-
ထွက်မြောက်ရာ ၂၇:၉-၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ “တဲတော်ပတ်လည်ကို ဝင်းခတ်ရမယ်။+ တဲတော်တောင်ဘက်ခြမ်းအတွက် အတောင် ၁၀၀ ရှည်တဲ့အကာကို ချည်ချောနဲ့ ရက်လုပ်ရမယ်။+ ၁၀ ကြေးနီတိုင် ၂၀ နဲ့ အောက်ခံခုံ ၂၀ ရှိရမယ်။ တိုင်ရဲ့ချိတ်တွေ၊ တွယ်ချိတ်စရာတွေကို ငွေနဲ့လုပ်ရမယ်။ ၁၁ မြောက်ဘက်ခြမ်းအတွက်လည်း အတောင် ၁၀၀ ရှည်တဲ့အကာကို ရက်လုပ်ရမယ်။ ကြေးနီတိုင် ၂၀ နဲ့ အောက်ခံခုံ ၂၀ ရှိရမယ်။ တိုင်ရဲ့ချိတ်တွေ၊ တွယ်ချိတ်စရာတွေကို ငွေနဲ့လုပ်ရမယ်။ ၁၂ တဲတော်ဝင်းရဲ့ အနောက်ဘက်အကာဟာ အတောင် ၅၀ ရှည်ပြီး တိုင် ၁၀ တိုင်၊ အောက်ခံခုံ ၁၀ ခု ရှိရမယ်။ ၁၃ နေထွက်ရာအရပ် တဲတော်ဝင်းရဲ့ အရှေ့ဘက်အကာလည်း အတောင် ၅၀ ရှည်ရမယ်။ ၁၄ တဲတော်ဝင်းရဲ့ ဝင်ပေါက်မှာရှိတဲ့ ညာဘက်အကာဟာ ၁၅ တောင် ရှည်ပြီး တိုင်သုံးတိုင်နဲ့ အောက်ခံခုံသုံးခု ရှိရမယ်။+ ၁၅ တဲတော်ဝင်းရဲ့ ဝင်ပေါက်မှာရှိတဲ့ ဘယ်ဘက်အကာလည်း ၁၅ တောင်ရှည်ပြီး တိုင်သုံးတိုင်နဲ့ အောက်ခံခုံသုံးခု ရှိရမယ်။
-