်တယ်။+
-
-
ဇေဖနိ ၂:၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–
“အသက်ရှင်နေတဲ့ဘုရား ငါ့ကိုယ်ငါ တိုင်တည်ကျိန်ဆိုမယ်။
မောဘဟာ သောဒုံမြို့လို၊ အမ္မုန်လူတွေဟာ ဂေါမောရမြို့လို ဖြစ်သွားမယ်။+
ဖက်ယားပင်ပေါက်တဲ့နေရာ၊ ဆားငန်မြေ၊ ထာဝရလွင်တီးခေါင် ဖြစ်သွားမယ်။+
ငါ့လူတွေထဲက ကျန်ရစ်သူတွေဟာ သူတို့ကို လုယက်မယ်။
ငါ့လူမျိုးထဲက ကျန်ကြွင်းသူတွေဟာ သူတို့ကို သိမ်းပိုက်မယ်။
-