- 
	                        
            
            ထွက်မြောက်ရာ ၂၅:၃၁-၃၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
- 
                            - 
                                        ၃၁ “ဆီမီးတိုင်ကို+ ရွှေစင်နဲ့ ထုလုပ်ရမယ်။ ဆီမီးတိုင်ရဲ့ အလယ်တိုင်၊ ဖြာထွက်တဲ့ အခက်တွေ၊ ပွင့်ဖတ်တွေ၊ အဖူးတွေ၊ အပွင့်တွေကို တစ်စပ်တည်း ထုလုပ်ရမယ်။+ ၃၂ အလယ်တိုင်ကနေ ညာဘက်ကို သုံးခက်၊ ဘယ်ဘက်ကို သုံးခက်၊ စုစုပေါင်း အခက်ခြောက်ခက် ဖြာထွက်နေရမယ်။ ၃၃ ညာဘက်အခက်တွေမှာ ဗာဒံပွင့်ပုံစံရှိတဲ့ အပွင့်တွေ၊ အဖူးတွေ၊ ပွင့်ဖတ်တွေ အစဉ်လိုက် သုံးဆင့်ရှိရမယ်။ ဘယ်ဘက်အခက်တွေမှာလည်း ဗာဒံပွင့်ပုံစံရှိတဲ့ အပွင့်တွေ၊ အဖူးတွေ၊ ပွင့်ဖတ်တွေ အစဉ်လိုက် သုံးဆင့်ရှိရမယ်။ အလယ်တိုင်ကနေ ဖြာထွက်တဲ့ အခက်ခြောက်ခက်စလုံး အဲဒီအတိုင်းဖြစ်ရမယ်။ ၃၄ အလယ်တိုင်မှာလည်း ဗာဒံပွင့်ပုံစံရှိတဲ့ အပွင့်တွေ၊ အဖူးတွေ၊ ပွင့်ဖတ်တွေ အစဉ်လိုက် လေးဆင့်ရှိရမယ်။ ၃၅ အလယ်တိုင်ကနေ ဖြာထွက်တဲ့ အခက်သုံးစုံထဲက တစ်စုံစီရဲ့အောက်မှာ အဖူးတစ်ဖူးစီ ရှိရမယ်။ ၃၆ အဖူးတွေ၊ အခက်တွေပါတဲ့ ဆီမီးတိုင်တစ်ခုလုံးကို တစ်စပ်တည်း ထုလုပ်ရမယ်။+ ၃၇ ဆီမီးတိုင်မှာ မီးခွက်ခုနစ်လုံး ရှိရမယ်။ မီးခွက်တွေကို မီးညှိတဲ့အခါ မီးခွက်အရှေ့ဘက်မှာ လင်းနေမယ်။+ ၃၈ မီးညှပ်တွေ၊ မီးစာခံခွက်တွေဟာ ရွှေစင်ဖြစ်ရမယ်။+ ၃၉ ဆီမီးတိုင်နဲ့ ဆီမီးတိုင်အသုံးအဆောင်တွေကို ရွှေစင်တစ်တဲလင့်နဲ့* လုပ်ရမယ်။ 
 
-