-
တရားဟောရာ ၂၅:၅၊ ၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ “အတူနေထိုင်တဲ့ ညီအစ်ကိုတွေထဲမှာ တစ်ယောက်က သားမရှိဘဲ ကွယ်လွန်သွားတယ်ဆိုရင် သူ့ဇနီးက သူစိမ်းယောက်ျားနဲ့ လက်မထပ်ရဘူး။ ကွယ်လွန်သူရဲ့ အစ်ကို ဒါမှမဟုတ် ညီဖြစ်သူက မရီး-မတ် ယူရမယ့်ထုံးစံ* အတိုင်း+ အဲဒီမုဆိုးမကို လက်ထပ်ယူရမယ်။ ၆ အစ္စရေးအမျိုးမှာ နာမည် မပျောက်ပျက်စေဖို့+ မွေးလာတဲ့သားဦးက ကွယ်လွန်သူရဲ့ နာမည်ကို ဆက်ခံရမယ်။+
-
-
မဿဲ ၂၂:၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ “ဆရာ၊ ‘လူတစ်ယောက်ဟာ သားသမီးမရှိဘဲ ကွယ်လွန်သွားခဲ့ရင် အစ်ကို ဒါမှမဟုတ် ညီဖြစ်သူက ကျန်ရစ်တဲ့ဇနီးကို လက်ထပ်ပြီး ကွယ်လွန်သူရဲ့ မျိုးဆက်မပြတ်အောင် ထိန်းသိမ်းရမယ်’+ လို့ မောရှေပြောခဲ့ပါတယ်။
-